စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့်နည်း

အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့် ကျီးကန်းလမ်းလျှောက် သည့် ပုံစံ ယောဂ ကျင့်စဉ်ကို ဖော်ပြလိုက်ပါသည်. .
လေ့ကျင့်နည်း

၁။ ဒူးခေါင်းကွေး၍ ဆောင့်ကြောင့်ထိုင်ပါ ။ ခြေနှစ်ဖက်ကို ပူးကပ်ထားပါ. . လက်နှစ်ဖက်က ဒူးခေါင်း ၂ ဖက်ကို ပိုက်ထားပါ (ပုံ-၁)

၂။ အသက်ရှုသွင်းပြီး ညာခြေကို ရှေ့သို့ တစ်လှမ်းလှမ်းပါ။ ဘယ်ဘက်ဒူးခေါင်းက အောက်သို့ နှိမ့်ထားရမည်။ အသက်ရှုထုတ်လိုက်ပါ။ (ပုံ-၂)


၃။ တစ်ဖန် အသက်ရှုသွင်းပြီး ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အောက်သို့ နှိမ့်ထားပါ။ အသက်ရှုထုတ်လိုက်ပါ (ပုံ-၃)

၎။ အသက်ရှုသွင်းပြိး နောက်ဘက်တွင် ကျန်နေသော ညာခြေထောက်ကို ရှေ့ဘက်သို့ ပြန်ယူပြီး စုလိုက်ပါ။ အသက်ရှုထုတ်လိုက်ပါ။

၅။ အဆင့်(၁)မှ အဆင့် (၄) အထိ ကို ၁ ကြိမ်ဟု သတ်မှတ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပါ။

မှတ်ချက်
ရှေ့သို့ ခြေလှမ်းလှမ်းချိန်တွင် မလောပါနှင့်။ တဖြည်းဖြည်းချင်း ပြုလုပ်ပါ။
ခြေလှမ်းကို မကျဲစေပါနှင့်။ ခြေလှမ်းစိတ်ရမည်။တင်ပါးကို နှိမ့်ထားပါ

ဤလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက. . .
အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါသည်
အရိုးအဆစ်ထုံးကပ်ခြင်းကို ကာကွယ်ပေးသည်
ခြေချောင်း၊ ခြေဖျား၊ ခြေဖနောင့် ခြေချင်းဝတ်နှင့် ဒူးခေါင်းကို သန်မာစေပါသည်

by: နန်းဆုကေဆွမ် ယောဂသင်တန်း
Posted on Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...