စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာစာ မြန်မာစကားကို အသုံးပြုသူများအတွက်


မင်္ဂလာရှိသော မိတ်ဆွေများအားလုံး ဘာရယ်လို့မဟုတ်ဘဲ အကြံတစ်ပေးချင်လို့ ရေးသားလိုက်ပါသည်။
မြန်မာစာသည် တို့စာ
မြန်မာစာကို ချစ်ပါ.
မြန်မာစာကိုလေးစားပါ.
မြန်မာစကားသည် တို့စကား.. အလေးထားကြပါ။ ဟု
 ရှေးလူကြီးများ ဆိုရိုးစကားရှိခဲ့ပါတယ်။ သို့သော် သူတို့ဘာကြောင့် အဲသည်လိုတွေပြောခဲ့ကြသလဲ ဆိုတာ ကျွန်တော်တို့ သေချာ စဉ်းစားကြည့်မိဖို့တော့ လိုမည် ထင်ပါတယ်။

       ကျွန်တော်တို့ ရှေ့လူများသည် နောက်လာနောင်သားများအတွက် သူတို့ လုပ်သမျှ မှတ်မှတ်သားသား လုပ်ပေးထားခဲ့သည် လမ်းတွေဖောက်ပေးခဲ့ကြသည်၊ သည့်အတွက်ကြောင့်လည်း ကျွန်တော်တို့ တွေဟာ နောက်လူတွေအတွက် လည်း သူတို့နည်းတူ ထားပေးသင့်သည်။
အမျိုးပျောက်မှာ စိုးကြောက်စရာ ပါ။ လူမျိုးတစ်မျိုးမှာ ဘာသာစကား တစ်ခု စီ ကိုယ်ပိုင် ရှိတတ်ကြပါတယ်။ လူမျိုးတစ်မျိုးရဲ့ ဘာသာစကား သည် လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ပင်မအသက်သွေးကြောပင်ဖြစ်သည်။ ထိုဘာသာစကား ပျောက်ပြီ ဆိုသည့်အခါ လူမျိုးလည်း အလိုလို ပျောက်ကွယ်မည်ဖြစ်ပေသည်။ ယဉ်ကျေးမှုများလည်း ပျောက်ကွယ်ကုန်မည်ဖြစ်သည်။
ဆုတ်ယုတ်မှုကို မြားဦးတည်နေခြင်းကို မြင်နေပါလျက်နှင့် လက်ပိုက်မကြည့်သင့်ပါ.. ပြုပြင်သင့်သည်တို့ကို ပြင်သင့်ပါသည်။

            သံလို မာကျောခိုင်မာသော သံမဏိ အမျိုးအစားပင်လျှင်.. သံချေး တိုက်စားမှုကြောင့်ပဲ ပျက်ဆီးခြင်းအဖြစ်ကိုရောက်ရပါသည်။ သံကို သံချေးကပဲ လွယ်ကူစွာ ပြန်ဖျက်ဆီးနိုင်ပါသည်။ မီးအားပြင်းပြင်းဖြင့် အရည်ကျိုပြောင်းလိုက်သော်လည်း ပုံသဏ္ဍာန်ပြောင်းလဲသွားတာပဲရှိမည်။ သံထည်ပစ္စည်းမပျက်ဆီးပါ။ သံချေးတက်တာ များလာပီ. .အသုံးမပြုတာ များလာပီဆိုပါက.. ထိုသံသည် မကြားမီ ပျက်ဆီးသွားပေလိမ့်မည်။

    ကျွန်တော်တို့ မြန်မာစာ ကို ဖျက်ဆီးမည့် လူတွေဟာလည်း ဘယ် နိုင်ငံခြားသားကမှ မဖျက်ဆီးနိုင်ပါ. .ဖျက်ဆီးဖို့ ဝေးစွ ရေးတတ်ဖို့ ဝေးစွ ပြောတတ်ဖို့ပင် အတော်လေ့လာရမည်ဖြစ်သည်။ ထိုကြောင့် ဒီ မြန်မာစာကိုဖျက်ဆီးမည့် လူဟာ မြန်မာလူမျိုးတွေ ပဲ ဖြစ်သည်။
မြန်မာစာကို ဘယ်လိုဖျက်ဆီးနေသလဲ.. ဆိုတာကတော့ ယနေ့ ပုံသဏ္ဍာန်အားဖြင့် ၃ မျိုး တွေ့မြင်နေရပါသည်။

