စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဲ (၁ရ) သန်းဖြင့် ဆန်ကာတင်သူ( နန်းခင်ဇေယျာ နှင့် အမေးအဖြေ

နန်းခင်ဇေယျာ = ပထမ စရောက်စ ... စစချင်း ဆိုရင် မြန်မာဆိုတာဘယ်မှာမှန်းတောင် ရှိမှန်းမသိဘူး၊
အခုက မြန်မာနိုင်ငံက လူတွေ က အင်တာနက်မှာ Vote လုပ်ပေးတဲ့သူတွေကများတော့ သူများတွေက မြန်မာနိုင်ငံ
ဆိုတာကို စိတ်ဝင်စားလာတယ်။ မြန်မာအ၀တ် အစား   က အစ စိတ်ဝင်စားလာတယ်။အဲဒါတွေကတော့ နော် ...
ကိုယ့်ရဲ့ မြန်မာအတွက်က ဂုဏ်ယူစရာပေါ့။

မေး = အင်တာနက်ကနေ Vote ပေးတဲ့ မဲပေးတဲ့သူအရည်အတွက်က ဘယ်လိုအခြေအနေရှိလဲခင်ဗျာ့ -

နန်းခင်ဇေယျာ = မဲပေးတဲ့သူအရည်အတွက်ကတော့ ဟိုဟွာ (၁၇)သန်းလောက်ရောက်သွားပြီးတော့ အခုကညီမက
အများဆုံး Listထဲဝင်သွားပြီး မြန်မာနိုင်ငံဘက်က လူတွေကပေါ့နော် ... ဒီကွန်ပြူတာပိုင်းမှာအရမ်းကျွမ်းကျင်တဲ့
အတွက်ကြောင့်မို့ လို့  ညီမကို ဘယ်လိုVote လုပ်ရမယ်ဆိုတာ အဲဒါ သူတို့  Share ပြီးတော့သူတို့ ဆက်ပြီးတာ့ Vote
လုပ်ပေးတယ်ပေါ့။

(မှတ်ချက်။ ယ္ခုနောက်ဆုံး Miss Internet Award Vote ၏ Internetကိန်းဂဏန်းများအရ နန်းခင်ဇေယျာက
Vote ပေါင်း သန်း (၂၀) ဖြင့်ပထမ ထိပ်ဆုံးရောက်နေပြီး၊ မကာအိုက (၁၆.၂) သန်းဖြင့် ဒုတိယ -မကာအို ၏
လူဦးရေမှာ စုစုပေါင်း ငါးသိန်းခွဲသာရှိပါသည်။အန္ဒိယက (၉) သန်းဖြင့် တတိယနေရာတွင် ဆက်လက် ယှဉ်ပြိုင်
လျှက်ရှိပါသည်)။

မေး = အခုပထမဆုံး မြန်မာနိုင်ငံက ကိုယ်စားပြုပြီးတော့ဝင်ပြိုင်ရတဲ့အပေါ်မှာရောဘယ်လိုခံစားမူတွေဖြစ်လဲခင်ဗျာ့

နန်းခင်ဇေယျာ = ဟုတ်... ဒီလိုမျိုးလာပြိုင်ရတယ်ဆိုတာလည်းကိုယ်က ပထမဦးဆုံးပါ။ပြီးတော့ညီမကိုဖိတ်တာလည်း
ရက်ကသိပ်မရှိဘူး။ ညီမမှာ ပြင်ဆင်ချိန်တွေ ဘာမှမရှိခဲ့ဘူးပေါ့။ပြင်ဆင်ချိန်ဘာမှမရှိပဲ ကိုယ်ရအောင်ကြိုးစားခဲ့တယ်...
စိတ်ရောလူရောပဲပေါ့နော်။


မေး = ရှမ်း-ပအိုဝ့် တိုင်းရင်းသူတယောက်အနေနဲ့  မယ်အလှပြိုင်ပွဲမျိုးဝင်ရတယ် -ပြီးတော့တခါ ရေကူးဝတ်စုံတွေ
ဘာတွေ ၀တ်ရတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။မြန်မာ့ယဉ်ကျေးမူနဲ့ ကြည့်မယ်ဒါမှမဟုတ် ကိုယ့်ရဲ့အနေနဲ့ ပေါ့ -

