စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်မောင်မယ်များနှင့်ဘုရားရှိခိုးခြင်း


လူငယ်မောင်မယ်များနှင့်ဘုရားရှိခိုးခြင်း


          လူငယ်မောင်မယ်တို့ရေ မင်းတို့လေးတွေအတွက် အချိန်လည်းမကုန် လူလည်းမပင် ပန်းဘဲ စိတ်အစဉ်နူးညံ့သိမ်မွေ့လာအောင် ပြုလုပ်တဲ့နည်းလေးကိုပြောပြပေးချင်ပါတယ်။
          အရင်တစ်ခါ ပြောပြခဲ့တဲ့ ကဗျာလေးကို မှတ်မိကြရဲ့မဟုတ်လား။အဲဒီကဗျာထဲမှာ တစ်နေ့လက်ခုပ်သုံး ခါတီးဆိုတဲ့အကြောင်းလေးကို ဒီတစ်ခါပြောပေးမယ်။ လူငယ်မောင် မယ်တို့တွေဟာ နေ့စဉ် တစ်နေ့လက်ခုပ်သုံး ခါသာပုံမှန်တီးကြမယ်ဆိုရင် အင်မတန်ယဉ် ကျေးသိမ့်မွေ့တဲ့ သူလေးတွေဖြစ်ကုန်ကြမှာအမှန်ပဲ။
          လက်ခုပ်ဆိုလို့ တဟေးဟေး တ၀ါးဝါးနဲ့ထတီးတဲ့လက်ခုပ်မျိုးတော့မဟုတ်ဘူးနော်။ အဲလောက်ကြီးထိ တော့ပျက်ချော်ချော်အလွယ်တကူတီးလို့မရဘူးကွ။ သာမန်အားဖြင့်ခေါ်ရ လွယ်အောင် စိတ်ဝင်စားမှုရှိအောင် လက်ခုပ်တီးပါလို့ ပြောထားပေမယ့် လက်ခုပ်တီးခိုင်း တာတော့မဟုတ်ဘူး။ လက်တစ်ဖက်နှင့်တစ်ဖက်ယှက်ပြီး လက်အုပ်ချီတာကိုတင်စားပြီး ပြောထားတာပါ။
          တစ်နေ့ လက်ခုပ်သုံးခါတီးဆိုတာ တစ်ရက်ကို အနန္တငါးပါးသုံးချိန်ရှိခိုးဖို့ ဆရာတော် ကမှားထားခဲ့တာပါ။
          လူငယ်မောင်မယ်တို့ရေ မင်းတို့တွေ သေချာပြန်စဉ်းစားကြည့်လိုက်စမ်းပါ။ ငယ်ရွယ် တဲ့သူတွေဆိုတာ ဘုရားတရားကိုမေ့ထားတတ်ကြတယ်။ နေ့စဉ်မနက်မိုးလင်းအိပ်ယာထ၊ ကျောင်းသွားသူသွား ၊ အလုပ်သွားသူ သွား၊အိမ်မှုကိစ္စလုပ်သူလုပ်နဲ့ သူသူကိုယ်ကိုယ်အလုပ်ရှုပ်နေကြတယ်။ ဘာသာရေးဘက်ကိုသိပ်မလှည့်ဖြစ်ကြဘူး။နေ့ပိုင်းဆိုပိုဆိုးတာပေါ့။ကျောင်း နားချိန် အလုပ်နားချိန် စားကြ၊ သောက်ကြ၊ ကစား တချို့တရေးတမော အိပ်ကြနဲ့ ဘုရား တ ရားကိုလုံးလုံးမေ့နေကြပြန်ရော။
          ညနေပိုင်းအလုပ်ကပြန်လာတော့ ရေချိုးညစာစား၊ တီဗီကြည့်ကြ၊ စာကျက်ကြ၊ ဆော့ ကစားပျော်ပါးကြ နဲ့ ဟောအချိန်လည်းကုန်ရောအိမ်ပြန်အိပ်ရာထဲရောက်တာနဲ့ အိပ်ကြတော့ ဘုရားတရားကို သတိရကြတယ်လို့ မရှိပါဘူး။
