
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာ မမြင်ချင်ရလောက်အောင် စိတ်သောကဖြစ်၊ စိတ် ဖိစီးမှု အဖြစ်ကို ကြုံဖူးပါလသား။ အထူးသဖြင့် လုပ်ငန်းခွင့်မှာပေါ့။ လုပ်စရာ တာဝန်များ၊ ကိစ္စများ ဖိစီးနေပြီး အစည်းအဝေးသာ လုပ်ရတော့မယ် ဆိုရင် မျက်နှာကို တစ်ခုခုနဲ့ ဖုံးထားချင်လောက်အောင် စိတ် ဖိစီးသူများလည်း ရှိကောင်း ရှိပါလိမ့်မယ်။
ယင်းကဲ့သို့ ကြုံတွေ့ရမှုကို ရှုမြင့် သုံးသပ်တဲ့ ကုမ္ပဏီ တစ်ခုရဲ့ ပိုင်ရှင်ဟာ သူ့ ဝန်ထမ်းတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစည်းအဝေးမှာ မျက်နှာဖုံး တပ်စေဖို့ စီစဉ်ခဲ့ ပါတယ်။ တရုတ်ပြည် Hangzhou မြို့ရှိ ကုမ္ပဏီ တစ်ခုမှာ ဖြစ်ပါတယ်။ မိမိ နှစ်သက်ရာ မျက်နှာဖုံးကို ရွေးချယ် တပ်ဆင်ခွင့် ပေးထား ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်တဲ့ အခါ ရုပ်တွေ တည်မထားနိုင်ပဲ ဖြစ်ရပါတယ်။ ဒါကြောင့်မို့ စိတ် ဖိစီးမှုများ အနည်းငယ်တော့ ကျဆင်း ကြပါတယ်။ နောက်ထပ် ဖြည့်ဆည်းပေးထားတဲ့ စီမံချက်ကတော့ ခေါင်းအုံး ရိုက်ပွဲ ဖြစ်ပါတယ်။ ခေါင်းအုံး ရိုက်ပွဲကိုပါ အပတ်စဉ် ပြုလုပ်ပြီး ဝန်ထမ်း အားလုံး ပျော်ပျော်ပါးပါး ခေါင်းအုံး ရိုက်ကြပါတယ်။
ယင်း အလေ့အထကို မြင်တဲ့ အခြား ကုမ္ပဏီများ အနေနဲ့လည်း ၎င်းတို့လို stress ကို လျော့ကျစေမယ့် နည်းလမ်းများကို ရှာဖွေလာကြကြောင်း သိရပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/YoYarLay/posts/962306377145948





https://www.facebook.com/YoYarLay/posts/962306377145948
No comments:
Post a Comment