စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥရောပ အလယ်ပိုင်းက လူသိနည်းသော ဗိသုကာ



ဒုတိယ ကမ္ဘာစစ်ပြီး ဥရောပတိုက် အလယ်ပိုင်းက ယူကိုဆလိုဗီးယား (Yugoslavia) နိုင်ငံဟာ ဆိုရှယ်လစ် စနစ် ထွန်းကားခဲ့ပါတယ်။

သမ္မတ Josip Broz Tito ကိုယ်တိုင်ဟာလည်း ဒုတိယ ကမ္ဘာစစ်ပြီး နိုင်ငံ ထူထောင်ရေးမှာ အစွမ်းကုန်ကြိုးစားပြိး နိုင်ငံ့အမှတ်အသား အဆောက်အအုံ၊ ဗိသုကာများ ဆောက်လုပ်ဖို့ ကြိုးပမ်းပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလက အသက်ပေးသွားတဲ့ စစ်သားများ၊ နိုင်ငံသူရဲကောင်းများ ကို ကိုယ်စားပြု၊ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ ဗိသုကာ လက်ရာ အဆောက်အအုံများ တည်ဆောက်ဖို့ ပြည်တွင်းက ပညာရှင်များနဲ့ ပူးပေါင်းပါတယ်။

လူသွားနည်းတဲ့ တောင်ကုန်းဒေသမှာ ကြီးကြီးကျယ်ကျယ် တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပြီး ပုံမှာ မြင်တွေ့ရတဲ့ လက်ရာ အပြင် အခြားသော ဗိသုကာ ပန်းပု ရုပ်တုများ၊ ကျောက်တိုင်များစွာလည်း တည်ဆောက်ပါတယ်။ သို့ပေမယ့် ကြားထဲမှာ နိုင်ငံရေး အပြောင်းအလဲ အကြီးအများ ဖြစ်သွားပြီး တည်ဆောက်မှုကို တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်ခဲ့ပါတယ်။

ဒါကြောင့် ပုံမှာ တွေ့မြင်ရတဲ့ ဗိသုကာ လက်ရာများ တည်ရှိရာ နေရာဟာ အင်မတန် လူသိနည်းပြီး လူသွားနည်းတဲ့ နေရာ တစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ယခု နောက်ပိုင်း Yugoslavia က အလှအပများကို စိတ်ဝင်စား သူ များလာတော့ ဒုတိယက ကမ္ဘာစစ်အမှတ်အသာ ဗိသုကာ လက်ရာများဟာ ပြန်လည် တစ်ခေတ်ထ ရေပန်းစားလာကြောင်း သိရပါတယ်။
--
Ref: rarefacts
အောင်ခမ်း ( International news for myanmar )

http://www.innewsmyanmar.com/2013/09/blog-post_733.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...