၁) ဘားဂလိစ် နှင့်ပြောခြင်း
၂) လုပ်ကြံပြောဆိုခြင်း
၃) စာလုံးပေါင်းသတ်ပုံ သေချာ မစိစစ်ခြင်း နှင့် ဖြစ်သလို ရေးတတ်သွားကြခြင်း

        ထိုအချက်သုံးချက် သည် အနေအထား အတော်များများ တစိမ့်စိမ့်နဲ့ ယိုယွင်းပျက်ဆီးလာသည်ကိုတွေ့မြင်နေရသည်။ချက်ရွန်းထဲတွင် စကားကို ဖြစ်သလို လုပ်ကြံပြောခြင်း (မဂျီးခင်ချန်းဝင်းလား၊ ဘာယို့ယဲ. မောထှာ) အဲလိုတွေ မြင်နေရတာ များပါတယ်။ ကွန်မင့်တွေမှာလည်း တွေ့လာရပါပြီ။ဘားဂလိကတော့ မြန်မာစာ ဖောင့်အသုံးမပြုနိုင်လို့ နဲ့ အင်္ဂလိပ်စာ အားနဲလို့ပြောတဲ့အတွက် သိပ်တော့ ပြဿနာမရှိပေမယ့် ဖြစ်နိုင်ရင်တော့ လုံးဝ မသုံးသင့်ပါဘူးခင်ဗျာ။
သတ်ပုံကတော့ ကျွန်တော်တို့ ရဲ့ အဓိကအားနဲ ချက်တစ်ခုပါပဲ.. မြန်မာစာ မြန်မာစကား ဆိုတဲ့ မြန်မာစာအဖွဲ့က ထုတ်ဝေထားတဲ့ သတ်ပုံကျမ်းတွေကို လေ့လာလျှင် အဆင်ပြေမည်ဟုတ် ထင်ပါသည်။

        လူဆိုသည်မှာ အကျင့်တစ်ခုကို လုပ်ယူပါသည်။ လုပ်ယူ၍ ရသောအလေ့အကျင့်ကို များစွာလေ့ကျင့်သည့်အခါမှာ ထူးချွန်မှု ကျွမ်းကျင်မှု ကို ရရှိပါသည်။ မည်သည့်အလုပ်ပဲ ဖြစ်ဖြစ် လေ့ကျင့်မှု သည်အဓိကဖြစ်သည်။ ထိုနည်းတူ စိတ်ကတော့ မပါပေမယ့် လက်က အမြဲတစေ.. ဖြစ်သလို ရေးတတ်သည့်အကျင့် နောက်ပြောင်ရေးရင်းဖြင့် လက်တွေအကျင့်ပါသွားပါက ရုံးကိစ္စ မိမိအလုပ်ကိစ္စတွေအတွက် အဲသည်အကျင့်ဆိုးဟာ အနှောင့်ယှက်များစွာ ပေးပါသည်။
အကျင့်ကောင်းနှင့် အကျင့်ဆိုးကို သေချာ ကျနစွာ ခွဲခြား ပြုပြင်ပေးကြပါ။
အဲသည်အချက်သုံးချက်ကို မိမိတို့ အသိစိတ်ဖြင့် မိမိတို့ ပြင်သင့်သည်။ တစ်ယောက်က စပြင်လျှင် နောက်တစ်ယောက်ကိုလည်း ပြင်သင့်ကြောင်းအကြံပေးလျှင် ကျွန်တော်တို့ မြန်မာစာ မြန်မာယဉ်ကျေးမှု များဟာ ဆိတ်သုဉ်းမသွားနိုင်ပါဘူး လို့ အကြံပေးလိုက်ပါရစေ။
ကျွန်တော်လည်း မြန်မာစာ သတ်ပုံကို ကျွမ်းကျင်မှု မရှိပါဘူး.. အရေးအသား လည်း သိပ်မတတ်ပါဘူး.. ဒါပေမယ့် အတတ်နိုင်ဆုံး အမှားအနည်းဆုံးဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးခြင်းပဲ ဖြစ်ပါတယ်။

ှမှားသွားတယ် အမှားတွေ ပါနေတယ် ဆိုရင်လည်း ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...