          ဒီလိုပဲလူငယ်တွေနေ့စဉ်ဘ၀ကို ဖြတ်သန်းနေကြတာအားလုံးပြန်လည်စဉ်း စားကြည့် လိုက်စမ်းပါ။ ဘာသာတရားနဲ့ ဆက်စပ်ကုသိုလ်ရေးနဲ့ လုံးလုံးကြီး ဝေးပြီးနေလိုက်ကြတာ။ ကုန်လွန်ခဲ့တဲ့နေ့ရက်တွေ အရမ်း နှမြောစရာပါပဲ။ ကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတာ မင်းတို့ တွေကြားသိဘူးကြတယ်။ လူရယ်လို့ဖြစ်လာရင် ကြီး ကြီး ငယ်ငယ်ရွယ်ရွယ်လတ်လတ် ကောင်းမှုတစ်ခုပြုကိုပြုမှ လူဖြစ်ကြိုးနပ်မှာပေါ့။ ကောင်းမှုဆိုတာ မကောင်းမှု မဟုတ်တာ မကောင်းမှုမှ ဝေးကွာတာကိုပြောတာ။ ငွေကုန်ကြေးကျများစွာ ကုန်ကျခံပေးကမ်းလှူဒါန်း နေတာ မျိုးကိုပြောတာမဟုတ်ဘူး။ လမ်းပေါ်မှာတွေ့တဲ့ အမှိုက်ကလေး တစ်ဖက်ကို ကောက် ယူပစ်လိုက်တာလည်း ကောင်းမှုပါပဲ။ ဒါကလည်း သူသူကိုယ်ကိုယ် ကိုယ့်အလုပ် ကိုယဇောနဲ့ ကိုယ်ဆိုတော့ လမ်းပေါ်တွေ့တဲ့ ဘယ် အမှိုက်မဆို ယူပစ်နိုင်ကြမှာမဟုတ်ဘူး။
          အမှိုက်တစ်ဖက်ကောက်ယူဖို့တောင် သိပ်မလွယ်ဘူးဆို ကျန်တဲ့ခက်ခက်ခဲခဲ ကောင်း မှုတစ်ခု နေ့စဉ်ပြု ဖို့မလွယ်လှဘူး။ အဲဒီတော့ အရာအားလုံးထက်ပြုလုပ်ဖို့ လည်းလွယ် ကိုယ် ပိုင်အချိန်လည်းရ၊ လူတိုင်းပြုဖို့ အခွင့် အရေးသာနေတာ အနန္တငါးပါးကို လက်အုပ်ချီမိုး ရှိခိုး ဖို့တော့ လူတိုင်းနေ့စဉ် အခွင့်အရေးသာပါတယ်။ မလုပ်ဖြစ် တာပဲရှိမယ်။
          တစ်နေ့ကို အနန္တငါးပါး သုံးချိန်ရှိခိုးဖို့အခွင့်အရေးသာပါတယ်။ ညအိပ်ရာဝင်ချိန် နံနက် အိပ်ရာထချိန်နဲ့ အလုပ်လုပ်မည့်ဆဲဆဲအချိန်တွေဖြစ်နေလို့ပါ။ လူတစ်ယောက်ဟာ နေ ကုန်အောင် ဘယ်လောက်ပဲစိတ်တွေပင် ပန်းထားထား အိပ်ရာဝင်ပြီဆိုရင် ခဏလေးဖြစ်ဖြစ် ဘုရားရှိခိုးဖို့အချိန်လေးပေးလိုက်ပါ။ သြကာသအမျှဝေတွေ လောက်ထိ အချိန်မပေးနိုင် ရင် တောင် ဦးသုံးကြိမ်ချဖို့လောက်တော့ အချိန်ပေးကြည့်ပါ။ စိတ်ပါလက်ပါနဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို ဦးသုံးကြိမ်ချတာဟာ တစ်ကယ်တမ်း ကြာမြင့်ချိန်တစ်မိနစ်တောင် မရှိပါဘူး။ အဲလောက်လေး အချိန်ပေးလိုက်ရလို့ ကိုယ့်အတွက်အိပ်ချိန်ယုတ်မသွားပါဘူး။ အလကားနေအိပ်ရာထဲမှာ ဟိုစဉ်းစား ဒီစဉ်းစားနဲ့တောင် (၁၀)မိနစ်နာရီဝက် ကြာချင်ကြာ သွားတာမဟုတ်လား။
