စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်နေ့တာအတွက် စိတ်ခွန်အား စကားစု ၁၀ ခု



အောင်ခမ်း ( TSJ Team )

သင့်ကို မေ့မရလောက်အောင် အကောင်းဆုံး တုန့်ပြန်ပေးလိုက် -Steve Martin

အသက်ငယ်စဉ် အခွင့်အရေးကြီးများ ရတာ ကောင်းတယ်။ အကြောင်းကတော့ ဆုံးရှုံးနိုင်ချေနည်းလို့။ ဖြစ်သမျှ၊ ရသမျှ ကိုယ့်အတွက် အမြတ်ချည်းပဲ။ - Amy Poehler

အရှုံးကို ကျောခိုင်းပြီး လှည့်ထွက်လိုက်ချိန် ကိုယ်အကောင်းဆုံး လုပ်ဖြစ်ခဲ့တာကို ပြန်တွေးဖြစ်တယ်။ သို့ပေမယ့် အောင်မြင်တယ်လို့ ယုံကြည်ပြီး လှည့်ထွက်လာတဲ့ အရာတစ်ခုအတွက်ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဆွံ့အသွားတတ်တယ်။ - Louis C.K.

တစ်စုံတစ်ခု ဖြစ်လာရုံလေးပဲ မဖန်တီးနဲ့။ အကြောင်းက လူတိုင်းလုပ်နိုင်တယ် သို့မဟုတ် လွယ်ကူနေလို့ပါ။ ဒါဆို သင်မပျော်တော့ဘူး။ အမှန်တကယ်ကို လုပ်ချင်၊ရချင်စိတ် ပြင်းထန်တဲ့ အရာတစ်ခုကို အတားအဆီး များကြားကနေ မဖြစ်ဖြစ်အောင် လုပ်ယူ ကြိုးစားရမှာ ဖြစ်ပါတယ။် - Kristen Wiig

အလုပ်ကြိုးစား၊ ကြင်ညာတတ်ပါစေ၊ သင့်အတွက် တူမတူနဲ့ ရလဒ်ကောင်းတွေ ပေးလိမ့်မယ်။ - Conan O’Brien

ကျနော်ဟာ အမြဲတမ်း အချိန်မှန်၊ နေရာမှန်ကို ရောက်တယ်။ အကြောင်းကတော့ အဲ့နေရာကို ရောက်အောင် ကိုယ့်ကိုယ်ကို မောင်းနှင်ထားလို့ပဲ။ - Bob Hope

ကိုယ် လုပ်ရတဲ့ အရာမှန်သမျှကို ချစ်မြတ်နိုးပါ။ အကောင်းမြင်ပေးပါ။ ယှဉ်ပြိုင်မှုဆိုတာ ယနေ့မှာ ရှားပါးလှတဲ့ ကုန်ပစ္စည်းတစ်ခုမို့၊ စိန်ခေါ်နေသူတွေကို လက်ကမ်းလို့ခေါ်ပါ။ - Jon Stewart

အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်ချင်တဲ့ ဆန္ဒက ကျရှုံးမှုအပေါ် ကြောက်ရွံ့ မှုထပ် အင်အား ကြီးမား နေရမယ်။ - Bill Cosby

ရေလွှာချောရဲ့  ထိပ်မှာနေပြီး တွေးပြီး ကြောက်နေသူတဲ့ ကလေးလို မဖြစ်ရဘူး။ ချောစီးပြီး ရေပေါ်ကျအောင် စီးဆင်း နိုင်ဖို့လိုတယ်။ - Tina Fey

ကျနော်ကတော့ ကိုယ်ချစ်တဲ့ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် အပေါ် ကျရှုံးခြင်းက ကိုယ်မုန်းနဲ့ တစ်စုံတစ်ခု/တစ်ယောက် အပေါ် အောင်နိုင်ခြင်းထပ် ပိုမြတ်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ - George Burns

ကမ္ဘာမှာ မရှိသေးတဲ့ အရာတစ်ခုခုကို ခများ ဖန်တီးသယ်ဆောင်လာသင့်တယ်။ ရုပ်ရှင် ဖြစ်ဖြစ်၊ စားပွဲတစ်လုံးပဲ ဖြစ်ဖြစ်၊ ပန်းခြံပဲ ဖြစ်ဖြစ် ဘယ်အရာကိုမဆိုပေါ့။ ပြီးရင် အဲ့နောက်မှာ ထိုင်ပြီး ဒါငါလုပ်ခဲ့တယ်လို့ ပြောပြလိုက်ရုံ ပါပဲ - Ricky Gervais


https://www.facebook.com/photo.php?fbid=475443649220138&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...