စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည်ဖွား အမေရိကန်မင်းသား ((အက်ဒရီယန်ဇော်)(Adrian Zaw))

အခုတလော facebook မှာ နဲနဲနာမည်ကြီးနေတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံ မင်းသား သရုပ်ဆောင် အက်ဒရီယန်ဇော်
အကြောင်းလေးပေါ့ဗျာ
အကြောင်းအစုံ အပြည့်အစုံတော့ မသိပါဘူး
ပြောချင်တာကတော့ ကမ္ဘာကို မြန်မာတွေပြန်လာပြီဆိုတဲ့အကြောင်းပါ
ဂျပန်မှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာက မြန်မာတွေ အလှကို ပြလိုက်သလို
အခု မြန်မာပြည်ဖွား အမေရိကန်နိုင်ငံ မင်းသား သရုပ်ဆောင် အက်ဒရီယန်ဇော် ကလဲ မြန်မာဆိုတာ ဘာလဲဆိုတာ ပြလိုက်ပါတယ်
အခုတလော ဟောလီးဝုဒ်မှာမင်းသာနေရာက ၀င်ရောက် သရုပ်ဆောင်နေပြီဖြစ်
တယ်လို့လဲသိရပါတယ်
ရုပ်ရှင်းသေးကားပေါင်းများစွာလဲ ရိုက်ခဲ့ပြီးပါပြီ
အောက်က လင့်မှာ သူ့ရိုက်ခဲ့တဲ့ ဗီဒီိယိုတွေကိုလေ့လာနိုင်ပါတယ်
နောက်ထပ်ထူးခြားချက်တစ်ခုက နာမည်မှာ မြန်မာနာမည် ဇော်နဲ့ အဆုံးသတ်ထားတာကိုတွေ့ရပါတယ် ဒါဟာတိုင်းတပါးမှာနေတာ
ဖြစ်ပေမဲ့ မြန်မာကို မမေ့ဘူးဆိုတာကို သတ်သေပြနေတာပါ
ဒါကတော့ facebook လင့်ပါ http://www.facebook.com/adrianzaw
ရိုက်ကူးထားသော ဗီဒီယိုများ
The Resistance (2010) -- Syrus Primoris
Lovebot (2009) -- Adrian Lee
Hollywood Confidential (2008) -- Tiger
Retribution (2007) – Gorgan
Satacracy 88 (2007) – Ariel Zim
The Kiss (2007) – Jerry
Fright Club (2006) – Detective Frank N. Shan
Anesthesia (2006) – Nurse
American Dreamz (2006) – Video Audition

မင်းသားဇော် ဓါတ်ပုံများ
မြန်မာဝတ်စုံနဲ့ပါ
ကဲဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ
မြန်မာအစိုးရကသာ ပြုပြင်ပြောင်းလဲရေးတွေ တစိုက်မက်မက် လုပ်မယ်ဆိုရင် ကမ္ဘာအလယ်မှာ မြန်မာတွေ နေရာပြန်ယူဖို့ အသင့်ပါပဲ
မင်းသားဇော်အကြောင်း ပြည့်ပြည့်စုံစုံကို လဲ စောင့်မျှော်ပါ ခင်ဗျာ ကျွန်တော် လိုက်စုံစမ်းပါအုံးမယ်
ဘိုဘိုလေး (ကိုတေကာ)( အပျော်တမ်းဘလော့ဂါ)

1 comment:

Related Posts Plugin for WordPress, Blogger...