စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနီရောင်ဖုံးသော ကမ်းခြေ( အနီရောင် ကမ်းခြေ)

အနီရောင်ဖုံးသော ကမ်းခြေ( အနီရောင် ကမ်းခြေ)

ကမ်းခြေတစ်ခုလုံး အနီရောင်သန်းနေတယ်ဆိုလို့ အနီရောင်ဆေး များ လောင်းထားခြင်း မဟုတ်ပဲ
သဘာဝအတိုင်း အနီရောင် သန်းနေ တာ ဖြစ်ပါတယ်။

ပင်လယ်ကမ်းခြေမဟုတ်ပဲ မြစ်ကမ်းခြေတစ်ခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Liaoning ပြည်နယ်၊ Panjin မြို့ ရှိ Liaohe မြစ်ကမ်းဘေး တစ်နေရာမှာ ဖြစ်ပါတယ်။

ယင်းကမ်းခြေမှာ ကြွယ်ဝနေတဲ့ saline-alkali မြေသြဇာ ဓာတ်ကြောင့် ဖြစ်ပါတယ်။
ယင်းမြေသြဇာကြောင့် ကမ်းခြေမှာ ပေါက်သမျှ ဒိုက်၊ကြာ၊ ပေါင်းပင်၊ မှော်ပင်အားလုံး အနီရောင် သန်းနေရခြင်း ဖြစ်ပါတယ်။

၁၂ ရာသီတော့ မဟုတ်ပဲ ဧပြီလနဲ့ မေလ လို နွေဦးမှာ သာမန် အစိမ်းရောင်ပဲ ဖြစ်ပါတယ်။
ကျန်တဲ့ ဆောင်းရာသီနဲ့ မိုးရာသီ မှာတော့ အနီရောင်သန်းပါတယ်။

ယင်းကမ်းခြေမှာ အနီရောင် သန်းနေတဲ့ ရေပြင်ကို ကြည့်ရှုဖို့အတွက် နေ ရာပေးထားပါတယ်။
နေရာတိုင်းတော့ သွားလာခွင့် မပေးပါဘူး။သဘာဝ ပျက်စီးသွားမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။

အနီရောင် သန်းနေတဲ့ ကမ်းခြေ ကို နှစ်စဉ် လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသည်များ အများအပြား ရှိတယ်လို့
သိရပါတယ်။
---
Ref:masefacts
http://innewsmyanmar.blogspot.com/2012/10/blog-post_6142.html

1 comment:

  1. စိတ်ကူးပျော်ရာက ပို.တွေအကုန်ကြိုက်တယ်ဗျာ ဒီလိုလေးတွေမျှဝေတဲ.ဆိုဒ်တစ်ခုလောက်လိုချင်မိတယ်ဗျာ ပြန်မျှဝေရအောင်ပေါ. ကျနော်ထူးထူးဆန်းဆန်းလေးတွေကိုကိုယ်တိုင်လဲ
    ဖတ်ပြီး ပြန်လဲမျှဝေပေးပါတယ်ဗျာ အမြဲအားပေးနေမယ်ဗျာ...
    ထာဝစဉ်အောင်မြင်ပါစေဗျာ.......

    ReplyDelete

Related Posts Plugin for WordPress, Blogger...