စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်္ဂလသုတ်တော် ၀တ္ထုဖြစ်စဉ်၊ ပါဠိတော်၊ အနက် နှင့် အကျိုး

 


မင်္ဂလသုတ်တော် ၀တ္ထုဖြစ်စဉ် မင်္ဂလသုတ်တော်ဖြစ်ပေါ်ရာ နေရာဒေသသည်ကား သာသတ္ထိပြည်မွန် ဇေတ၀န် ကျောင်းတော် တွင် ဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ဘုရားသခင်သည် အနာထပိဏ် သူဌေး ဆောက်လုပ် လှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ စံနေခိုက်… လူ့လောကတွင် မင်္ဂလာဆိုတာဘာလဲ ဟူသော ပြဿနာ ပေါ်ပေါက်လေသည်။


မည်သည့်အချက်သည် မင်္ဂလာဖြစ်သည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသော ကာလဖြစ်သဖြင့် မိမိတို့ ထင်ရာ၊ မြင်ရာ၊ ကြိုက်ရာကို မင်္ဂလာ-ဟု စွဲလမ်းနေကြသော အုပ်စုကြီး (၃)ခု ရှိလေသည်။
တစ်အုပ်စုမှာ ကြားသောအသံကို စွဲ၍ ရယ်မောသံ၊ ကျက်သရေရှိသော စည်မောင်းသံ၊ ခရုသင်းသံ စသော ဣဋ္ဌာရုံဖြစ်ဖွယ် အသံကြားလျှင် မင်္ဂလာ-ဟု ဆို၏။


တစ်အုပ်စုက ကြားရုံနှင့် မင်္ဂလာ ဘယ်မှာဖြစ်ပါ့မလဲ၊ မျက်စိနှင့် တပ်အပ် ထင်ထင်မြင်မှသာ မင်္ဂလာ ဖြစ်မှာပေါ့၊ လှပသော ပန်းကို မြင်ခြင်း၊ စိန်-ရွှေ-ငွေ-ရတနာ ၀တ် ဆင်ထားသော မိန်းမပျိုကို မြင်ခြင်း၊ ရေပြည့်သောအိုး၊ သွေးရောင် လှပ နွားမ၀၀ စသည်တို့ကို မြင်မှ မင်္ဂလာဖြစ်သည်ဟု ဆိုပြ၏။


ကျန် တစ်အုပ်စုက ကြားရုံ၊ မြင်ရုံနှင့် မင်္ဂလာ မဖြစ်သေး၊ ကိုယ်တိုင် ဒိဋ္ဌမြင်တွေ့ရမှာ မင်္ဂလာ ဖြစ်ရပေမည်။ ပန်းလှလှကို မြင်ရရုံ မဟုတ် လက်နှင့်ကိုင်၊ နှာခေါင်းနှင့် နမ်းရှူရမှ မင်္ဂလာ၊ ရေပြည့်အိုး မြင်ရတာထက် ရေကိုသောက်ရမှပေါ့၊ နွားမ ၀၀ မြင်ရတာထက် နွားနို့မလိုင်ခဲ စားရမှ မင်္ဂလာ-ဟု ဆိုကြ၏။


ထို အုပ်စု (၃)စုသည် သူ့အယူ မှန်သည်၊ ကိုယ့်အယူ မှန်သည် ဟု ငြင်းခုံကြရာ တစ်ဖက်နှင့် တဖက် စင်မြင့်ဆောက်၍ ရက်ရှည်လများ ဟောပြောပွဲကြီးများနှင့် ငြင်းခုံကြရာ လူပါမက ကိုယ်စောင့်နတ်ချင်းပင် ငြင်းခုံကြ၏။
ယင်းကဲ့သို့ ပြဿနာ စခဲ့ခြင်းမှ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်များမှ တစ်ဆင့် အာလိန် ငါးဆင့်ကို ကျော်ကာ တာဝတိံသာနတ်များထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲ ကူးစက် လာတော့၏။ ထိုသို့သော ပြဿနာ ကြီးမားမှုကြောင့် မည်သူမှန်သည်၊ မည်သူမှားသည် အဆုံးအဖြတ်ပေးပါရန် သိကြားမင်းထံဝင်၍ ရင်ဆိုင်ကြလေတော့သည်။


