စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာတို့၏ရှားပါလက်မှု့ကြိမ်ထည်ပညာရပ်

မြန်မာတို့၏ရှားပါးလက်မှု့ပညာရပ်ထဲက ကြိမ်ခြင်းများပြုလုပ်ခြင်းပညာရပ်ကိုတက်ပြပေးမှာဖြစ်ပါတယ်။
မြန်မာသစ်တော့ကြိုးဝိုင်းများမှသဘာဝအလျှောက်ပေါက်ရောက်နေသောကြိမ်ပင်များကိုသက်ဆိုင်ရာသစ်တော့အစိုးရ
ထံကနေခုတ်ခွင့်လိုင်စင်အရင်တင်ရပါတယ်။လိုင်စင်ရပြီးနောက်ကြိမ်ခုတ်သားများဖြင့်အဆုံးမသတ်ရှည်လျှားသောကြိမ်
ပင်များကို၁၂တောင်ခန့်ပိုင်းပြီးကြိမ်တစီးကိုအလုံးရေ၂၀၀ထည့်သွင်းစည်းရပါတယ်။ထိုမှတဆင့်မန္တလေးစက်မှု့ဇုန်အတွင်း
တည်ထောင်ထားသောကြိမ်ကြမ်းမှသည်အနုစိတ်ကြိမ်ချောထည်အဖြစ်ထုပ်လုပ်နိုင်ရန်အတွက်စက်ရုံကိုသယ်ဆောင်ရပါ
တယ်။

ထိုစက်ရုံမှကြိမ်၇ိုင်းလုံးများကို5mm5.5mm6mm6.5mm7mm7.5mm8mm8.5mm9mm9.5mm10mmအစရှိ
သည့်ကြိမ်စက်ဓားခေါင်းထဲသို့အဆစ်သတ်ထားသောကြိမ်လုံးကိုထည့်သွင်းလိုက်သောအခါ အကြောခေါ်သောကြိမ်အပေါ်ယံအကြောလွှာလေးများက2mmကြိမ်ပင်အဖြစ်တလုံးလျှင်ဖြမ်းဖြ၁၀ပင်အထိထွက်လာပါတယ်။
အကြောမှတဖြစ်လည်း
ကြိမ်ပင်ကို၂ပိသာလျှင်တခွေစနစ်ဖြင့်တအိပ်လျှင်၅ခွေထည့်သွင်းပြီးအချိန်၁၀ဆယ်တအိပ်လျှင်၇၀၀၀၀(ခုနှစ်သောင်း)
ဈေးနှုန်းဖြင့်ရန်ကုန်သို့တင်ပို့ရောင်းချပါတယ်။ဒိနောက်ကြိမ်ရိုင်းမှအကြောကိုထုပ်ယူပြီးအူပဲကျန်ရှိသောကြိမ်လုံးကိုလည်း
မီလီမီတာအလိုက်ရန်ကုန်သို့တစည်းလျှင်အလုံးရေ၂၀၀စည်းပြီးသူအရွှယ်အစားလိုက်ရောင်းချပါတယ်။ဥပမာ7mmကြိမ်
အူတလုံးကိုတလုံးလျှင်၁၅၀ကျပ်ထိဈေးရှိပြီးအလုံး၂၀၀တစည်းလျှင်၃၀၀၀၀(သုံးသောင်း)ခန့်ရရှီိပါတယ်။မီလီမီတာင်္ကြီး
လေဈေးပိုရလေဖြစ်ပါတယ်။ထို့နောက်ကြိမ်ကြမ်းမှတဆင့်ထုပ်ယူရရှိသောအနုစိတ်ကြိမ်ခြင်းပြုလုပ်ရန်အတွက်ကြိမ်ပင်
နန်းလုံးထုပ်ရာမှအမှိုက်များကိုလည်းပေါင်းစက်များဖြင့်ပေါင်းကာပေါင်းသားအဖြစ်ပြည်တွင်းပြည်ပပါတင်ပို့ရောင်းချ
လျှက်ရှိပါသည်။