          အိပ်ရာဝင်ချိန် အနန္တငါးပါးရှိခိုးအိပ်တော့ ဘာအကျိုးကျေးဇူးတွေရှိမလဲဆိုရင် ကောင်း မွန်စွာအိပ်စက်ရ တယ်။ တစ်နေကုန် ပင်ပန်းသမျှစိတ်ထဲ ကြည်ကြည်လင်လင် ဖြစ်သွား တယ်။အိပ်မက်ဆိုးတို့ မမြင်မက်ရဘူး။ မကောင်းတဲ့ဘေးအန္တရာယ် မကျရောက်နိုင်ဘူး။ လန်း ဆန်းစွာအိပ်ရာမှထရတယ်။ ဒါကလက်တွေ့ရနိုင်တဲ့ အကျိုးတရားတွေပြောတာ။ ဘုရားဟော တဲ့ပစ္စုပ္ပန် တမလွန်နှစ်တန်သော အကျိုးတရားတွေအကုန်မပြောသေး ဘူး။
          နောက်ပြီး တစ်နေကုန်ဘယ်လောက် အကုသိုလ်တွေ များခဲ့ခဲ့ တစ်နေ့တာ ကုန်ဆုံး ခြင်းရဲ့ညအိပ်ချိန်မှာ ကုသိုလ်နဲ့ဆက်ခဲ့ရတယ်။ နေကုန်အောင်ဘာကုသိုလ်ကောင်းမှုမှ မလုပ် ခဲ့ချင်နေ ကောင်းမှုတစ်ခုပြုလုပ်ပြီးသား ရသွားတယ်။ကုန်ကျစရိတ်မှရှိလူမပင်ပန်းဘဲကောင်း မှုတစ်ခုရတာနည်းတာမှမဟုတ်ဘဲ။ အဲဒီကောင်းမှုရဲ့ အရှိန်အ၀ါကများစွာအကျိုးကျေး ဇူးရှိ တယ်။
          လူငယ်မောင်မယ်တို့ရေ လောကသားတွေဆိုတာ မနက်လင်းပြီဆိုတာနဲ့ ဘ၀နေရေး အတွက် လုပ် လိုက်ရကိုင်လိုက်ရတာ နားရတယ်မရှိ။ အရမ်းပင်ပန်းပူလောင်လှပါတယ်။ အဲဒီ ပူလောင်မှုတွေပျောက်သွား အောင်တင်းနေတဲ့စိတ်တွေကို လျှော့ချပြီး ဘုရားတရားအာရုံယူ အိပ်ကြည့်လိုက်စမ်းပါ။စိတ်လက်ပေါ့ပါးပြီး အရမ်းနေရထိုင်ရကောင်းသွားမှာ အသေအချာပဲ။ နောက်တစ်ကြိမ် ဘယ်အချိန်မှာ အနန္တငါးပါးကို ရှိခိုးရမလဲဆို ရင် မနက်အိပ်ရာထ ချိန်မှရှိခိုး ရမယ်။ညကကြည်လင်လာတဲ့စိတ်အစဉ်ကို မနက်ပိုင်းမှာပြန်ဆက်ပေးလိုက်တာ ပါပဲ။
