
ထုတ်ကုန်သစ်ထွက်တာတို့၊ နမူနာရောင်းချမှုတို့၊ ရှိုးပွဲလက်မှတ်တို့ စတာတွေကို ၀ယ်ယူဖို့အတွက် တန်းစီရတာတွေ ကြုံကြဖူးကြမှာပါ။ အားလုံးက မတတ်သာလို့သာ စောင့်ဆိုင်းကြရတယ်။ အဲ့သလို တန်းစီစောင့်ဆိုင်းတာမျိုးကို ဘယ်သူမျှ မလုပ်ချင်ကြပါဘူးနော်။
ဒီအချက်ကို နယူးယောက်က အမျိုးသားတစ်ဦးက ၀င်ငွေလမ်းကြောင်းတစ်ခုအဖြစ် အသုံးချခဲ့ပါတယ်။
နယူးယောက်က ရောဘတ်ဆမ်မြူယယ်အမည်ရ အမျိုးသားဟာ အစားထိုးစောင့်ဆိုင်းပေးရတဲ့ အလုပ်ကနေ သီတင်းတစ်ပတ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ အထိ ၀င်ငွေလမ်းကြောင်းတီထွင်နိုင်ခဲ့ပါတယ်။
သူဟာ တန်းစီစောင့်ဆိုင်းခြင်းအတွက် ပထမတစ်နာရီစာကို ၂၅ ဒေါ်လာ ကောက်ခံပြီး ထပ်တိုးနာရီဝက်တိုင်းအတွက် ၁၀ ဒေါ်လာ ယူတယ်လို့ ဆမ်မြူယယ်က ပြောကြားခဲ့ပါတယ်။
ဆမ်မြူယယ်ဟာ မကြာသေးမီက iPhone 6s ၀ယ်ဖို့စောင့်ဆိုင်းပေးရန် အလုပ်အပ်ခံခဲ့ရပါတယ်။
သူဟာ အက်ပဲစတိုင်းဆိုင်ရှေ့မှာ ၄၈ နာရီစာ စောင့်ဆိုင်းပေးခဲ့ပြီး ဒေါ်လာ ၁၀၀၀ ၀င်ငွေရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မိုးထဲ၊ လေထဲ၊ နှင်းထဲ၊ နေပူထဲ၊ ခိုက်ခိုက်တုန်နေတဲ့ ရာသီထဲမှာ ကျွန်တော်က လေဟာပြင်ထဲမှာ ထိုင်နေခဲ့ရတာပါ” ဟု ဆမ်မြူယယ်က ပြောကြားခဲ့ပါတယ်။
ဆမ်မြူယယ်က ဒီအလုပ်အတွက် အဖွဲ့တစ်ဖွဲ့ကိုပါဖွဲ့စည်းကာ
အဖွဲ့လိုက်လုပ်ကိုင်နေပြီလို့ သိရပါတယ်။
Phothutaw
http://www.searchmyanmar.com/link/comment/cid/54388
No comments:
Post a Comment