အမှိုက်ကအစ ရွှေဖြစ်နိုင်သောလုပ်ငန်းလည်းဖြစ်ပါတယ်။ထုပ်လုပ်ပြီးသောကြိမ်ပင်ခေါ်(ကြိမ်အကြော)
နန်းလုံးခေါ်(အူလုံး)တို့ကိုရန်ကုန်ကတဆင့်ကြိမ်ချောထည်များထုပ်လုပ်ရာဧရာဝတီတိုင်းရေကြည်မြို့မှာထပ်ဆင့်ကုမဏီ
လက်ခွဲံများတည်ထောင်ကာကြိမ်လုပ်ငန်းရှင်များကိုရောင်းချပေးပါးတယ်။၎င်းကြိမ်လုပ်ငန်းရှင်များကလည်းရန်ကုန်မြို့
ပေါ်ရှိကြိမ်အချောထည်ဝယ်ယူသောကုမဏီများမှအော်ဒါယူရတာဖြစ်ပါတယ်။အော်ဒါရလျှင်နယ်မှာအလုပ်ရုံတည်ထောင်ရ
ပါတယ်။အလုပ်ရုံတရုံလျှင်ကြိမ်ထိုးသူမိန်းခလေးဦးရေ၁၅ယောက်ထားရှိပြီးကြိမ်ပင်ကိုပြန်လည်အချောသတ်သူကတဦး
အနုစိတ်ကြိမ်ထည်များကိုပုံဖေါ်ပေးသူကတဥင်္ီးလိုအပ်ပါတယ်။အကုန်လုံး၁၇ဦးရှိမှ တ၀ိုင်းစာပြည့်တယ်လို့ခေါ်ပါတယ်။
ထိုသို့ကုန်သည်အလုပ်ရှင်တဦးလျှင်အလုပ်ရုံ၅ရုံမှ၁၀ရုံအထိရှိပါတယ်။တလလျှင်ကုန်သည်အလုပ်ရှင်တဦးမှအနုစိတ်
ကြိမ်ထည်စုစုပေါင်းတန်ဘိုးသိန်း၆၀မှသိန်း၂၀၀ထိထုပ်လုပ်နိုင်ပါတယ်။

ထုပ်လုပ်ရရှိပြီးသောကြိမ်အနုစိတ်ခြင်းများကိုရန်ကုန်သက်ဆိုင်ရာကုမဏီသို့တင်ပို့ပေးရပါတယ်။.
တင်ပို့ရာမှာမလွယ်ကူလှပါဘူး။ထိုကုမဏီတွက် QCခေါ်သော
ကြိမ်ခြင်းစင်တီမီတာအလျှားအနံအမြင့်အချင်းပြည့်မပြည့် သံထွက်မထွက် ကြိမ်ခြင်းအရည်အသွေးAအတန်းဝင်မ၀င်
စစ်ဆေးလက်ခံယူပါတယ်။Aအတန်းမ၀င်သောကြိမ်ခြင်းများကိုလက်ခံမယူပဲပြန်ပေးပါတယ်။
ထို့ကြောင့်ကုန်သည်ခေါ်
နယ်မှကြိမ်လုပ်ငန်းရှင်များသည် အနုစိတ်ကြိမ်ထည်ထုပ်လုပ်ရာတွင် အရမ်းစနစ်ကြထုပ်လုပ်နိုင်ရပါတယ်။.ဘာကြောင့်
ဆိုသောကြိမ်အနုစိတ်အချောထည်အများဆုံးသည် နိုင်ငံခြားသို့တင်ပို့ရောင်းချသောနိုင်ငံခြားဈေးကွက်ဝင်ပစ္စည်းများ
ဖြစ်သောကြောင့်ပါ။လက်မှု့ပညာရပ်တခုဖြင့် နိုင်ငံခြားဝင်ငွေ၇ရှိသောလုပ်ငန်းတခုလည်းဖြစ်ပါတယ်။ထို့သို့QCများက
လက်ခံပြီးသောအချောထည်များကို အမွှေးမှင်များမထွက်စေရန် ကုမဏီလုပ်သားများကမီးမှု့ပ်ခြင်း လုပ်ရပါတယ်။

မီးမှု့ပ်ပြီးသောအခါ ဆေးမှု့ပ်ရပါတယ် ပလက်ဘာနစ် ဓာတ်ဆီ တင်နာတို့ကိုအချိုးကြပေါင်းစပ်ပြီးဆေးမှု့ပ်ရပါတယ်
ပြီးတော့အပူခန်းမှာဆေးခြောက်စေရန်အပူပေးပြီးသောအခ့ါ ပါကင်ထုပ်ပိုးရပါတယ်။ပါကင်ထုပ်ပိုးင်္ပြီးသောအချောထည်
များသည် ကွန်တိန်နာတွင်းသို့ထည့်သွင်းပြီးနိုင့်ငံခြားသို့ပို့ရန် ဆိပ်ကမ်းသို့ချပေးရပါတယ်။သဘောင်္ပေါ်အထိတင်င်္ပြီး
သောအခ့ါ မြန်မာပြည်မှကုမဏီပိုင်ရှင်များရောင်းချတင်ပို့ခြင်းအဆင့်ပြီးဆုံးသွားပါပြီ။
ကြိမ်အချောထည်များသည် မြန်မာပြည်သူများအနေဖြင့် ၀ယ်ယူမသုံးနိုင်လောက်အောင်ပစ္စည်းဈေးတန်ဘိုးင်္ကြီးမား
လှပါတယ်။ဥပမာအနေဖြင့်သိရှိနိုင်ရန် ပုံနှင့်တကွတင်ဆက်လိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...