စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗီရိုထဲ ထည့်ရုံဖြင့် အဝတ်ကို လျှော်ပြီးသား ဖြစ်စေမယ့် LG ဗီရို




LG အနေနဲ့ New York Fashion Week မှာ ထူးခြား ဆန်းသစ်တဲ့ ဗီရို တစ်မျိုးကို မိတ်ဆက် ခဲ့ပါတယ်။ ယင်းကတော့ အဝတ်ကို ဗီရိုထဲ ထည့်ထားရုံနဲ့ မိနစ် ၃၀ အတွင်း လျှော်ပြီးသား ဖြစ်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။

ဗီရို တစ်လုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ဝန်းကျင် ရှိပါတယ်။ အပေါ်ထပ်၊ အောက်ထပ် စုစုပေါင်း အဝတ် ၁၀ ထည်မက ချိတ်ထားနိုင်ပြီး တံခါးပေါက် ပိတ်လို့ ခလုပ် နှိပ်လိုက်တဲ့ အခါ မိနစ် ၃၀ ပြည့်လို့ ပြန်ဖွင့်ရင် အဝတ်က လျှော်ပြီးသား၊ ခြောက်ပြီးသား ဖြစ်ပါတယ်။ အဓိကကတော့ ရေနွေးငွေ့ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုင်းရက်စ် သတ်ဖို့ အတွက် ဓာတု အငွေ့ တစ်မျိုးကိုလည်း အသုံးပြုပါတယ်။ တော်ရုံ ပေနေတာတွေကိုလည်း ချွတ်ပေးပြီး အဝတ်ကို မဆွေးစေပါဘူး။ ဆေး အရောင် စွန်းထင်းတာမျိုး ဆိုရင်တော့ လက်နဲ့ ပွတ်ရမယ့် အနေအထားမှာ ရှိပါလိမ့်မယ်။ အဝတ်လျှောက်စက်တောင် လည်ပင်းမှာ ပေတဲ့ နေရာကို ကုန်စင်သွားအောင် မလျှော်ပေးပါဘူး။ ယခု ဗီရို ဆိုရင် ပိုလို့တောင် ခက်ပါလိမ့်မယ်။ ဒါပေမ့် ဘက်ထရီးယားများကို ၉၉.၉၉ ရာခိုင်နှုန်း ကုန်စင်စေကြောင်း အာမခံချက်ဖြင့် ပြသခဲ့ ပါတယ်။ 

အဝတ်ကို လျှော်တဲ့အခါ ရေနွေးငွေ့၊ ဓာတ်ငွေ့နဲ့ တုန်ခါမှု ကိုလည်း အသုံးပြုထား ပါတယ်။ ဗီရိုကို ဟိုတယ်၊ လေဆိပ် အစရှိသဖြင့်တို့မှာ အသုံးပြုထားရှိစေဖို့ ပိုမို ရည်ရွယ်ပြီး အိမ်သုံး အဖြစ်လည်း ဝယ်ယူ အတွက် ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/962508847125701

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...