

ရာသီဥတာ အရမ်းဆိုးဝါးတဲ့ အချိန် Mercedes Benz ကားတွေမှာ လမ်းကိုကြည်ကြည်လင်လင် မြင်ရတဲ့ အနီအောက် ရောင်ခြည်သုံး ကင်မရာတွေ ကိုဖန်တီးနိုင်တယ်ဆို မီးသတ်သမားတွေိုရဲရင့်တဲ့ သူတွေအတွက် တူညီတဲ့ နည်းပညာတစ်မျိုးကို ဘာကြောင့်မတီထွင်နိုင်ရပါမလဲ။
မီးသတ်သမားတွေဟာ မီးထဲရောက်နေတဲ့ လူတွေကို ကယ်တင်တဲ့ အချိန်မှာ မီးထဲတိုးဝင်ရ၊ မီးခိုးငွေ့တွေကြားထဲ သွားရနဲ့ အရမ်းကို အန္တရာယ်ကြီးမားလှ ပါတယ်။ မီးသတ်သမားတွေက သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ပြီး ကယ်တင်ကြရတာပါ။
ဒီလို အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဦးထုပ်ဟာ အရမ်း အရေးပါပါတယ်။ C-Thru ဆိုတဲ့ ကုမ္ပဏီဟာ မီးသတ်သမားတွေရဲ့ ဦးထုပ်ကို နည်းလမ်းအသစ်၊ နည်းပညာ အသစ်နဲ့ တီထွင်ဖို့ အတွက် ကြိုးစားနေကြပါတယ်။ ဦးထုပ်အတွင်းမှာ ဝိုင်ယာတွေနဲ့ ချိတ်ဆက်ထားပြီးတော့ မီးခိုးတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်မှာတောင် မြင်ရစေမှာ ဖြစ်ပါတယ်။
အပူချိန်တိုင်းကိရိယာ တစ်ခုလည်းပါဝင်မှာ ဖြစ်ပြီးတော့ အပူအန္တရာယ်ကို ထိထိရောက်ရောက် ညွှန်ပြမှာ လည်းဖြစ်ပါတယ်။ အပြင်က ဆူညံနေတဲ့ အသံတွေ လျှော့ချပြီး အဆောက်အအုံထဲက အသံတွေကို ပိုကြားရအောင်ပြုလုပ်တဲ့ စနစ်လည်းပါဝင်ပါတယ်။
ဒီဦးထုပ်သာ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ပေါ်လာရင်တော့ အနာဂတ်မှာ မီးသတ်သမားတွေ မတော်တဆ သေဆုံးရတဲ့ အခြေအနေက နေကာကွယ်နိုင်မှာဖြစ်ပါတယ်။


https://www.facebook.com/ayesaycommm/posts/456828954489215
No comments:
Post a Comment