စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ကိုယ်ရေသုံး ရေသန့်ပိုက်



တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw) ကို အများစု သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် Vestergaard Frandsen  အထည်အလိပ် ကုမ္မဏီမှ တီထွင်ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ။် ၂၀၀၅ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်း က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး တီထွင်မှု ဆုကို ရရှိသွားတဲ့ ပစ္စည်း ဖြစ် ပါတယ်။

၂၀၁၀ခုနှစ် ဟေတီမြေငလျင် ဒုက္ခသည်စခန်း၊ ၂၀၁၀ ပါကစ္စတန်ရေဘေး၊ ၂၀၁၁ ထိုင်းရေဘေး ဒုက္ခသည်တွေဆီကို အများအပြားလှူဒါန်းခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အလှူရှင်ကတော့ Frandsen  တို့တင်မဟုတ်တော့ပဲ အင်္ဂလန်က ကုမ္မဏီကြီး တစ်ခုပါ ထောင်သောင်းမက အရေအတွက်ကို လှူဒါန်းပါတယ်။

ရေဘယ်လောက်ပဲနှောက်နှောက်၊ ဘယ်လောက်ပဲ ဆိုးဆိုး ပါးစပ်နဲ့ တိုက်ရိုက် ဆုပ်သောက်နိုင်မှာ ဖြစ်ပါတယ်။  ၃၁၀ မီလီမီတာရှည်ပြီး အချင်း ၃၀ မီလီမီတာ အတိုင်းအတာရှိတဲ့ ပိုက်လေး ဖြစ်ပါတယ်။ ဖိုက်ဘာ နဲ့ လုပ်ထားပြီး အနယ်၊အညစ်အကြေး စစ်ပေးတဲ့ အလွှာပေါင်းများစွာ ပါဝင်ပါတယ်။ ဘာ ဓာတုဗေဒ ပစ္စည်းမှ မပါဝင်ပါဘူး။ filtering စနစ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ထားတာ ဖြစ်ပါတယ်။

ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယားများအား ၉၉.၉၉ ရာခိုင်နှုန်းအထိ သန့်စင် ဖယ်ထုတ်နိုင်တဲ့အတွက် အံ့မခန်းစွမ်းရည် ရှိတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးတဲ့ ဒေသတွေမှာ အသုံးပြုဖို့ သင့်တော်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချခြင်းအတွက် လှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှာဝယ်လို့မရပါဘူး။ အစိုးရမဟုတ်သော ဒုက္ခသည် ကယ်ဆယ်စောင့်ရှောင့်ရေး အဖွဲ့အစည်းတွေကို ပေးအပ်ပါတယ်။ သူတို့မှ တစ်ဆင့် ရေရှားပါးတဲ့ ဒေသ၊ ရေမရတဲ့ ဒေသ၊ ဒုက္ခသည်များကို လှူဒါန်းပါတယ်။ စီးပွားဖြစ် ထုတ်လုပ်မယ်ဆိုရင် ဈေးအင်မတန်ကြီးတဲ့ အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။ အနည်းငယ်ရောင်းချမှုတော့ ရှိနေတယ်လို့ သိရပါတယ်။

Lifestraw နဲ့ Lifestraw family လို့ခွဲထုတ်ထားပြီး Lifestraw က လီတာ ၁ထောင်စာရေကို စစ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်အသုံးပြုဖို့ လုံလောက်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ။် Lifestraw family ကျတော့ လီတာ ၁၈၀၀၀ အထိ ရေစစ်ထုတ်နိုင်ပြီး မိသားစု တစ်ခု တစ်နှစ်အသုံးပြု စာ ဖြစ်ပါ တယ်။

ကမ္ဘာတစ်လွှားက ဆင်းရဲတဲ့ ဒုက္ခသည်များကို ကူညီကယ်ဆယ်ဖို့အတွက် ဖန်တီးထားတဲ့ Lifestraw ဟာ ယနေ့တိုင် အကောင်းဆုံး ကယ်ဆယ်ရေး နည်းပညာ ပစ္စည်းတစ်ခုအဖြစ် စံချိန်တင်ထားနိုင်တယ်လို့ သိရပါတယ်။

မဖတ်ရသေးတဲ့သူငယ်ချင်းတွေအတွက်ပါ
Techspace မှ ကူးယူတင်ပြပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...