Sunday, September 29, 2013Bobtail ပြည်ကြီးငါးများသည် ပင်လယ်သမုဒ္ဒရာများမှ သဘာဝ အလှတရားများအဖြစ် ရေအောက် ဓာတ်ပုံဆရာ တစ်ဦးက သက်သေထူ ပြသလိုက်သည်။ အဆိုပါ ပြည်ကြီးငါးများ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပါဝင်သည့် ထောင်နှင့်ချီသော ပြင်ပအရေပြားလွှာ ဆဲလ်များသည် အရောင်များကို အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိသည်။
တော့ဒ်သည် ဘာမြူဒါတွင် လှေတစ်စင်းဖြင့် လှည့်လည်ရင်း အဆိုပါ ပြည်ကြီးငါးများ၏ လှပဆန်းကျယ်သော အရောင်ပြောင်းလဲမှုများကို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ တော့ဒ်သည် ဒေသခံ ရေငုပ်သမားများကို အားကျစိတ်ဖြင့် ကိုယ်တိုင်လည်း ဝါသနာအလျှောက် ရေငုပ်ခဲ့သူ ဖြစ်သည်။ အသက်(၁၂)နှစ်သား ကတည်းက ရေအောက်သဘာဝနှင့် မစိမ်းတော့သည့် တော့ဒ်သည် (၂၀၀၈)ခုနှစ်တွင် ရေအောက် ကင်မရာ တစ်လုံးကို ဝယ်ယူကာ ပါလာအူတွင် ရေအောက် သက်ရှိများကို လိုက်လံ ဓာတ်ပုံရိုက်ခဲ့သည်။
Bobtail ပြည်ကြီးငါးများမှာမူ ကင်းမွန်များနှင့် ပုံစံဆင်တူပြီး စုပ်ခွက်ပါသည့် လက်တံ(၈)ခု ပါရှိသော သက်ရှိငယ်များ ဖြစ်ကြသည်။ ထို့အပြင် ရှည်လျားသည့် ဘဝဲလက်တံနှစ်ခုလည်း ပါရှိသည်။ ယင်းတို့သည် ပစိဖိတ် သမုဒ္ဒရာ ကမ်းဦးရေတိမ်ပိုင်းများနှင့
Planet Myanmar Network
https://www.facebook.com/photo.php?fbid=476746605756509&set=a.351047714993
No comments:
Post a Comment