စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပင်လယ်သမုဒ္ဒရာထဲတွင်ကျွန်ကျွန်အိပ်ကို မြိုချထားတဲ့ ဝေလငါး

ကျနော်တို့ တစ်တွေရဲ့ ကုန်စုံဆိုင် စတိုးဆိုင် တွေမှာသုံးနေကြတဲ့ ပလပ်စတစ်အိတ် ကျွတ်ကျွတ်အိတ် တွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲ..။ ကျွတ်ကျွတ်အိတ်တွေကို ကျနော်တို့ အသုံးပြုပြီး စွန့်ပစ်လိုက်ကြပေမဲ့ သူတို့ဟာ အဝေးကိုရောက်မသွားပဲ ကျနော်တို့တွေရဲ့ အနီးဆုံးမှာပဲ အန္တရာယ်ပေးဖို့ ရှိနေတယ်ဆိုတာ ကျနော်တို့တွေ သတိထားမိကြဖို့လိုပါတယ်..။ နှစ်စဉ် ကျွတ်ကျွတ်အိတ် one trillion လောက်ထုတ်လုပ်နေတဲ့ ကျနော်တို့ကမ္ဘာကြီးမှာ 1%ေ
လာက်ကသာ recycled အိတ်တွေကိုအသုံးပြုနေကြတာပါ..။ ဒီပလပ်စတစ်အိတ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးတွေအများဆုံးပေးတဲ့ အန္တရာယ်ဖြစ်လာနေပါပြီ..။

ကျွတ်ကျွတ်အိတ်တွေဟာ သမုဒ္ဒရာရေထဲမှာ နှစ်ပေါင်း 600 လောက်မပျက်ဆီးပဲ ရှိနေနိုင်ပါတယ်..။ ရေနေသတ္တ၀ါ မျိုးစိတ်အများစုဟာ သူတို့ရဲ့အစာအဖြစ် မှားပြီးမြင်နေတတ်ပါတယ်..။ အဲ့ဒီပင်လယ် သတ္တ၀ါတွေထဲက အနည်းဆုံး 260 မျိုးစိတ် ဟာ ပလပ်စတစ်ကို သူတို့ရဲ့စားစရာအဖြစ်သိမြင်နေတာပါ..။ သဘာဝအလျောက်သေဆုံးသွားတဲ့ လင်းပိုင်များ(dolphins) နဲ့ ဝေလငါးများ(whales) ထဲက အနည်းဆုံး 50% ရဲ့အစာအိမ်ထဲမှာ ကျွတ်ကျွတ်အိတ် အလုံး 100 လောက် မျိုချထားတာတွေကို သိပ္ဂံပညာရှင်တွေ က တွေ့ရှိခဲ့ပါတယ်..။ ကျနော်တို့ တစ်တွေဟာ ကျနော်တို့ရဲ့ သမုဒ္ဒရာ နဲ့ ရေနေ သတ္တ၀ါတွေအတွက် ကျနော်တို့ ဘာတွေများလုပ်ပေးရပါ့မလဲ...? ဒါအပြင် ကျနော်တို့ ဟာ ပလပ်စတစ်အိတ် တွေလျှော့ချဖို့ အသုံးမပြုဖို့ ပြောတာပြောနေကြပေမဲ့.. အဲ့ဒါရဲ့ ခြားနားတဲ့ တစ်ဖက်ကိုပဲ ကျနော်တို့တစ်တွေသွားနေကြတယ်ဆိုတာ ရော ကျနော်တို့ဝန်ခံကြပါရဲ့လား...? ကျနော်တို့ ရဲ့ပတ်ဝန်းကျင် နဲ့ ကျနော်တို့ရဲ့ ကမ္ဘာကြီးအတွက် ကျနော်တို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ မထင်မြင်ကြဘူးလား...? ဒီတော့ ဒီနေ့ကစပြီး ကျနော်တို့တစ်တွေဟာ B.Y.O.B. (Bringing Your Own Bag) ကျနော်တို့ရဲ့ ကိုယ်ပိုင်အိတ်.. ခြင်း.. စတာတွေကို အသုံးပြုကြပါစို့လား..။ ဒီနည်းနဲ့ ကျနော်တို့ချစ်တဲ့ ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ကျနော်တို့ရဲ့ အိမ်..ရပ်ကွက်..မြို့..ပြည်နယ်..နိုင်ငံကနေစပြီး..အလှဆင်ကြရအောင်လား...။

မူရင်း post ပိုင်ရှင်ရဲ့အရေးအသားကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ..။ သူကတော့ ဒီလင့်ကို ref: ပေးထားပါတယ်..:> http://oceanwildthings.com/2012/06/sperm-whale-death-by-100-plastic-bags/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...