စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရိုးရိုးသောက်ရေကို Coca Cola အဖြစ် ပြောင်းပေးနိုင်မယ့် Keurig ဖျော်စက်


Keurig ဆိုတဲ့ ကုမ္ပဏီဟာ ရိုးရိုးသောက်ရေကို Coca Cola ဒါမှမဟုတ် Sprite ၊ Dr.Pepper ကြိုက်တဲ့ ဖျော်ရည်ပြောင်းပေးနိုင်တဲ့ စက်တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီစက်ဟာ အထူး ပြုလုပ်ထားတဲ့ Pod ဘူးလေးတွေကို စက်ထဲထည့်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ရေကို ကိုကာကိုလာ အဖြစ်ပြောင်းပေးမှာပါ။

Keurig Kold လို့ ခေါ်တဲ့ စက်ကို နာမည်ကြီးအချိုရည်အမှတ်တံဆိပ်တွေဖြစ်တဲ့ Coke ၊ Sprite ၊ Flyte စတာ တွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတာမို့ လို့ ကြိုက်တဲ့ အချိုရည်တံဆိပ်ကို အိမ်မှာတင် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့  ထုတ်သောက် နိုင်ပါတယ်။ အရသာပိုင်းမှာလည်း စက်ကထုတ်ပေးတဲ့ဖျော်ရည်ဟာ တကယ့်နာမည်ကြီးအချိုရည်တွေအတိုင်း တစ်ထေရာတည်းတူတယ်လို့ သိရပါတယ်။ New York မြို့ မှာ Keurig Green Mountain ကုမ္ပဏီရဲ့ CEO Brian Kelly က စက်တင်ဘာ ၂၈ ရက်နေ့ က မိတ်ဆက်ပေးခဲ့ပြီး သုံးစွဲသူတွေရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခု စက်ကို ၃၆၉ ကန်ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပြီး ဖျော်ရည် ၄ မျိုးပါတဲ့ pod ဘူးတစ်ပါကင်ကို ငါး ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်မှာပါ။ ဘူးတစ်ခုစီဟာ ဖန်ခွက်အပြည့်ရှိတဲ့ ရေပမာဏကို အချိုရည်အဖြစ် ချက်ချင်းပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ်။ ဈေးကတော့ မသေးပါဘူး။
TrendMyanmar
http://www.searchmyanmar.com/link/comment/cid/54392

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...