စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ
ရဟန်းတော် တပါးဖြစ်သော အသျှင်
ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ
ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။
အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။
အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့  ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of KELANIYA)၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင် ကျောင်းမှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှ ဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ် တို့ကိုရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) – (ဗုဒ္ဓဘာသာ ပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့ တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ အသျှင်ဉာဏုတ္တရ၏ ပါရဂူဘွဲ့ အတွက် ကျမ်းအမည်မှာ ရခိုင်ပြည်နယ်အပေါ်မှာ ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာ သက်ရောက်မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်းအရလေ့လာမှု . (“A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State“) ဖြစ်သည်။
ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သီရိလင်္ကာသို့  မထွက်ခွာမီ မြန်မာနိုင်ငံတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) အောင်မြင်ပြီး၊
အစိုးရစာချတန်းကျမ်းရင်းများကို ရန်ကုန်မြို့ တွင် စာချအကျော်ဆရာတော်များထံ၌ ဆရာနည်းရသည်အထိ သင်ယူလေ့လာပြီးဖြစ်သည်။ ၄င်းပြင် ၂၀၀၀-ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းအောင်မြင်ခဲ့ပြီး၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိထားသော ပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။
 အသျှင်သည် လောကီလောကုတ္တရာ နှစ်ဖြာသော ပညာရပ်များကို ထူးချွန်ထက်မြတ်စွာဖြင့် အောင်မြင်ထားသော ရဟန်းတပါးဖြစ်သည်။
ထို့ပြင် ဒေါက်တာ အရှင်ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ်စာပြဆရာဖြစ်ဒီပလိုမာ (၂) နှစ် သင်တန်းကိုလည်း ဖြေဆိုအောင်မြင် ပြီးဖြစ်သည်။
 ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြုံတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။
 ယင်းကျောင်းတွင် အမျိုး ဘာသာ သာသနာအတွက် လူသားအကျိုးပြုလုပ်ငန်းများကို
ဦးစားပေး ဆောင် ရွက်ပေးသွားမည်ဖြစ်သည်။ ဒေါက်တာ အသျှင်ဉာဏုတ္တရကို
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်)နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃-ခု ဒီဇင်ဘာလ (၂၀)ရက် (အင်္ဂါနေ့ )တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂)ဦးအနက် (၉)ဦးမြောက် ဖြစ်သည်။ သာသနာဘောင်သို့  ၁၃၆၁-ခု တန်ခူးလဆန်း (၃)ရက် ကြာသပတေး နေ့ တွင် ၀င်ရောက်ခဲ့သည်။
နိရဉ္စရာသတင်း
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...