စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟာသသရုပ်ဆောင် ဒိန်းဒေါင်နှင့်တွေ့ဆုံခြင်း




Tuesday, September 24, 2013

[ ရတနာ တွေ့ဆုံမေးမြန်းသည်။ ]

မေး- ''ဟာသလူရွှင်တော်သာရေးနာရေး''အဖွဲ့ အစည်းဖွဲ့မယ်လို့သိရတယ်။ ဟုတ်ပါသလား။

ဖြေ- မြန်မာပြည်တစ်ပြည်လုံး လူရွှင်တော်အင် အားက မနည်းပါဘူး။ လူရွှင်တော်တွေရဲ့နောင် ရေး၊ အသက်ကြီးလာရင် လူရွှင်တော်တွေရဲ့ ဘဝ၊ ကျန်းမာရေး၊ လူမှုရေးပေါ့၊ ကိုလူချောများ အဖွဲ့တောင်လုပ်နိုင်ပါတယ်။ ကိုလူချောများ ဆိုရင် ဇာတ်ကားရိုက်ရင် ဘယ်လောက်မှမရ သလို အပြင်ပွဲတွေဆိုရင်လည်း သူတို့ခမျာမရှိ ရှာပါဘူး၊ အဲဒီတော့ ကျွန်တော်တို့ လူရွှင်တော် တွေကျတော့ အပြင်ပွဲတွေလည်း ကရတယ်၊ ဒါ့ကြောင့် ကိုယ့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာဖြစ်တဲ့ တကယ့်လူရွှင်တော်ကြီးတွေကို ကျွန်တော်တို့ ပံ့ပိုးငွေမရှိခဲ့ကြပါဘူး၊ တတ်နိုင်တဲ့ သူတွေက ကန်တော့တာလောက်ပဲရှိကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်လိုက်လဲ ဆိုတော့ ကျွန်တော်ရယ်၊ သီးလေးသီးအဖွဲ့ရယ်၊ ဖိုက်စတားအဖွဲ့ရယ်၊ ကျွန်တော်တို့က အခုအ ချိန်မှာ လူငယ်ထဲမှာ ခေါင်းဆောင်တွေပေါ့၊ အဲ ဒီတော့ ကျွန်တော်တို့တွေ ခေါင်းဆောင်လိုက်ပြီး တော့ ''လူရွှင်တော်သာရေးနာရေး''အဖွဲ့ဆိုပြီး တော့ ဖွဲ့စည်းလိုက်ပါတယ်၊ အဲဒီမှာ ကျွန်တော့် ကို သူငယ်ချင်းတွေက ဝိုင်းပြီးတော့ ဥက္ကဋ္ဌအဖြစ် ထားပါတယ်။ ခင်လှိုင်က အတွင်းရေးမှူးပါ၊ ကျွန်တော်က ငွေမတည်ပြီးတော့ လူရွှင်တော် သာရေးနာရေးအဖွဲ့ကို စဖွဲ့ပါပြီ။

မေး- ဒီအဖွဲ့ဖွဲ့စည်းဖြစ်ပုံကို ပြောပေးပါဦး။

ဖြေ- ကျွန်တော့်အမျိုးသမီးဆုံးတုန်းက ရုပ် ရှင်အစည်းအရုံးကိုသွားပြီး ကိုခင်လှိုင်က ဖိတ်စာ သွားပေးတဲ့အခါမှာ ''အကူငွေလိုချင်ရင် စာတင် ပါ''ဆိုတဲ့ စကားတစ်ခွန်း ကျွန်တော်တို့ကြားရ ပါတယ်။ ကျွန်တော်လည်း ပြန်ပြောလိုက်ပါ တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပဲ။ တစ်ရုံးလုံးကို ကျွန် တော့်ပိုက်ဆံနဲ့ သင်္ဂြိုဟ်လို့ရတယ်လို့ပြောလိုက် တယ်။ ကျွန်တော်လူရွှင်တော်စလုပ်ခဲ့တဲ့ အ ချိန်ကစပြီးတော့ လူရွှင်တော်တစ်ယောက် ကျန်း မာရေးမကောင်းရင် ငွေဘယ်လောက်၊ လူရွှင်တော် တစ်ယောက် သေဆုံးသွားရင် ငွေဘယ်လောက်၊ မိုးတွင်းရာသီမှာ လူရွှင်တော်သားသမီးတွေ ကျောင်းမထားနိုင်ရင် တစ်အိမ်ထောင်ကို ဘယ် လောက်။ အဲဒါတွေကို ကျွန်တော်တို့အဖွဲ့တွေ ရအောင်ရှာမယ်။


