စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဈေးပေါပေမဲ့လည်း အာနိသင်ကြွယ်ဝပြီး နေ့စဉ်စားသင့်တဲ့ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
by NANG KHA YEA on 09.10.2012

ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်ပြီး စွမ်းအင်မြင့်မားတဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ သကြား၊ အမျှင်ဓာတ်၊ အဆီ၊ သိုင်ယာမင်း၊ နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်၊ ပန်တိုသီးနစ်အက်စစ်၊  ဗီတာမင် စီ၊ ကေ၊ B6 ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ဇင့် (သွပ်) ဓာတ်တို့ ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားလေ့ရှိသလို၊ အချဉ်တည်ပြီး၊ ဟင်းချက်ပြီး၊ စွပ်ပြုတ်လုပ်ပြီး၊ ကြော်ပြီးစားလေ့ ရှိကြပါတယ်။ အရသာရှိတဲ့ ဂေါ်ဖီထုပ်မှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) မကောင်းတဲ့ ကိုလက်စထရောကို သိသိသာသာ လျော့ကျစေပါတယ်

ဂေါ်ဖီထုပ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေရေးမှာ အလွန်ထိရောက်မှု ရှိပါတယ်။ ဂေါ်ဖီထုပ်ဟာ အစာခြေစနစ်ရှိ သည်းခြေအက်စစ်တွေနဲ့ ပေါင်းပြီး ခန္ဓာကိုယ်အပြင်သို့ ကိုလက်စထရောကို ထွက်သွားစေလို့ပါ။ ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားရင် ဒါမှမဟုတ် သုပ်စားရင် ပိုမို အာနိသင်ရှိပါတယ်။ အစိမ်းလိုက် မစားချင်ရင် အနည်းငယ်ပြုတ်ပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီး စားပေးပါ။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၂) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေကို ကောင်းမွန်အောင် လှုံ့ဆော် ကူညီနိုင်ပါတယ်။ ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်ရင် ရောဂါဝေဒနာမျိုးစုံ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေပါတဲ့ ဂေါ်ဖီထုပ်ကို သုံးရက်ကြာတိုင်း အနည်းဆုံး တစ်ကြိမ်စားပေးရင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ဂေါ်ဖီထုပ်ကို အကြာကြီး ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။ ဂေါ်ဖီထုပ်မှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေ အားလုံး ဆုံးရှုံးသွားနိုင်လို့ပါ။ ကိုယ်တွင်းမှာ ရောင်ရမ်းမှု ကျစေတဲ့ အာဟာရဓာတ်တွေ မရှိရင် နာတာရှည် ရောင်ရမ်းမှုဖြစ်ပြီး ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

(၃) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်

ဂေါ်ဖီထုပ်မှာ များများပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တွေက ကင်ဆာရောဂါ အမျိုးမျိုးရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှု အမျိုးမျိုးက သက်သေပြခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ ဂလူကိုစီးနိုးလိတ်ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့် အိုက်ဆိုသိုင်ယိုဆိုင်ယာနိတ်ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ကူးပြောင်းကာ ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးတာနဲ့ ဖျက်ဆီးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်ကို အရင်ကတည်းက ကင်ဆာတွန်းလှန်ပေးတဲ့ အစာအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

(၄) အစာခြေစနစ်ကို ကျန်းမာစေပြီး အစာအိမ်အနာကို ကျက်စေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ အမျှင်ဓာတ်တွေဟာ အစာခြေစနစ် ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ရုံ သာမက အစာအိမ် အနာတွေကို ကျက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဂေါ်ဖီထုပ်မှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ များစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်စစ်နဲ့ ဂလူတာမင်း တို့ကလည်း အူတွေကို ကျန်းမာစေပြီး ကိုယ်တွင်းက ဘက်တီးရီးယားတွေ ထုတ်လုပ်မှုကို မျှတအောင် ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာကြေညက်ကာ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

(၅) စွမ်းအင်ကို တိုးစေပါတယ်

ဂေါ်ဖီထုပ်မှာ စွမ်းအင်အဆင့် မြင့်မားစွာ ပါဝင်တာကြောင့် တက်ကြွစေပြီး လန်းဆန်း နေစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင် ဘီ ဟာ စွမ်းအင်မြင့်မားစွာ ထုတ်ပေးနိုင်ပါတယ်။ ဂေါ်ဖီထုပ်က များများစားရင် လေထစေနိုင်တဲ့အတွက် အသင့်အတင့်ပဲ စားသင့်ပါတယ်။

(၆) အရေပြား အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုတင်းလို အိုမင်းမှု တားဆီးပေးတဲ့ ဒြပ်ပေါင်းတွေများစွာ ပါဝင်သလို အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီလည်း များစွာပါဝင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ပြန်လည် ပြုပြင်ပေးနိုင်ပြီး အရေပြား တောက်ပကြည်လင်စေကာ အရေပြား အိုမင်းမှုမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နုပျိုလှပစေဖို့ ဂေါ်ဖီထုပ်ကို မှန်မှန်စားပေးသင့်ပါတယ်။

ကြယ်စင်
Ref: Good Health
Source>> http://news.yatanarpon.com.mm/news/review-63971
 http://www.facebook.com/notes/health-articles/
http://natureenergycare.blogspot.com/2012/10/blog-post_10.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...