စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြင်သူတိုင်း ငေးရလောက်တဲ့လက်ချောင်း ပိုင်ရှင်ဖြစ်စေချင်ရင် ဒီလိုလေးလုပ်တာနဲ့ ရပြီနော်


သင့်လက်များ နုပျိုလှပစေရန် 
by nang kha yea on 06.10.2012
သင့်လက်များ နုပျိုလှပစေရန် ............ ပျိုမေတို့ရဲ့ အလှကို တစ်ထောင့် တစ်နေရာက ဖော်ပြပေးနေတဲ့ လက်တွေကို သန့်ရှင်းအောင်၊ ကျန်းမာအောင်နဲ့ နူးညံ့လှပအောင် အမြဲဂရုစိုက်သင့်ပါတယ်။ လက်တွေကသင်နဲ့ ပတ်သက်သမျှ အကြောင်းအရာများစွာကို ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် လက်တွေက သင့်အသက်အရွယ် ကိုပါ ဖော်ပြနိုင်ပါသေးတယ်။ သင်ဟာ လက်တွေကို သန့်ရှင်းကျန်းမာနေအောင် ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ဘယ်လောက်လှပတဲ့ အဝတ်အစားတွေ ဝတ်ဆင်နေလည်း အပိုပါပဲ။ တခြားလူတွေနဲ့ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း သင့်ရဲ့လက်တွေကို မလွဲမသွေ အသုံးပြုရမှာပါ။ လက်တွေဟာဆက်သွယ်ပြောဆိုရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး ခန္ဓာကိုယ်မှာ အသုံးအများဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဟင်းချက်တဲ့အခါ၊ အဝတ်အစားဝတ်တဲ့အခါ၊ စာရေးတဲ့အခါ စသဖြင့်အသုံးပြုနေရတာပါ။ ဒါကြောင့် သင်ရဲ့လက်တွေကို အမြဲကျန်းမာနုပျိုနေအောင် သေသေချာချာ ထိန်းသိမ်းဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့လက်တွေကို ကျန်းမာသန်စွမ်း နုပျိုအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သင့်ရဲ့ လက်ပေါ်က အရေပြားဟာ ပါးလွှာပြီးနူးညံ့ပါတယ်။ ဒါကြောင့် လက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ၂။ လက်အသားအရေ စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံး လေးကြိမ် moisturizer လိမ်းပေးပါ။ ၃။ မျက်နှာပေါင်းတဲ့အခါ သုံးတဲ့ mask ကို သင့်လက်တွေအတွက်တစ်ပတ် တစ်ကြိမ် သုံးပေးပါ။ ဒါဟာ သင့်ရဲ့လက်ပေါ်မှာရှိတဲ့ ခြောက်သွေ့နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ပါ။ ၄။ သင်ဟာ အိပ်ရာမဝင်ခင် မျက်နှာမှာ အသုံးပြုတဲ့ ခရင်မ်ကို ညအိပ်ရာဝင်ခါနီးတိုင်း သင်ရဲ့လက်တွေကို လိမ်းပေးပါ။ လက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခရင်မ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ၅။ ခြောက်သွေ့တဲ့ လက်တွေအတွက်ဆပ်ပြာနဲ့ လက်ဆေးပြီး ရေခွက်ထဲမှာ လက်ကို နှစ်ကာဆားကိုအပေါ်မှ ဖြူးလိုက်ပါ။ အဲဒီနောက် ရေထဲမှာ လက်နှစ်ဖက်ကို အချင်းချင်းညင်သာစွာပွတ်ပေးပါ။ ပြီးရင်တော့ လက်ကိုခြောက်သွေ့အောင်လုပ်ပြီး moisturizer လိမ်းပေးပါ။ ၆။ အဆီပြန်တဲ့လက်တွေအနေနဲ့ကတော့ ပြောင်းမှုန့်သုံးပြီး လက်ကိုပွတ်ပေးပါ။ ၇။ သင့်ရဲ့အိမ်မှာ ဒါမှမဟုတ် ဥယျာဉ်ထဲမှာ အလုပ်လုပ်တိုင်း ရော်ဘာလက်အိတ်အသုံးပြုပါ။ ၈။ သင့်လက်တွေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မလာစေဖို့နဲ့ အသက်အရွယ် အရဖြစ်ပေါ်တတ်တဲ့ အရေးကြောင်းတွေ ပေါ်မလာအောင် ကြိုတင်ကာကွယ်ပါ။ ၉။ ရာသီဥတု အကူးအပြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေပျက်စီးမှုမှ ကာကွယ်ပါ။ ၁၀။ နေပူထဲ အလုပ်လုပ်တိုင်း သင့်ရဲ့လက်တွေကို နေလောင်ခြင်းမှ ကာကွယ်ဖို့ sunscreen လိမ်းထားပါ။ ၁၁။ သင့်ရဲ့လက်တွေကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နေ့စဉ်လုပ်နေကျ အလုပ်တွေလုပ်တဲ့အခါ ကာကွယ်ထားဖို့ပါပဲ။ Health
ပျိုမေတို့ရဲ့ အလှကို တစ်ထောင့် တစ်နေရာက ဖော်ပြပေးနေတဲ့ လက်တွေကို သန့်ရှင်းအောင်၊ ကျန်းမာအောင်နဲ့ နူးညံ့လှပအောင် အမြဲဂရုစိုက်သင့်ပါတယ်။

