စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်အိမ်လုံးမှာ ပုပ်ဆော်နံ့တွေ ထွက်နေပါက ဒီလိုနည်းဖြင့် ဖြေရှင်းနိုင်


အိမ်တစ်ခုလုံးမှာ အနံ့အသက်ဆိုး ထွက်နေပါက ဘယ်လိုလုပ်ကြမလဲ။ မီးဖိုပေါ် ရှာလကာရည် အငွေ့တစ်ထောင်းထောင်းထွက်အောင် တည်ခြင်းဖြင့် အနံ့ဆိုးတွေကို လွင့်ပြယ်စေနိုင်ပါတယ်။

ယင်းအနံ့ဆိုးကို ပျက်ပြယ်စေနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ဖုံးဖိစရာ မလိုအပ်ပါ။ မိမိအိမ်ကို အပုပ်နံ့ထွက်စေတဲ့ အနံ့ဆိုးတစ်ခုခု သို့မဟုတ် မနေ့က တစ်စုံတစ်ခု ကြော်လှော်ချက်ပြုတ်ရာမှာ အနံ့တွေ စွဲကျန်နေသည်ပဲဖြစ်ဖြစ် အဲဒီအနံ့ဆိုးကို အမြန်ဆုံးထုတ်ပစ်ဖို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းတစ်ခုပါပဲ။

မီးဖိုပေါ်တင်ထားတဲ့ အဖုံးဖွင့်လက်ကိုင်တပ် ဒယ်တစ်ခုထဲ ရှာလကာရည်တစ်ခွက်လောက် လောင်းထည့်ပြီး တအုံနွေးနွေး ဆူပွက်နေအောင် တည်ပါ။ ယင်းအငွေ့တထောင်းထောင်းထနေတဲ့ ရှာလကာရည်ဟာ ပုပ်ဆော်နံ့တွေ ထွက်စေတဲ့ အရာတွေ လေထဲလွင့်ပြယ်စေမှာဖြစ်တယ်။ အဲဒီအတိုင်း ခဏထားထားပါက သင့်အိမ်တစ်ခုလုံး အနံ့အသက်ဆိုးများ ပျောက်ကင်းသွားစေပါလိမ့်မယ်။ အစပိုင်းမှာတော့ ရှာလကာရည်အနံ့လေး အနည်းငယ် စွဲကျန်နေနိုင်ပေမယ့် ခဏကြာအပြီးမှာတော့ ဘယ်အနံ့အသက်မှ ကျန်ရစ်နေတော့မှာ မဟုတ်ပါဘူး။
TrendMyanmar
http://www.searchmyanmar.com/link/comment/cid/54379

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...