စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ပံတန်းမြို့ နယ်က ကျား အင်္ဂါအစိတ်အပိုင်းနှစ်ခုနဲ့ သနားစဖွယ် ကလေးငယ်(ကူညီပေးကြပါဦးနော်)

ကျား အင်္ဂါအစိတ်အပိုင်းနှစ်ခုနှင့် ကလေးငယ်၏ဘ၀ -

အောက်တိုဘာ ၅ရက် ၂၀၁၂ သတင်း - သစ်ထူးလွင်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်၊ ဘီးလင်းတန်းရပ်ကွက်၊ တောရကျောင်းတန်းအနောက်ဘက်ရှိ ပြည်တော်အေးရပ်ကွက်ဍ် နေထိုင်သော အဘကိုသန်းငွေ၊ အမိ မစန်းစန်းအေးတို့ မှ မောင်ထူးခန့် ကျောင်(ခ) ဖိုးထူးကလေးကိုအံ့သြဖွယ်မွေးဖွားခဲ့သည်၊

ထိုသိုမွေးဖွားခဲ့သောဖိုးထူးကလေးမှာထူးဆန်းစွာယောက်ျားအင်္ဂါအစိတ်အပိုင်း(၂)ခုပါရှိသည်၊ နဂိုရှိရင်းတိုင်းအရှေ့ ဘက်ဍ်သဘာဝအိုင်းပါရှိသော်လည်း အနောက်ဘက်တင်ပါးနှစ်ခု၏ အလယ်မီးညောင့်ရိုးနာဍ် ယောက်ျားအင်္ဂါတစ်ခုမှာ(၂)လက်မခန့် အရှည်ရှိပြီး ၄င်း၏အောက်ဘက်ဍ် စအိုအပေါက်ကဲ့သို့ ကပ်လျက်အပေါက်တစ်ပေါက်ပါရှိသည်၊ ယခုအခါမောင်ဖိုးထူးကလေးမှာ တစ်နှစ်နှင့်ရှစ်လခန့် ရှိလာပါသည်။ ယခု၎င်းကလေးအားမှတ်တမ်းတင်သူအနေဖြင့် ကလေးအားဓါတ်ပုံရိုက်လိုသောအခါ အခက်အခဲနှင့်တွေ့ ရပါသည်။ ယခုလိုအရွယ်မှာပင်ရှက်တက်ပြီး ဓါတ်ပုံရိုက်ရန်အတွက်၎င်း၏အဝတ်များကိုအချွတ်မခံပါ။ ရှက်တက်ပါသည်။ ချော့မော့ရ်ျ၎င်းကြိုက်တက်သောအစားအစာများကျွေးမှသာဓါတ်ပုံအရိုက်ခံပါသည်။

ယခုလိုအရွယ်မှပင်ရှက်တက်သောလူကလေးဖိုးထူးအား တက်သိနားလည်သောဆရာဝန်ကြီးများ၏ ကုသမှုကိုယခုလိုအရွယ်ဍ် ကုသမှုခံယူလိုက်လျှင်ဖြစ်နိုင်ချေရှိသော်လည်း ဖိုးထူး ကလေး၏မိဘများသည် တစ်နေ့ လုပ်မှတစ်နေ့ စားရသော မိဘများဖြစ်သည့်အတွက်ဆေးကုသစရိတ်မတက်နိုင်ကြပါ။

၎င်းမိဘများအားတက်သိနားလည်သောဆရာဝန်ကြီးများနှင့်ပြသဖူးသလားဟုမေးကြည့်မိဖူးပါသည်။ သာယာဝတီခရိုင်ဆေးရုံကြီးသို့ သွားရောက်ရ်ျပြသဖူးပါသည်။ ၄င်းကလေးဍ်အပိုပါသောတန်ဆာကလေးအားလက်အိပ်စွပ်ပြီးကိုင်ကြည့်ပါသည်၊ ဘာမှမဖြစ်ပါဘူးဟုပြောပြီး ၄င်းဆရာဝန်ကြီးမှ စမ်းသပ်ခငွေ ၅၀၀၀ ( ငါးထောင်) ယူထားလိုက်ပါသည်ဟုပြောပါသည်။

ယခုလိုလက်ဖြင့်ကိုင်ကြည့်ရုံဖြင့်စမ်းသပ်ခငွေ ငါးထောင်ပေးလိုက်ရကာ ခွဲစိတ်လျှင် ခွဲစိတ်လျှင်ဒီထက်မက ကုန်ကျမှုဖြစ်နိုင်သည်ဟု စိတ်ထဲဍ်ထင်မှတ်ပြီး ၄င်းတို့ အခြေအနေဖြင့်လည်း မတက်နိုင်ကြောင်း စိတ်မကောင်းစွာပြောပြသည်။
သို့ ပါသောကြောင့်မောင်ထူးခန့် ကျော်(ခ)ဖိုးထူးကလေး၏ဘဝရှေ့ ရေးကိုမျှော်ကိုးရ်ျ အများပြည်သူများ " မောင်ဖိုးထူး " ကလေး၏ ဘဝကိုကယ်တင်နိုင်ရန်စေတနာရှင်များ လိုအပ်နေကြောင်းသိရပါသည်။

တာမွေအောင်ကို
shared by >>http://www.facebook.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...