စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နားကိုက်တဲ့ အခါ ပြုလုပ် သင့်သည်များ



ရှေးဦးစွာနားကိုက်ဝေဒနာသက် သာအောင် ပါရာစီတမော ပါဝင်တဲ့ ဆေး တစ်မျိုးမျိုး သောက် ပါ ။ ရေနွေး အိတ် ကပ် ပေးပါ။

နားပြည် ယိုခြင်း၊ သငန်ရည် ထွက် ခြင်းများ ရှိပါက ဂွမ်းစငယ် တစ်ခုနှင့် သန့်စင်ပါ။ နားကျပ် တံ၊ နားကလော် တံ လုံးဝ အသုံးမပြု ရပါ။

နီးစပ်ရာ ဆေးခန်း သို့ပြပါ။ နား ကိုက် သည့် ပြဿနာ သည် စိုးရိမ်ဖွယ် ရာ ရှိ။မရှိ ဆရာဝန် က အ ဆုံးအဖြတ် ပေးနိုင် သည်။

ပိုးသတ်ဆေး ရယူပါ။ နား ပိုးဝင်ခြင်း အတွက် အသုံးများ သည့်ပိုးသတ် ဆေးမှာ Amoxicilin ဖြစ်ပါ သည်။

မီးခိုးမှန် သမျှ ရှောင်ပါ။ ဆေးလိပ် ငွေ့ မှန်သမျှ၊ မီးခိုး မှန်သမျှ မရှူမိ ပါ စေနှင့်။ နှာခေါင်းနှင့် နား ဆက် စပ်နေ သည့်ပြွန် ( Eustachian Tube ) အတွင်း မီးခိုး ကြောင့် ပိတ်ဆို့ မှုဖြစ် ပွားလျှင် နား ကိုက်ဝေ ဒနာပိုဆိုး တတ်သည်။

ကြက်သွန်ဖြူ မှ ရသော အဆီကို နားထဲသို့ နှစ်စက်ခန့် ထည့်ပါ။ ပိုး သေစေသည့် အာနိသင် ရှိသ ည့် အပြင် နှာခေါင်းနှင့်နားဆက်နေ သည့် ပြွန်ကို ပွင့်နေ စေရန် အကူ အညီ ပေးသည်။

နားကိုက်နေ သည့်အချိန် ၌ ရေကူး ခြင်း ရှောင်ပါ။ အနားယူ ပါ။ လမ်း လျှောက်ခြင်း၊ လှုပ်ရှား မှု ပြုခြင်း သည် နားကိုက် ဝေဒနာ ကို ပိုဆိုးစေ သည်။

အရည်များ ထွက်ကျ စေရန် ရည်ရွယ် ၍ နားကိုက်သည့် ဘက်သို့ စောင်း မအိပ် ပါနှင့်။ ပက်လ က် ဖြ စ်ေ စ၊ တစ်ဖက် စောင်းပြီး နားကိုက် သည် ဘက်ကို အပေါ်တွင် ထား၍ ဖြစ်စေ အိပ်နိုင် သည်။

ဇော်ကို
Health Updates Journal

http://myawadynews.blogspot.com/2013/09/blog-post_5324.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...