ဤတွင် သိကြားမင်းက ဤမင်္ဂလာကိစ္စသည် ကျယ်ဝန်းနက်နဲလှသည်၊ ငါလည်း အမှန်မသိ၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှားပွင့်တော်မှုနေသော ဂေါတမ မြတ်စွာဘုရားသည် သိရှိနိုင်ရာ၏။ ခေတ္တ စောင့်ကြ-ဟု ဆိုကာ နတ်သား တစ်ဦးအား ဘုရားရှင်ထံ မေးမြန်းရန် လွှတ်လိုက်လေသည်။
ထိုနတ်သား မေးလျှာက်ချက်အရ ဘုရားသခင် ပြန်လည်ဟောကြား ဖြေဆိုသော မင်္ဂလာတရား(၃၈)ပါး ပါဝင်သည့် ဤ မင်္ဂလသုတ်တော် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသတည်း။
သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ဖြစ်ပေါ်လာပုံ ရှစ်လုံးဖွဲ့

မင်္ဂလာဟု ခေါ်ပြုထိုက်စွာ
ဗြဟ္မာ, နတ်, လူ ရုံးစုများစွာ
ငြင်းခုံပွဲမှ ဗုဒ္ဓထံမှာ
လျှောက်တင်ရင်း ထင်လင်းပေါ်ခဲ့တာ။

မင်္ဂလသုတ် ပါဠိတော်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
 

၁။ ယံမင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။
 

၂။ ဒေသိတံ ဒေ၀ ဒေဝေန၊ သဗ္ဗပါပ ၀ိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
 

၃။ ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ
ဝိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ၊
အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ။
 

၎။ ယေန ဘဂ၀ါ တေနုပသင်္ကမိ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမနံ္တအဋ္ဌာသိ။
ဧကမနံ္တ ဌိတာခေါ သာဒေ၀တာ ဘဂ၀နံ္တ ဂါထာယ အဇ္ဈဘာသိ။
 

၅။ ဗဟူဒေ၀ါ မနုဿာစ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သေတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။
 

၆။ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
 

၇။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလာမုတ္တမံ။
 

၈။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သူဘာသိတာ စ ယာဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။
 

၉။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
 

၁၀။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါစ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
 

၁၂။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိစ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
 

၁၃။ ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ ၦာ၊ ဧတံ မဂၤလ မုတၱမံ။
၁၄။ တေပါစ ျဗဟၼစရိယဥၥ၊ အရိယသစၥာန ဒႆနံ။
နိဗၺာန သစိ ၦကိရိယာ စ၊ ဧတံ မဂၤလ မုတၱမံ။
 

၁၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
 

၁၆။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။
မင်္ဂလသုတ်ပါဌ် ပြီး၏။

မင်္ဂလသုတ် အနက်
 

၁။ သဒေ၀ကာ၊ နတ်နှင့်တကွသော လူတို့သည်။ ယံမင်္ဂလံ၊ အကြင်မင်္ဂလာ တရားတော်ကို။ ဒွါဒသဟိ၊ တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး။ စိန္တယိံသု၊ ကြံကြကုန်၏။ စိန္တယန္တာပိ၊ ကြံကြကုန် သော်လည်း ။ သောတ္ထာနံ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော။ အဋ္ဌတိံ သဉ္စ၊ သုံးဆယ့်ရှစ်ပါး အပြားရှိသည် လည်းဖြစ်သော။ တံ မင်္ဂလံ၊ ထိုမင်္ဂလာ တရားတော်ကို။ နာဓိဂစ္ဆနိံ္တ-န အဓိဂစ္ဆန္တိ ဧ၀၊ မသိနိုင်သည်သာလျှင်တည်း။
 