နန်းခင်ဇေယျာ = ဟုတ် ... ဒီ... ဂျပန်ကနေ ညီမကိုပြိုင်ပွဲဝင်ဖို့ လျှောက်လွှာခေါ်တဲ့အချိန်မှာ ညီမကSwim Suite နဲ
့ပြိုင်ရမယ်ဆိုတာ သူတို့ ပြောတယ်ပေါ့။ အဲဒီတော့ ညီမက မြန်မာနိုင်ငံကလူတွေခွင့်ပြုမလား မပြုလား ဆိုတာ ညီမ
အရင်မေး တယ်ပေါ့။အဲသည်တော့သူတို့ က ခွင့်ပြုတယ်တဲ့။ အိုကေ ဆိုတော့မှ ညီမသွားတာပါ။ ပြီးတော့ ဘယ်လို
ပြောမလဲ ညီမက Swim Suite၀တ်တဲ့အပေါ်မှာလည်းပဲဘယ်လိုပြောမလဲ ကိုယ့်ကိုယ်ကိုConfidence သိပ်မရှိပါဘူး။
ဘာပြုလို့ လဲဆိုတော့ ကိုယ့်ကိုမြန်မာနိုင်ငံကပြောကြမယ်ဆိုတာလည်း ညီမသိပါတယ်။ဒါပေမဲ့လည်း ပွဲမှာ ကိုယ်ပြိုင်
ရမယ်ဆိုတာ စိတ်ထဲမှာထားပြီးတော့ ညီမပြိုင်နေတယ်ပေါ့။

မေး = ရိုးရာ ၀တ်စုံတွေရော ၀တ်ဖြစ်လားခင်ဗျာ့ -


နန်းခင်ဇေယျာ = ရိုးရာဝတ်စုံတွေလည်း ၀တ်ဖြစ်တယ်ပေါ့။ညီမ ....  ... ရှမ်းအကနဲ့ လည်း ဖျော်ဖြေခဲ့ပြီးပါပြီ။


မေး = အဲသည်တော့ ပြိုင်ပွဲက ဘယ်နေ့ မှာ အပြီးသတ်ကြေညာမလဲ - အလားအလာဘယ်လိုရှိမလဲခင်ဗျာ့ -


နန်းခင်ဇေယျာ = ပြိုင်ပွဲကတော့ (၂၁) ရက်နေ့ ပြိုင်ရမယ်ပေါ့။(၂၁) ရက်နေ့ ပြီးသွားတဲ့အချိန်မှာ ညီမတို့ ထဲက
ဆန်ကာတင်(၅) ယောက်ရွေးမယ်။ ပြီးကျရင်အဲ့သည် Special Prize တွေပေါ့နော်။ ဥပမာ - Miss Friendship တို့ 
Miss Internet တို့ ရမယ်ပေါ့နော်။ အဲသည်လိုရမယ်ဆိုရင် ညီမတို့ က (၂၇) ရက်နေ့ အထိနေရမှာပါ။အကယ်၍
မရဘူးဆိုရင် (၂၂) ရက်နေ့ ကျရင် ကိုယ့်နေတဲ့ နေရာကိုပြန်ရမှာပါ။

မေး = အဲသည်တော့ ကိုယ့်အနေနဲ့ ဘယ်လိုဆုတွေရမယ်လို့ မျှော်လင့်ထားလဲချင်ဗျာ့ -


နန်းခင်ဇေယျာ = (ရယ်လျှက်) ဘယ်လိုဆုတွေရမယ်လို့ မျှော်လင့်ထားလဲဆိုတော့ ... ကိုယ့်ဘက်ကတော့
အကောင်းဆုံးလုပ်ထားပါတယ်။ ကိုယ့်ကြိုးစားမူရဲ့ရလဒ်အပေါ်မှာပဲပေါ့နော်... ညီမမျှော်လင့်တယ်။ပြီးတော့
ဒီအင်တာနက်ကနေ Vote လုပ်ပေးတဲ့လူတွေလည်း ... အတိုင်းမသိဝမ်းသာတယ်...ညီမကထိပ်ဆုံးဖြစ်နေ
တယ်ဆိုတာကိုပေါ့နော်။ အခုဆိုဒီမှာဆို ညီမကို ဒီအထဲကလူတွေကပြောနေကြတယ်....Internet ဆုရ မယ်
ပေါ့နော် ....ဒါပေမဲ့ ဆုရတာတွေ မရတာတွေထက် ... ညီမဒီ Experienceရသွားရင်.............................


