စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တိုင်းပြည်အနာဂတ်လှပစေဖို့ မြန်မာအချင်းချင်းအားပေးစို

 
          မြန်မာတိုင်းရင်းသားအားလုံး အမျိုးသားရေးစိတ်ဓါတ်များ ပြန်လည်နိုးကြားကြရန် အချိန်တန်ပြီဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသားရေးစိတ်ဓါတ်များ ပြန်လည်နိုးကြားစေရန်သာမက၊ အမျိုး ဘာသာ သာသနာ အတွက် အွန်လိုင်းမှသာမကဘဲ လက်တွေ့စောင့်ရှောက်မြှင့်တင်ပေးမည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မျိုးချစ်မြန်မာလူငယ်များ အစည်းအရုံးနှင့် မိတ်ဆက်လိုက်ရပါသည်။ ။
 
         မြန်မာနိုင်ငံသား မြန်မာတိုင်းရင်းသားများ၏စီးပွားရေးကိုမြှင့်တင်ပေးရန်
၊မိမိတို့မြန်မာတိုင်းရင်းသားများပိုင်ဆိုင်သည့် စီးပွားရေးကို အားပေးကြရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ကျွန်ုပ်တို့ မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးမှတိုင်းရင်းသားပိုင်
စီးပွားရေးလုပ်ငန်းများကိုကွဲပြားသိသာစေ ရန် ရည်ရွယ်ချက်ဖြင့် အောက်ပါ စတေကာများ၊ ပန်ဖလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်လံဖြန့်ချိမည်ဖြစ်ပါသည်။အွန်လိုင်းရှိ မျိုးချစ်ပုဂ္ဂိုလ်များမှလည်း ၀ိုင်းဝန်းကြေငြာနှိုးဆော်ပေး ကြပါရန် နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနှင့်လည်း .. စတစ်ကာကပ်ထားသည့် တိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းအချင်းချင်းသာ အားပေးကြရန်အမျိုးသားရေးစိတ်ဓာတ်ဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


ပန်ဖလက်တွင်ပါမည့်စာ
*****************
တိုင်းပြည်အနာဂတ်လှပစေဖို့ မြန်မာအချင်းချင်းအားပေးစို့
Save Our Country ................ Save Our Future

မြန်မာတိုင်းရင်းသားများအားလုံး မိမိတိုင်းရင်းသားများ၏စီးပွါးရေးလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊မိမိတိုင်းရင်းသားပိုင်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုအားပေးကြ
ရန်နှင့်မိမိတိုင်းရင်းသားပိုင်စီးပွါးရေးလုပ်ငန်းများနှင့်သာ ရောင်းဝယ်ဖေါက်ကားဆက်ဆံကြခြင်းတို့
ကို ပြုလုပ်ခြင်းဖြင့် မိမိတို့၏တိုင်းပြည်နှင့်မိမိတို့တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွါး၊အနာ
ဂတ်တို့ကို ကာကွယ်ထိန်းသိမ်းကြပါရန် နှိုးဆော်အပ်ပါသည်။

(အောက်ပါစတစ်ကာများကို ကပ်ထားကြခြင်းဖြင့် မိမိတိုင်းရင်းသားပိုင်စီးပွါးရေးဖြစ်ကြောင်းနှင့်
ရောင်းဝယ်ဖေါက်ကားအားပေးကြသူများကလဲ မိမိတိုင်းရင်းသားပိုင်ပစ္စည်းကိုအားပေးကြစေရန်
ရည်ရွယ်သတ်မှတ်ထားခြင်းဖြစ်ပါသည်။)
 
အမျိုး၊ ဘာသာ၊ သာသနာ ကိုယ်သာစောင့်ရှောက်ရာ (ကျိုက်ထိုဆရာတော်)

                                                                           လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2012/10/blog-post_2421.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...