          အိပ်ရာထတာနဲ့ အနန္တငါးပါးကို ရှိခိုးရင် စိတ်တွေပိုမိုလန်းဆန်းပြီး မျက်နှာထား ကြည် ကြည်လင်လင်နဲ့ လူကလည်းတက်တက်ကြွကြွဖြစ်နေလိမ့်မယ်။ မနက်ခင်းဆိုတာ အရမ်း အ ရေးကြီးတယ်ကွ။ အိပ်ရာထတာနဲ့ ဒေါသတွေဖြစ်ပြီး စိတ်မကြည့်မလင် ဖြစ်နေရင်တစ်နေ ကုန် အောင်စိတ်တွေက ထိုင်းမှိုင်းနေတတ်တယ်။ အလုပ် ကိုလည်းစိတ်မ၀င်စားချင်တော့ ဘူး။  လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးပေါ့။ ဘာမဟုတ်တာနဲ့ လည်းစိတ်တိုနပြီး နီးစပ် ရာလူကို စိတ်လက်မာန်ပါ ထလုပ်ချင်စိတ်တွေပေါ်နေတတ်တယ်။
          ဒါဆိုရင်အဲဒီနေ့အတွက်အဆင်မပြေနိုင်တော့တော့ဘူး။ ပြဿနာတွေနဲ့ ရင်ဆိုင်နေရ တတ်တယ်။ ကိုယ့် ဘ၀အတွက်တိုးတက်သင့်တာတွေဆုံးရှုံးရတယ်။
          အိပ်ရာထတာနဲ့ ဘုရားအာရုံပြုထားတဲ့သူတွေကြတော့ ဒါတွေဖြစ်ဖို့ခက်ခဲတယ်။ တ ကယ်လို့ကြုံခဲ့ဦး တောင်မှ ဘုရားရှိခိုးထားတဲ့အရှိန်ကြောင့်စိတ်က နူးညံ့နေတတ်တယ်။ ဥပ မာကွာ မနက်လင်းတာနဲ့ ကိုယ်စားဖို့ အဆင်သင့်ပြင်ထားတဲ့ မုန့်ကို တစ်ယောက်ကစား သွား တယ်။ ကိုယ်ကမျက်နှာသစ်ဘုရားရှိခိုးပြီး မုန့်စားဖို့ကြည့် လိုက်တော့မရှိတော့ဘူး။ လင်းတာ နဲ့ဘာပြီးဘာဆက်လုပ်မယ် အချိန်ကွက်တိ စီစဉ်ထားတော့ ဗြုန်းဆို စိတ်တို စရာဖြစ် သွား တာပေါ့။
          အဲဒီအချိန်မှာသာမန်ဘုရားရှိမခိုးတဲ့နေ့ဆိုဒေါသဖြစ်ပြီး ပွစိပွစိရန်ရှာတော့မှာ ဘုရား ရှိခိုးထားတော့ စိတ် ကအလိုလိုကြည့်နေတာကတစ်ပိုင်း ၊သြော်….ငါအခုမှ ဘုရားရှိခိုး ထား တာပါလေဒေါသဖြစ်လို့မတော်သေးပါဘူး ဆိုပြီးစိတ်ကို ထိန်းနိုင်သွားတယ်။ ပါးစပ်က ဘုရား ဘုရား လက်က ကားရားကားရား ဆိုတဲ့အဖြစ်မျိုးအရောက် မခံနိုင်ဘူးပေါ့။ ဒါကြောင့် မနက် အိပ်ရာထတာနဲ့ အနည်းဆုံးဘုရား၊ တရား၊ သံဃာ၊ မိဘ၊  ဆရာသမားတို့ကို ဦးသုံးကြိမ်ချဖို့ မမေ့ ကြပါနဲ့၊ မျက်နှာမသစ်ရသေးချင်နေ ဦးသုံးကြိမ်ချနိုင်ဖို့ကြိုးစားပါ။
          ဒါဆိုအဲဒီနေ့မနက်အတွက် လန်းဆန်းတက်ကြွပြီး သွားတာလာတာ၊လုပ်တာ ကိုင် တာ အရာရာအဆင် ပြေမှာသေချာပါတယ်။
          နောက်ကျန်တဲ့တစ်ချိန်က ဘယ်အချိန်လည်းဆို မင်းတို့လေးတွေ အလုပ်သွားလို့ အ လုပ်လုပ်မယ့် ဆဲဆဲအချိန် အနန္တငါးပါးကိုဦးသုံးကြိမ်ချကြပါ။ ဦးသုံးကြိမ်ချ ဖို့အခက် အခဲ ရှိ တယ်ဆိုရင် စိတ်ထဲကနေ အနန္တငါးပါး ကိုရှိခိုးပါ၏လို့ ဆိုပြီး ခဏတာအာရုံပြုလိုက်ပါ။