၂။ ဒေ၀ဒေဝေန၊ နတ်တကာတို့ထက် မြတ်သော ၀ိသုဒ္ဓိနတ် ဖြစ်တော်မူသော ဘုရားသည်။ သဗ္ဗလောက ဟိတတ္ထာယ၊ အလုံးစုံသော သတ္တလောက၏ အစီးအပွားအလို့ငှာ။ ဒေသိတံ၊ ဟောတော်မူ အပ်သော။ သဗ္ဗပါပ၀ိနာသနံ၊ အလုံးစုံသော မကောင်းမူကို ပယ်ဖျောက်ပေတတ် ထသော။ တံ မင်္ဂလံ၊ ထိုမင်္ဂလာတရားတော်ကို။ ဟေ၊ အို… သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။
 

၃။ ဘန္တေကဿပ၊ အရှင်မဟာကဿပ။ ဣဒံသုတ္တံ၊ ဤ မင်္ဂလသုတ်တော်ကို။ မေ မယာ အာနန္ဒတ္ထေရေန၊ အကျွန်ုပ် အာနန္ဒာ မထေရ်သည်။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သမ္မုခါ မျက်မှောက်တော်မှ။ ဧ၀ံ၊ ဤသို့။ သုတံ၊ ကြားလိုက်ရ၏။ ဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဥပဓာရိတံ၊ ဆောင်လိုက်ရ၏။ ဧကံ၊ တစ်ပါးသော။ သမယံ၊ အခါ၌။ ဘဂ၀ါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိတ်သူဌေး၏။ 

အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော။ ဇေတ၀နေ၊ ဇေတ၀န်ကျောင်းတော်၌။ ၀ိဟရတိ၊ နေတော်မူ၏။ အထခေါ၊ ထိုသို့ နေတော်မူသော အခါ၌။ အညတရာ၊ အမျိုးအမည်အားဖြင့် မထင်ရှားသော။ ဒေ၀တာ၊ နတ်သားသည်၊ အဘိက္ကန္တာယ၊ ညဉ့်ဦးယံ လွန်ပြီးသော။ ရတ္တိယာ၊ သန်ခေါင်အခါ၌။ အဘိက္ကန္တ ၀ဏ္ဏာ၊ အလွန် နှစ်လိုဖွယ်သော အဆင်းရှိသည် ဖြစ်၍။ ကေ၀လကပ္ပံ၊ အလုံးစုံသော။ ဇေတ၀နံ၊ ဇေတ၀န် ကျောင်းတော်ကို။ သြဘာသေတွာ၊ ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေဦး၍။
 

၎။ ယေန၊ အကြင်အရပ်၌။ ဘဂ၀ါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုဘုရားရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဘဂ၀နံ္တ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးဦး၍။ ဧကမနံ္တ၊ တင့်တယ်လျောက်ပတ်သော အရပ်၌။ အဋ္ဌာသိ၊ ရပ်လေ၏။ ဧကမနံ္တ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။ ဌိတာခေါ၊ ရပ်ပြီးသော။ သာဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ ဤသို့ နားတော် လျှောက်လေ၏။
 

၅။ ဘန္တေဘဂ၀ါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ ဗဟူ၊ များစွာကုန်ုသော။ ဒေ၀ါစ၊ နတ်တို့သည် လည်းကောင်း။ မနုဿာစ၊ လူတို့သည် လည်းကောင်း။ သောတ္ထာနံ၊ စင်ကြယ်စွာသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာကို။ အာကင်္ခမာနာ၊ လိုချင်တောင့်တကုန်သည်ဖြစ်၍။ မင်္ဂလာနိ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်ကုန်သော မင်္ဂလာ တရားတို့ကို။ ဒွါဒသဟိ၊ တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး။ အစိန္တယုံ၊ ကြံကြကုန်၏။ တံ၊ ထိုမင်္ဂလာတရားတော်မြတ်ကို။ တွံ၊ အရှင်ဘုရားသည်။ ဗြူဟိ၊ ဟောတော်မူပါလော့။
 

