စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"တောင်ကြီးမြို့ တွင် ငြမ်းစင်ပြိုကျပြီး လူ ၇ ဦး သေဆုံး""


တောင်ကြီးမြို့  ပြည်တော်သာရပ် ကြံ့ခိုင်ရေးလမ်းမှာ တည်ဆောက်ဆဲ အထပ် ၆ ထပ်ပါအဆောက်အဦတခု မနေ့  နေ့လယ် ၃နာရီလောက်မှာ ဆလပ်လောင်းနေ
စဉ် ငြမ်းစင်ပြိုကျပြီး ဆောက်လုပ်ရေး အလုပ်အမား ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေကေတာ့ ဒေါ်ပြုံးရီ၊ မလှလှခိုင်၊ မေထွးထွေး၊ မလှစန္ဒာ၊ ဦးအောင်
ကိုလတ်၊ ဦးတင်အောင်နဲ့ ကိုကုလားကြီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၃ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် ခြေထာက်နဲ့ 
ဦးခေါင်းတွေမှာ ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ ဒေသခံတဦးက
 ပြောပါတယ်။

ငြမ်းစင်ပြိုကျမှုဟာ အထပ် ၆ ထပ်မြောက် ဆလပ်လောင်းနေစဉ်မှာ ငြမ်းစင်အပေါ်
၎ ဦးနဲ့  အောက်မှာ ၆ ဦး  ဖြစ်ပြီး ငြမ်းစင်ပြိုကျရာမှ ပိမိသေဆုံးကြတာလို့ 
ဆိုပါတယ်။

ဒီလုပ်ငန်းခွင်ကို ထွန်းသီရိ ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေတာ ဖြစ်ပါတယ်။အခုလို ဆောက်လုပ်ရေးအလုပ်သမားတွေ
 သေဆုံး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး ဒဏ်ရာရရှိသူတဦးရဲ့ ညီမငယ်က “
ကျမတို့ကို တာဝန်ယူရင် ပြီးတာပါပဲ” လို့ ပြောပါတယ်။

ငြမ်းစင်ပြိုကျခဲ့ရမှုနဲ့ ပတ်သက်ပြီး အလုပ်သမားတဦးက “ဆလပ်က မနေ့ ကတည်းက လောင်းတာ နေ့ ရောညေရာပဲ။ ဒီနေ့လည်း ထပ်လောင်းတယ်။

 ငြမ်းစင် မခိုင်တာကြောင့် ဖြစ်ရတာပါ” လို့ ပြောပါသည်။ဒီဆောက်လုပ်ရေး
လုပ်ငန်းမှာ ဆလပ်လောင်းခ ယောင်္ကျားတဦး ၆၀ဝ၀ ကျပ်ခန့်  ရရှိပြီး မိန်းကေလး
တဦးကို ၅၀ဝ၀ ကျပ် ရရှိတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...