စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဆုများတွင် ရုပ်ရှင်ထူးချွန် ဆုများပါဝင်




ရုပ်ရှင်ထူးချွန်ဆုရရှိခြင်း သည် ရုပ်ရှင်လောကသားများ အဖို့ အနုပညာမှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခြင်းဖြစ်ပြီး နိုင်ငံတိုင်း၌ ရုပ်ရှင်ဆု ပေးပွဲများအား တခမ်းတနား ကျင်း ပ လေ့ ရှိသည်။ ဝင်ငွေမည်မျှကောင်း သည့် အနုပညာရှင်ဖြစ်စေကာမူ ၎င်း၏အနုပညာကို အသိ အမှတ်ပြုသည့်ဆုအား လိုချင် သည်သာဖြစ်သည်။ ကမ္ဘာ့အသိ အမှ တ်ပြုရုပ်ရှင် ထူးချွန်ဆုရ သည့် အနုပညာရှင်ဆိုလျှင် သာ၍ပင် ဂုဏ်ယူဝင့်ကြွားတတ် ကြသည်။ နိုင်ငံအသီးသီးရှိ ရုပ် ရှင် ဆုပေးပွဲများအနက် ကမ္ဘာ့ အသိအမှတ်ပြု ထိပ် တန်းရုပ်ရှင် ဆုပေးပွဲများအကြောင်းကို ဖော်ပြပေးလိုပါ သည်။ ဆုပေးပွဲဆိုသည်မှာ နယ် ပယ် အသီးသီးမှ အတတ်ပညာ ရှင်များအား အသိအမှတ်ပြုခြင်း ဖြစ်ပြီးဆု ရရှိသူ များအား မီဒီယာများက တခမ်းတနားဖော်ပြ လျက်ရှိသည်။ ကမ္ဘာ့ထိပ်တန်း စာရင်းဝင် ဆုဆယ်မျိုးနှင့် ရုပ်ရှင်လောကသားများ အတွက် ချီးမြှင့်သည့်ဆုလေးဆု ပါဝင်သည်။

အော်စကာဆု

အော်စကာဆုသည်နိုဗယ်ဆုပြီးလျှင် ကမ္ဘာ့ထိပ် တန်းစာရင်းဝင် ဒုတိယမြောက် ဆုဖြစ်ပြီး ရုပ်ရှင်ဆု ပေးပွဲများ၌ အမြင့်ဆုံးဆုတစ်ဆုဖြစ် သည်။ အော်စကာဆုပေးပွဲအား ကမ္ဘာ တစ်ဝန်းရှိ သန်းပေါင်းများစွာ သော ပရိသတ်များက ရုပ်မြင် သံကြားမှတစ်ဆင့် အားပေး ကြည့်ရှုလေ့ရှိသည်။ အော်စကာ ဆုပေးပွဲအား ၁၉၂၆ ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး Walt Disney ရုပ်ရှင်ကုမ္ပဏီ က ဆုပေါင်း ၂ဝ ဆုကို အများ ဆုံး ဆွတ်ခူးရရှိထားသည်။

BAFTA ဆုပေးပွဲ

၁၉၄၇ ခုနှစ်က စတင် ကျင်းပခဲ့သည့် The British Academy of Film and Television Arts ဆုပေးပွဲသည် ကမ္ဘာ့ထိပ်တန်း ၄ ခု မြောက်ဆုဖြစ်သည်။ ဗြိတိန်မင်းသမီး ဂျူဒီဒန့်(ခ်ျ) သည် ၎င်း၏ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားဇာတ်ရုပ်များအတွက် ဆုရှစ်ဆု ရပြီး ဦးဆောင်လျက်ရှိသည်။

ရွှေကမ္ဘာလုံးဆုပေးပွဲ

၎င်းအမေရိကန်ရုပ်ရှင် ဆုပေးပွဲအား ၁၉၄၃ ခုနှစ်၌ စတင်ကျင်းပခဲ့ပြီး ဟောလီးဝုဒ် မင်းသမီး ဂျူလီယာရောဘတ် သည် ငါးကြိမ်ဆန်ခါတင် ရွေး ချယ်ခံရပြီး ဆုသုံးဆုရရှိခဲ့သည်။ ရွှေကမ္ဘာလုံးဆုသည် ကမ္ဘာ့ထိပ် တန်း ၅ ခုမြောက် စာရင်းဝင် ဖြစ်သည်။

ကိန်းရုပ်ရှင်ပွဲတော်

ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ကိန်းမြို့၌ ကိန်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ကျင်းပလေ့ ရှိသည်။ ၎င်းရုပ်ရှင်ပွဲတော်၌ Palme d’or (ရွှေအုန်းပင်) ဆုမှာ အမြင့်ဆုံးဖြစ် ပြီး ၁၉၅၅ ခုနှစ်က စတင်ချီးမြှင့်ခဲ့ ခြင်းဖြစ်သည်။

သိင်္ဂီဝင်း၊ Ref; CNN


https://www.facebook.com/photo.php?fbid=474656059298897&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...