မြန်မာနိုင်ငံကိုပေါ့နော် ... ဂုဏ်ပြုနိုင်တဲ့ ... မြန်မာနိုင်ငံဆိုတာ ဘာပါလား ....
မြန်မာနိုင်ငံဆိုတာ ဘယ်မှာရှိပါသလဲ ...
မြန်မာနိုင်ငံရဲ့ဝတ်စားဆင်ယင်မူက ဘာပါလား ... ဆိုတာ ...
ကမ္ဘာကသိသွားတာကို ညီမကျေနပ်တယ်ပေါ့နော်။----။

===============================

အမျိုးသားရေးအမြင်အသိဖြင့် (မျက်မွေးတဆုံးမဟုတ်ပဲ) မျက်စေ့တဆုံးအမြင်ဖြင့် -
မြန်မာမယ်ကလေး နန်းခင်ဇေယျာကို မအားမလပ်တဲ့ကြားက အနည်းဆုံး အင်တာနက်မယ်ဆုကိုရအောင်
Vote နေကြသော ကမ္ဘာအရပ်ရပ်မှ ညီအစ်ကိုမောင်နှမအားလုံး ဖတ်ဖို့ နဲ့ ... အင်တာနက်လိုင်းမကောင်း၍ အသံဖိုင်ကို
နားထောင်ရန်အခက်အခဲရှိနိုင်သော မြန်မာပြည်က ညီအစ်ကိုမောင်နှမအားလုံးအတွက် ကျွန်တော်နားထောင်ပြီး
ကြားသည့်အတိုင်းကို အတတ်နိုင်ဆုံး အနီးစပ်ဆုံး ရိုက်ထားပါသည်။



လှိုင်ဘွား/၈၈
မူရင်းအသံဖိုင် ... http://soundcloud.com/myohtet5/nang-khin-zayar-edited

===============================

ယ္ခုနောက်ဆုံး Data Update for Miss Internet Award:Miss Myanmar's Miss Internet vote leads with 20-milကြောင်းသိရပါသည်)။
---------------
မူရင်း သတင်း
မြန်မာ့ သားကောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

1. Miss Myanmar 16,777,216 + 3,281,688 = 20,058,904 votes,
2. Miss Macau 16,253,594 and
3. Miss India 8,947,833 ဖြစ်ကြောင်းပါ။
====================

နန်းခင်ဇေယျာရဲ့ (Miss Internet) flickr vote အကောင့် 16,777,216 ပြည့်သွားတဲ့အတွက်
flickr ကထပ်ဖွင့်ပေး ထားသော အကောင့်အသစ် ....
(Miss Internet) ဆုအတွက်သည်လင့်ခ်ကိုဆက်ပြီးVoteကြပါ။
flickr မှာမနေ့ က ပြည့်သွားတဲ့votes တွေနဲ့ ပေါင်းပေးမယ်လို့ 
Board အဖွဲ့ မှ တရားဝင်ကြေငြာထားကြောင်းသိရပါတယ်-

(Miss International 2012 People's Choice Award) ဆုအတွက်သည်လင့်ခ့်မှာvote ကြပါ။
ပရိတ်သတ်အနှစ်သက်ဆုံးမယ်
(Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း တခါမဲပေးခွင့်ရှိတယ်။
http://poll.pollcode.com/u7r1ht
 
ကျတော်ကတော့ နေ့ညတိုင်း အားပေးနေတာ ဆုမရမှာကိုစိုးရလွန်းလိုပေါ့...........ဟိဟိ
 
ရယ်လျက်
 
=======================
 
သူငယ်ချင်းတို့လည်း  အားပေးနေလိမ့်မယ်လို့
 
ထင်ပါတယ်။။
 
 
 
ချစ်ခြင်းများစွာနဲ့
 
ပါရမီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...