စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ ဝေဠုဝန်ကျောင်းတော် ဆိုသည်မှာ


မြတ်စွာဘုရား သီတင်းသုံးရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရှဥ့်နက်တို့ကို အစာပေး၍ မွေးမြူရာဖြစ်သော-ဟု ၀ိသေသနတပ်၍ ဆိုသည်မှာ အဘယ်သူသည် အဘယ်အခါက ရှဥ့်နက်တို့ကို အစာပေး၍ မွေးမြူထားခြင်း ဖြစ်ပါသလဲဘုရား။

( ဖြေ ) ကလန္ဒ နိဝါပ-( ကလန္ဒ-ရှဥ့်နက်တို့ကို၊ နိဝါပ-အစာပေးရာ ) ရှဥ့်နက်တို့ကို အစာပေးရာဌာန။
အဋ္ဌကထာတို့တွင် ရှေးအခါက မင်းတပါးသည် ထိုဌာနဥယျာဉ်၌ ကစားရန်လာသော် သေရည်ယစ်မူး၍ သစ်ပင်ရင်းတခုဝယ် အိပ်လေ၏၊ နောက်လိုက်နောက်ပါတို့သည် ဟိုဟိုသည်သည် သွားကုန်၏၊
ထိုအခါ သေနံ့ကိုရ၍ သစ်ခေါင်းတွင်နေသော မြွေဟောက်တကောင်သည် ထွက်၍လာပြီးသော် အိပ်နေသောမင်းကြီးအထံသို့ သွားလေ၏။

ထိုအခြင်းအရာကို ရုက္ခစိုးနတ်မြင်လျှင် မင်းကြီးအား အသက်ကိုပေးအံ့-ဟူ၍ ရှဥ့်နက်အသွင် ဖန်ဆင်းကာ မင်းကြီး၏ နားအနီး၌ မြည်လေ၏၊ မင်းကြီးနိုးလတ်သော် မြွေဟောက်သည် ဆုတ်ခွါသွားလေ၏၊ မင်းကြီးသည် ရှဥ့်နက်ကိုမြင်၍ ဤရှဥ့်နက်သည် အသက်ကိုပေး၏-ဟု ကျေးဇူးတင်လျက် ဥယျာဉ်၌ ရှဥ့်နက်တို့ကို အစာကျွေးစေလျက် ဘေးမဲ့ပေးလေ၏၊ ထိုနေရာ၌ ဝေဠုဝန်ကျောင်းတော်ဖြစ်၍ ကလန္ဒ နိဝါပ-ရှဥ့်နက်တို့ကို အစာပေးရာဌာန-ဟု ခေါ်သည်-ဟု ဖွင့်ဆိုထားသည်ကို မှတ်သားနိုင်ပါသည်။


ဒီနေရာမှ ကူါးသည်။ယူမျှဝေပ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...