၆။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ဗလာနံ၊ လူမိုက်တို့ကို။ ယာ အသေ၀နာစ၊ အကြင်မမှီဝဲ မဆည်းကပ်ရခြင်းသည် လည်းကောင်း။ ပဏ္ဍိတာနံ၊ ပညာရှိသော သူတို့ကို။ ယာသေ၀နာစ၊ အကြင်မှီဝဲ ဆည်းကပ်ရခြင်းသည် လည်းကောင်း။ ပူဇနေယျာနံ၊ ပူဇော်ထိုက်သောသူတို့ကို။ ယာ ပူဇာစ၊ အကြင် ပူဇော်ရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤသုံးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၇။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ပတိရူပ ဒေသ၀ါ သောစ၊ တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်းသည် လည်းကောင်။ ပုဗ္ဗေ၊ ရှေးဘ၀၌။ ကတပုညတာစ၊ မိမိပြုခဲ့ဖူးသော ကောင်းမူရှိသော သူ၏ အဖြစ်သည် လည်းကောင်း။ အတ္တသမ္ပာ ပဏိဓိစ၊ မိမိကိုယ်ကို ကောင်းစွာဆောက်တည်ရခြင် သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤသုံးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟဒိ၊ မှတ်လေလော့။
 

၈။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ဗဟုဿစ္စဉ္စ အကြားအမြင် များသောသူ၏ အဖြစ်သည် လည်းကောင်း။ သိပ္ပဉ္စ၊ လက်မူပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ရခြင်းသည် လည်းကောင်း။ သုသိက္ခိတော။ ကောင်းစွာသင်အပ်သော။ ၀ိနယောစ၊ ၀ိနည်းတရားသည် လည်းကောင်း။ သုဘာသိတာ၊ ကောင်းစွာဆိုအပ်သော။ ယာဝါစာစ၊ အကြင်စကားသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၉။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ မာတာပိတု၊ အမိ, အဘတို့ကို။ ဥပဋ္ဌာနဉ္စ၊ လုပ်ကျွေး မွေးမြူရခြင်းသည် လည်းကောင်း။ ပုတ္တဒါရဿ၊ သားမယားကို။ သင်္ဂဟောစ၊ သဂြိုလ် ထောက်ပံ့ရခြင်းသည် လည်းကောင်း။ အနာကုလာ၊ အနှောင့်အယှက်မရှိကုန်သော။ ကမ္မန္တာစ၊ အမူတို့ကို ပြုရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧ၀ံ၊ ဤသုံးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၁၀။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ဒါနဉ္စ၊ အလှူပေးရခြင်းသည် လည်းကောင်း။ ဓမ္မစရိယာစ၊ မြတ်သောအကျင့်ကို ကျင့်ရခြင်းသည် လည်းကောင်း။ ဉာတကာနံ၊ အဆွေးအမျိုးတို့ကို။ သင်္ဂဟောစ၊ သင်္ဂြိုလ်ထောက်ပံ့ရခြင်းသည် လည်းကောင်း။ အန၀ဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ ကမ္မာနိစ၊ အမူတို့ကို ပြုရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်၏ဟူ၍၊ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၁၁။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ပါပါ၊ မကောင်းမူမှ။ အာရတီစ၊ ဝေးစွာ ရှောင်ကြဉ်ရခြင်းသည် လည်းကောင်း။ ၀ိရတီစ၊ အထူးသဖြင့် ရှောင်ကြဉ်ရခြင်းသည် လည်းကောင်း။ မဇ္ဇပါနာ၊ သေရည်သေရက်တို့ကို သောက်ခြင်းမှ။ သံယမောစ၊ ကောင်းစွာ စောင့်ရှောက်ခြင်းသည် လည်းကောင်း။ ဓမ္မေသု၊ ကုသိုလ်ကောင်းမူတို့၌။ အပ္ပမာ ဒေါစ၊ မမေ့လျော့ရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှဟိ၊ မှတ်လေလော့။
 