မေး- အသင်းဝင်ကြေးတွေကိုရော ဘယ်လိုသတ် မှတ်ထားသလဲ။

ဖြေ- ကျွန်တော်တို့က ဘယ်လိုသတ်မှတ်လိုက် လဲဆိုရင် ကျွန်တော်တို့အဖွဲ့အစည်းကိုဝင်ရင် တစ်လကို တစ်ထောင်ထည့်ရမယ်။ အဲဒီလို ငွေ တစ်ထောင်ကောက်ရတာလည်း လိုချင်တပ်မက် စိတ်မဟုတ်ပါဘူး။ လူရွှင်တော်တွေက လူရွှင် တော်အချင်းချင်း ကုသိုလ်ယူကြတာပါ။


မေး- အဖွဲ့အစည်းအတွက် မြေနေရာအဆောက် အအုံကိစ္စတွေကရော။

ဖြေ- ဘယ်သူ့ဆီကမှလဲ မြေကွက်မတောင်း ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သိန်း ၂ဝနဲ့ဝယ်ထားတဲ့မြေကွက်က အခုဆိုရင် သိန်း တစ်ထောင်လောက်တန်နေပါပြီ။ သိန်းတစ် ထောင်လောက်တန်တဲ့အထဲမှာ ကျွန်တော် မိဘ ကျေးဇူးဆပ် ဘုရားတည်မှာပါ၊ အဲဒီဘုရားဝင်း ကြီးထဲမှာပဲ ဖြစ်မှာပါ။ အသက်ကြီးတဲ့ လူရွှင် တော်နေစရာမရှိရင်အဲဒီနေရာမှာ တန်းလျား ထိုးပြီး နေထိုင်နိုင်ဖို့ စီစဉ်ပေးဖို့ရှိပါတယ်။


မေး- ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဘယ်လို မျိုးတွေ စတင်အကောင်အထည်ဖော်နေပြီလဲ။

ဖြေ- ကျွန်တော်တို့မှာ အပေါင်းအသင်းတအား များတယ်။ နိုင်ငံခြားက အကူအညီတောင်းမ လား။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေဆီက အကူအညီတောင်းမလား။ ခင်လှိုင်တို့၊ ဒိန်း ဒေါင်တို့သည် ဘယ်သောအခါမှ ဘာသာရေး ပရဟိတလုပ်ငန်းကိုခုတုံးလုပ်ပြီး မစားသောက် ခဲ့ဖူးပါ၊ အသုံးမချခဲ့ဖူးပါ၊ မိမိကောင်းကျိုးအ တွက် မလုပ်ဆောင်ခဲ့ဖူးပါ။


မေး- ဩစတြေးလျခရီးစဉ်အကြောင်းလဲ ပြော ပြပေးပါဦး။

ဖြေ- ဩစတြေးလျကို ၂၄ရက်နေ့ သွားပါမယ်။ ရှေ့လ ၁၅ရက်ပြန်ရောက်ပါမယ်။ ဩစတြေးလျ မှာ နှစ်ပါးသွားရယ်၊ တစ်ခန်းရပ်၊ အငြိမ့်၊ သီချင်း တွေကို ဖျော်ဖြေသွားမှာပါ။

မေး- ဘာသာရေးတော်တော်လုပ်တယ်နော်

ဖြေ- အဲဒါနဲ့ပတ်သက်ပြီးပြောရရင် ကျွန် တော်ကဘာသာရေးကြောင့် အောင်မြင်လာ တဲ့ပုဂ္ဂိုလ်ပါ။ ကျွန်တော် အရင်က အရက်သမား ပါ။ အရက်မူးရူးပေတေနေတဲ့ လမ်းဘေးက ကောင်တစ်ယောက်ပါ။ ဘာသာရေးကို ကျွန် တော်လုပ်လိုက်တဲ့အချိန်မှာ ကျွန်တော်ကတိခံ လိုက်တယ်။ ''တပည့်တော်အရက်ကို တစ်နှစ် မသောက်ရင် နာမည်ကျော်ကြားလူကြိုက်များ တဲ့ လူရွှင်တော်တစ်ယောက်ဖြစ်ပါစေဘုရား'' ''သောက်ခဲ့ရင် သေပါစေဘုရား''ဆိုပြီး ကျိန်တယ်။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်မြောက်မှာ အောင်မြင် ခဲ့လို့ အခုဆိုရင် ခုနစ်နှစ်ကျော်ခဲ့ပြီ၊ ကျွန်တော် ဘုရားမကြိုက်တဲ့ သုရာမေရယကံကို မကျူး လွန်တော့ပါဘူး။

Yangon Media Group
 

1 comment:

  1. အများအကျိုးဆောင်တဲ.ကိုဒိန်းဒေါင်ကိုအားပေးပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...