စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သာသနာ့ကုန်တိုက်ကြီးများ

မြို့တော်ကြီး အသီးသီးမှာ ဈေးရုံကြိးများ ကုန်တိုက်ကြီးများဖွင့်လှစ်ပြီး
ကုန်ပစ္စည်းများကို ဖြန့်ခင်းပြသ ရောင်းချနေကြသည်
ထိုကုန်တိုက်ကြီးများမှာ  မိမိကြိုက်နှစ်သက်တဲ့ပစ္စည်းကို
တန်ရာတန်ကြေးပေးမှ ၀ယ်ယူလို့ရသည်
ဘုရားသာသနာတော်မှာ ဈေးရုံ ကုန်တိုက်များ 3ခုရှိသည်
ဘုရား တရား သံ ဂါတော် တည်းဟူသောရတနာများဖြစ်ကြသည်
ထိုကုန်တိုက်ကြီးများမှာပစ္စည်းမျိုးစုံအကုန်ရှိသည်

အသက်ရှည်ခြင်း ရုပ်ချောခြင်းညာဏ်ပညာထက်မြက်ခြင်းချမ်းသာကြွယ်ဝဖြင်း
နောက်ဆုံး သာသနာမှာမရှိသည့် နိဗန်ချမ်းသာကုန်ပစ္စည်းများရှိနေသည်
သာသနာ ကုန်တိုက်ကြီးများမှာ မိမိနှစ်ခြိုက်သည့်ပစ္စည်းဝယ်ယူသည်အခါ
အရင်းနည်းနည်းဖြင့်ဝယ်ယူရရှိနိုင်သည်
သောက်တော်ရေတခွက်ဖြင့်ပူဇော်ကာ ကြိုက်ရာဆုကိုရယူနိုင်ပါသည်
သဒ္ဒါဥစ္စာရှိဖို့ရန်အဓိကဖြစ်သည်

လောကဈေးရုံ အဖုံဖုံ ကုန်စုံဖြန့်ခင်းပြ
မိမိကြိုက်ရာထိုက်တန်စွာ ၀ယ်ကာရနိုင်ကြ
ဝယ်သည့်ဥစ္စာ ကောင်းညံတာ တန်ရာပေးမှရ
ဒီသာသနာ ဈေးရုံမှာ သုံးဖြာရှိကုန်ကြ
ဘုရား တရား သံဂါများ သုံဖြာရှိကုန်ကြ
သာသနာ့ဈေးရုံ ပစ္စည်းစုံ
အကုန်ရှိနေကြလူနတ်ချမ်းသာနိဗန်ပါ စုံစွာရှိနေကြ
ကောင်းမှုပြုကာ ဆုပန်ထွာ ကြိုက်ရာယူနိုင်ကြ
သာသနာ့ဈေးပွဲ အရင်းနည်း မစဲအမြတ်ရ
သဒ္ဒါဥစ္စာရှိဘို့ရာ မှတ်ပါအဓိက

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...