လက်တွေကသင်နဲ့ ပတ်သက်သမျှ အကြောင်းအရာများစွာကို ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် လက်တွေက သင့်အသက်အရွယ် ကိုပါ ဖော်ပြနိုင်ပါသေးတယ်။


သင်ဟာ လက်တွေကို သန့်ရှင်းကျန်းမာနေအောင် ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ဘယ်လောက်လှပတဲ့ အဝတ်အစားတွေ ဝတ်ဆင်နေလည်း အပိုပါပဲ။


တခြားလူတွေနဲ့ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း သင့်ရဲ့လက်တွေကို မလွဲမသွေ အသုံးပြုရမှာပါ။ လက်တွေဟာဆက်သွယ်ပြောဆိုရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး ခန္ဓာကိုယ်မှာ အသုံးအများဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

ဟင်းချက်တဲ့အခါ၊ အဝတ်အစားဝတ်တဲ့အခါ၊ စာရေးတဲ့အခါ စသဖြင့်အသုံးပြုနေရတာပါ။ ဒါကြောင့် သင်ရဲ့လက်တွေကို အမြဲကျန်းမာနုပျိုနေအောင် သေသေချာချာ ထိန်းသိမ်းဂရုစိုက်သင့်ပါတယ်။


သင့်ရဲ့လက်တွေကို ကျန်းမာသန်စွမ်း နုပျိုအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ သင့်ရဲ့ လက်ပေါ်က အရေပြားဟာ ပါးလွှာပြီးနူးညံ့ပါတယ်။ ဒါကြောင့် လက်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။


၂။ လက်အသားအရေ စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံး လေးကြိမ် moisturizer လိမ်းပေးပါ။


၃။ မျက်နှာပေါင်းတဲ့အခါ သုံးတဲ့ mask ကို သင့်လက်တွေအတွက်တစ်ပတ် တစ်ကြိမ် သုံးပေးပါ။ ဒါဟာ သင့်ရဲ့လက်ပေါ်မှာရှိတဲ့ ခြောက်သွေ့နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ပါ။


၎။ သင်ဟာ အိပ်ရာမဝင်ခင် မျက်နှာမှာ အသုံးပြုတဲ့ ခရင်မ်ကို ညအိပ်ရာဝင်ခါနီးတိုင်း သင်ရဲ့လက်တွေကို လိမ်းပေးပါ။ လက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခရင်မ်ကိုလည်း အသုံးပြုနိုင်ပါတယ်။


၅။ ခြောက်သွေ့တဲ့ လက်တွေအတွက်ဆပ်ပြာနဲ့ လက်ဆေးပြီး ရေခွက်ထဲမှာ လက်ကို နှစ်ကာဆားကိုအပေါ်မှ ဖြူးလိုက်ပါ။ အဲဒီနောက် ရေထဲမှာ လက်နှစ်ဖက်ကို အချင်းချင်းညင်သာစွာပွတ်ပေးပါ။ ပြီးရင်တော့ လက်ကိုခြောက်သွေ့အောင်လုပ်ပြီး moisturizer လိမ်းပေးပါ။


၆။ အဆီပြန်တဲ့လက်တွေအနေနဲ့ကတော့ ပြောင်းမှုန့်သုံးပြီး လက်ကိုပွတ်ပေးပါ။


၇။ သင့်ရဲ့အိမ်မှာ ဒါမှမဟုတ် ဥယျာဉ်ထဲမှာ အလုပ်လုပ်တိုင်း ရော်ဘာလက်အိတ်အသုံးပြုပါ။


၈။ သင့်လက်တွေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မလာစေဖို့နဲ့ အသက်အရွယ် အရဖြစ်ပေါ်တတ်တဲ့ အရေးကြောင်းတွေ ပေါ်မလာအောင် ကြိုတင်ကာကွယ်ပါ။


၉။ ရာသီဥတု အကူးအပြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေပျက်စီးမှုမှ ကာကွယ်ပါ။


၁၀။ နေပူထဲ အလုပ်လုပ်တိုင်း သင့်ရဲ့လက်တွေကို နေလောင်ခြင်းမှ ကာကွယ်ဖို့ sunscreen လိမ်းထားပါ။


၁၁။ သင့်ရဲ့လက်တွေကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နေ့စဉ်လုပ်နေကျ အလုပ်တွေလုပ်တဲ့အခါ ကာကွယ်ထားဖို့ပါပဲ။
 with Rachel Mang.
source>>>http://natureenergycare.blogspot.com/2012/10/blog-post_6.html?utm_s...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...