စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်ဒိုနီးရှားက ထူးခြားတဲ့ လက်ထပ်မင်္ဂလာပွဲ


အင်ဒိုနီးရှား နိုင်ငံမှာနေထိုင်ကြတဲ့ Tidong ဆိုတဲ့ လူမျိုးစုရဲ့ မင်္ဂလာပွဲဟာ ထူးခြားပါတယ်။ ဒီမင်္ဂလာ ပွဲ မှာ သတို့သားဟာ အချစ်သီချင်း အတော်များများ မဆိုပြီးသရွေ့ သတို့သမီးရဲ့ မျက်နှာကို ကြည့်ခွင့် မရှိပါဘူး။ သတို့သားနဲ့ သတို့သမီးတို့ အကြားက ကာထားတဲ့ ခန်းဆီးကို လိုအပ်တဲ့ ဂီတသံ တွေရဲ့ အပြီးမှာ မှ တဖြည်းဖြည်းချင် မြင့်တက်လာတာပါ။ ဒါပေမဲ့ လုံးဝ မြင်ရတာတော့ မဟုတ်သေးပါဘူး။ သီချင်းတွေ အကုန်ဆိုပြီးတော့ မှ မြင်နိုင်တာ ဖြစ်ပါတယ်။ ဒီ သီချင်းဆိုပွဲ ပြီးသွားတဲ့ အချိန်မှာ သတို့သားနဲ့ သတို့သမီး နှစ်ယောက်လုံးဟာ လက်ထပ်ပွဲပြီးတဲ့ အချိန်ကနေ ၃ ရက် ၃ ည ဆက်တိုက် ရေချိုးခန်းကို အသုံးမပြုကြရပါဘူး။

Tidong လူမျိုးတွေဟာ ဒီလို ၃ ရက် ၃ ည ရေချိုးခန်းကို အသုံးမပြုတဲ့ အတွက် ဒီမင်္ဂလာ စုံတွဲအတွက် ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ယူဆကြပါတယ်။ ဒီ ၃ ရက်ထဲမှာ အစားအသောက်ကိုလည်း နည်းနည်းပဲ စားကြရပါတယ်။ သူတို့ နှစ်ယောက်လုံးကို ၃ ရက်စလုံး လူတွေက မပြတ်တမ်းစောင့်ကြည့်နေကြပြီး ၃ ရက် ပြည့်တဲ့ အချိန်ကျမှ ပုံမှန် ဘဝကို ပြန်ရောက်ပါတယ်။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.38255

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...