စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုပ်ရှင်ကြည့်ရှုနေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံး



ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


သတိလစ်ပြီး သေဆုံးသွားသည့် ပရိသတ်တစ်ဦးကို ရုပ်ရှင်ပြီးဆုံးချိန်တွင် သန့်ရှင်းရေးပြုလုပ်ချိန်၌ ထိုင်ခုံအောက်
၌ သတိလစ်နေသည်ကို တွေ့ရှိရ၍ ဆေးရုံသို့ကုသရန် သွားရောက်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။


သေဆုံးသွားသူမှာ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး
(ဒီ) ရုံရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ထိုင်ခုံအမှတ် H.. တွင် မွန်းလွဲ ၃နာရီခွဲအချိန်ပွဲကို လာရောက်ကြည့်ရှုခဲ့သူ
ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။


အလောင်းကို ရန်ကုန်ဆေးရုံမှ ပီအာရ်-၀၇၁ဖြင့်လက်ခံထားပြီး လသာရဲစခန်း သေမှုသေခင်းအမှတ် စဉ် ၉/၂၀၁၂ဖြင့်
အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

eleven media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...