၁၂။ သောဒေ၀ပုတ္တ၊ အိုနတ်သား။ ဂါရဝေါစ၊ ရိုသေထိုက်သော သူတို့ကို ရိုသေရခြင်းသည် လည်းကောင်း။ နိဝါတောစ၊ မိမိကိုယ်ကိုနှိပ်ချရခြင်းသည် လည်းကောင်း။ သန္တုဋ္ဌိစ၊ ရောင့်ရဲလွယ်ခြင်းသည် လည်းကောင်း။ ကတညုတာစ၊ သူပြုဖူးသော ကျေးဇူးကို သိခြင်းသည် လည်းကောင်း။ ကာယေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။ ဓမ္မဿဝနဉ္စ၊ သူတော်ကောင်း တရားတို့ကို နာရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤငါးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်တန်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၁၃။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ခန္တီစ၊ သည်းခံရခြင်းသည် လည်းကောင်း။ သောဝစဿတာစ၊ သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာလွယ်သောသူ၏ အဖြစ်သည် လည်းကောင်း။ သမဏာနံ၊ ရဟန်းပုဏ္ဏားတို့ကို၊ ဒဿနဉ္စ ဖူးမြင်ရခြင်းသည် လည်းကောင်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။ ဓမ္မသာကစ္ဆာစ၊ တရားတော်ကို ဆွေးနွေးမေးမြန်းရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်တန်သားသည်။ ဂဏှာဟိ၊ မှတ်လေတော့။
 

၁၄။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ တပေါစ၊ ခြိုးခြံစွာ ကျင့်ရခြင်းသည် လည်းကောင်း။ ဗြဟ္မစရိယဉ္စ၊ မြတ်သော အကျင့်ကို ကျင့်ရခြင်းသည် လည်းကောင်း။ အရိယသစ္စာနံ၊ အရိယသစ္စာတို့ကို။ ဒဿနဉ္စ၊ သိမြင်ရခြင်းသည် လည်းကောင်း။ နိဗ္ဗာန သစ္ဆိကိရိယာစ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသောတရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
 

၁၅။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ လောကဓမ္မေဟိ၊ လောကဓံတရား ရှစ်ပါးတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ထသော။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ နကမ္ပတိ၊ မတုန်မလူပ်။ အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိ။ ၀ိရဇ္ဇံ၊ ရမ္မက်ဟူသော မြူလည်းမရှိ။ ခေမံ၊ ဘေးလည်းမရှိ။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤလေးပါးသော တရားသည်လျှင်။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။

၁၆။ ဘောဒေ၀ပုတ္တ၊ အိုနတ်သား။ ဧတာဒိသာနိ၊ ဤသို့ သဘောရှိကုန်သော။ အဋ္ဌတိံသမင်္ဂလာနိ၊ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို။ ကတွာန၊ ပြုကျင့်ရသောကြောင့်။ သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်တို့၌။ အပရာဇိတာ၊ ရန်သူတို့သည် မိမိအား မအောင်အပ်ကုန်သည်ဖြစ်၍။ သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်တို့၌။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တံ၊ ထိုသုံးဆယ့်ရှစ်ပါး သောတရားသည် လျှင်။ တေသံ၊ ထိုနတ်, လူတို့အား။ ဥတ္တမံ၊ မြတ်စွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏ ဟူ၍။ တွံ၊ သင်နတ်သားသည်။ ဂဏှာဟိ၊ မှတ်လေလော့။
မင်္ဂလသုတ် အနက်ပြီး၏။


မင်္ဂလသုတ်တော် ရွတ်ဖတ်ခြင်း အကျိုး
မင်္ဂလသုတ်တော်ကို အမြဲရွတ်ဖတ်ခြင်းဖြင့် မည်သည့် နေရာ ဒေသမှာနေနေ မင်္ဂလာ ပြည့်တင်း ဘေးရန်ကင်းရှင်း စေပါသည်။ မနာလိုသူများက မိမိအား မကောင်းကြံ၍မရ၊ မိမိ၏ အိမ်ထောင်ရေး၊ ပညာရေး၊ စီးပွားရေး အမြဲ အဆင်ပြေပြေ နေစေနိုင်သည်။ လောကီ ကြီးပွားရေးသာ မက လောကုတ္တရာ မင်္ဂဥာဏ်၊ ဖိုလ်ဥာဏ်ကိုပင် ရရှိနိုင်လေသည်။


Ref: http://kungaungpo.wordpress.com/2013/01/28/ပရိတ်ကြီး-၁၁-သုတ်နှင့်-အ/

http://myawadynews.blogspot.com/2013/09/blog-post_6910.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...