          ဒါဆိုအစောကပြောခဲ့သလိုပဲ စိတ်တွေကြည်ပြီး လူကလန်ဆန်းတက်ကြွလာမယ်။ စိတ်ကြည်ရင် ဉာဏ်ပွင့်မယ်။ ဉာဏ်ပွင့်တော့စာသင်တဲ့သူတွေစာရလွယ်တယ်။ အလုပ်လုပ် တဲ့သူတွေက ဉာဏ်နဲ့ချင့်နိုင်လို့ အမှားနည်းလိမ့်မယ်။ အမှားနည်းရင်အမြတ်များတယ်။ ရွှင် နေတဲ့ဉာဏ်နဲ့ ဖြတ်ထိုးဉာဏ်သုံးလုပ်နိုင်လို့ အောင် မြင်မှုတွေများများရမယ်။ အလုပ်ထဲမှာ အခန့်မသင့်လို့ ဒေါသထွက်စရာတွေကြုံလာရင်တောင် ဘုရားတရား ရဲ့အရှိန်အ၀ါကြောင့် ဒေါသကိုထိန်းနိုင်သွားတယ်။ စိတ်အစဉ်မှာ အလိုလိုနူးညံ့နေပြီးအပြောအဆို ကစသိမ်မွေ့ ချိုမြလာလို့ လူချစ်လူခင်လည်းပေါလာလိမ့်မယ်။ ကိုယ့်ကို ကူညီမယ့်သူလည်းပေါလာ လိမ့် မယ်။ ရောက်တဲ့နေ ရာတိုင်း မျက်နှာပွင့်လင်းလို့ လူတွေရဲ့အရေးပေးခြင်းကို ခံရလိမ့်မယ်။
          လူငယ်မောင်မယ်တို့ရေ..မင်းတို့တွေတစ်နေ့လက်ခုပ်သုံးခါတီးကြည့်လိုက်စမ်းပါ။ ထူးခြားမလာဘူးဆို ရင်ကိုယ့်ကို ကြိုက်သလို ပြောစမ်းပါကွာ။ ဘာမှသိသိသာ သာပြောင်းလဲ မဘာဘူးဆိုတောင်မှ ပုထုဇဉ်ပီပီ အ နန္တငါးပါးကိုပစ်မှားဆဲဆိုမိတာတွေရှိကောင်း ရှိခဲ့မယ်။ အဲဒီအပြစ်တွေအတွက် တစ်နေ့သုံးခါတောင်းပန်ဝန်ချရာ လည်းရောက်လို့ အပြစ်ရှိတောင် အပြစ်မကြီးတော့ဘူးကွ။ ဒါအမြွက်မျှ ပြောပြတာရှိသေးတယ်။ မင်းတို့လေး တွေ တကယ် လုပ်ကြည့်ရင် ဒီထက်မကသာတဲ့အကျိုးကျေးဇူးတွေ ရမယ်ဆိုတာ အသေအချာပဲ၊
          ကဲလူငယ်မောင်မယ်တို့ရေ…တစ်နေ့လက်ခုပ်သုံးခါတီးနိုင်တဲ့ လူတော်လူကောင်း လေးတွေဖြစ်ကြပါစေ။
အိပ်ရာဝင်ထ၊ လုပ်ခွင်စ၊ ငါးဝအနန္တရှိခိုးပါ။
အနန္တငါးအင်၊ ရှိခိုးလျှင်၊ စိတ်တွင်ရွှင်လန်းကာ။
အောင်မြင်တက်လှမ်း၊ ဘ၀လမ်း ၊ အေးချမ်းသာသာယာ။
မှတ်ချက်။    ။ဖက်ရှင်တိုမ်းမဂ္ဂဇင်း အောက်တိုဘာလထုတ်တွင်ရေးသားသောစာဖြစ်သည်။
အားလုံးကိုချစ်ခင်လေးစားလျှက်..
                                       ပီတိ(ပေကြီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...