စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရင်ချင်းဆက် အမြွှာပူး


ရင်ချင်းဆက်တဲ့ အမြွှာပူးတွေကို ခွဲစိတ်တဲ့အခါ နှစ်ယောက် စလုံး အသက်ရှင်င်္နိုင်ချေက ၅၀ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ အဓိကကတော့ လူတစ်ယောက်တည်းမှာသာ ရှိရမယ့် အစိတ်အပိုင်းကို နှစ်ယောက်အတူတူ မျှသုံးနေရမယ် ဆိုရင် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ကလေးငယ် နှစ်ဦးကတော့ အသည်းနဲ့ ဝမ်းဗိုက်ကို အတူတူ မျှသုံးပေမယ့် ခွဲစိတ်တဲ့အခါ နှစ်ဦးစလုံး ကံကောင်းထောက်မစွာပဲ အသက်ရှင်ခဲ့ ပါတယ်။
အသည်းဟာဆိုရင် တစ်ခြမ်းစီချန်ခဲ့ပေမယ့် သူဟာ ပြန်လည် ကြီးထွားနိုင်တဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် ဖြစ်ပါတယ်။ အမေရိကတိုက် အလယ်ပိုင်း အယ်ဆာဗေဒေါနိုင်ငံမှ လူငယ်ဇနီးမောင်နှံ တို့ဟာ ရင်ချင်းဆက်တဲ့ အမြွှာပူးကို မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း ရင်ချင်းဆက် အမြွှာပူးကို မှတ်တမ်းတင် ဓာတ်ပုံကို သတင်းမီဒီယာတစ်ခုမှ ရိုက်ကူးပြီး အွန်လိုင်းကို ဖြန့်တဲ့အခါ လူသိများ သွားကြ ပါတယ်။ သူတို့ကို မေလ ၂၀၁၅ ခုနှစ်က မွေးဖွားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ခွဲစိတ်အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်လကျော်ဝန်းကျင်သာ အသက်ကြီးသေးတဲ့ ကလေးများ ဖြစ်ပါတယ်။ ရင်ချင်းဆက် အမြွှာ မွေးဖွားနိုင်ချေဟာ ကလေးမွှေးဖွားမှု အကြိမ် ၂သိန်းမှာ တစ်ခုသာ ကြုံတွေ့နိုင်ဖွယ်ရှိတာ ဖြစ်ပါတယ်။
ယင်းကြုံတွေ့မှုမှာ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ မွေးဖွားတဲ့အခါ ခွဲစိတ်ရန် အခက်အခဲကြောင့် ကလေးငယ်များ သေဆုံးရမှု ရှိသလို တစ်သက်လုံး အဆက်လိုက် ယှဉ်တွဲ နေထိုင်သွားမှုများလည်း ရှိပါတယ်။ ခေါင်းနှစ်လုံးနဲ့ ကိုယ်တစ်ခုသာ ပါတဲ့ အမေရိကန်က Abigail နဲ့ Brittany Hensel တို့ ညီအစ်မ ဟာ ဆိုရင် ကမ္ဘာ့ အထင်ရှားဆုံး ကိုယ်ချင်းဆက်တဲ့ အမြွှာ တစ်စုံ ဖြစ်ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
 
 https://www.facebook.com/YoYarLay/posts/962794003763852

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...