စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျိုးဆက် ပျောက်ကွယ် တော့မည့် ထရုန် လူမျိုး သုံးဦး သာ ကျန်ရှိ



မြန်မာ နိုင်ငံ အတွင်း ကချင် မျိုးနွယ်ဝင် ထရုန် မျိုးနွယ်စု များ မှာ ယခု လက်ရှိ တွင် မောင်နှမ သုံး ဦး သာ ရှိတော့ သဖြင့် မျိုးဆက် ပျောက် ကွယ်တော့ မည် ဖြစ်ကြောင်း သိရသည်။ ထူးဖောင်ဒေး ရှင်း ၏ အစီအစဉ် ဖြင့် ရန်ကုန် သို့ ရောက်ရှိ နေသည့် ထရုန် မျိုးနွယ်စု ဝင် ဦးဒါဝိတ် အား မေးမြ န်းမှု ကို တစ်ဆင့် ဖြေဆိုမှု အရ ဦးဒါဝိတ် သည် ကချင် ပြည်နယ် မြောက်ဖျား ရှိ ဂမ်လမ်ရာဇီ ရေ ခဲ တောင်ခြေ ရှိ ခနောင်း ရွာ တွင် နေ ထိုင် ကာ ယခု အခါ အသက် ၅၅ နှစ် အရွယ် မျှ ရှိပြီး အ သက် ၆၆နှစ် အရွယ် အစ်မ တစ်ဦးနှင့် အ သက် ၅ဝ အရွယ် ညီမ တစ်ဦး တို့ ရှိကြောင်း၊ အစ် မ ဖြစ်သူ သည် ရဝမ် လူမျိုး တစ်ဦးနှင့် အိမ်ထောင် ပြုထားကြောင်း၊ ဦးဒါဝိတ် တို့ အ ပါအဝင် ထ ရုန် မျိုးနွယ် အစစ်မှာ သုံးဦး သာ ရှိတော့ေ ကြာင်း ယင်း က ပြောသည်။

ထရုန် မျိုးနွယ်စု ဖြစ်သည့် ဦးဂန်ယောင် က ''ရန်ကုန် ကို အ ခုလို ရောက်လာတာ ပျော်တယ်'' ဟု ရန်ကုန်တိုင်းမ် သတင်းစာ ၏ မေး မြန်းမှု ကို ဖြေဆို သည်။ ထရုန် လူမျိုးများ သည် အဓိက အားဖြင့် တောင်ယာ လုပ်ငန်း များကို လုပ်ကိုင် လျက် ရှိပြီး ရံဖန်ရံခါ အမဲလိုက် ခြင်းနှင့် ဆေးမြစ် တူးခြင်း ကို ပြုလုပ် ကြောင်း ထူးဖောင်ဒေးရှင်း ၏ အစီအစဉ် ကို ဦးဒါဝိတ် နှင့် အတူ လိုက်ပါလာ သည့် ဦးနမားဂျွန်ဆင် ၏ ပြောပြ ချက်အရ သိသည်။

မြေပြန့် ဒေသရှိ လူများနှင့် အဆက်အသွယ် များ မရှိဘဲ ထရုန် မျိုးနွယ် အစစ်မှာ သုံးဦး သာ ရှိပြီး ရဝမ် လူမျိုးနှင့် ရောနှော သည့် မျိုး နွယ်စု များ ရှိကြောင်း နှင့် ရဝမ်ဘာ သာ စကား ကိုသာ ပြော ဆို ကြောင်း ယင်းနှင့် အတူ ရန်ကုန် သို့ လိုက် ပါလာ သည့် ဦးနမားဂျွန်ဆင် က ရန်ကုန်တိုင်း မ် နေ့စဉ် သတင်းစာ သို့ ပြောသည်။

ထူးဖောင်းဒေးရှင်း မှ နာယ က ဦးတေဇ က ''ကျွန်တော် သူ တို့ နှစ်ဦး ကို စင်ကာပူ ကို ခေါ်သွား ဖို့ စီစဉ် ထား ပါတယ်။ ဒီလိုခေါ် ရတယ် ဆိုတာ ကလဲ သူတို့ ဒေသ ကို ပြန်ရောက် ရင် သူတို့ နယ်အ တွက် ပြန်ပြီးတော့ ကောင်းကျိုး တွေ ကို ပြုလုပ် နိုင်ဖို့ပါ'' ဟု ဦးဒါ ဝိတ် နှင့် ဦးနမားဂျွန်ဆင် တို့ အား ညွှန်းဆို ပြောသည်။

မြန်မာနိုင်ငံ ၏ ပျောက်ကွယ် လု နီးပါး ဖြစ်နေသည့် ထရုန် လူမျိုး များ သည် ကချင် နွယ်ဖွား ထရုန် လူမျိုးနွယ်စု ဖြစ်ပြီး ၁၈ ရာစုခန့် က သာမန် လူများ ကဲ့သို့ အရပ် အမောင်း ရှိကြကြောင်း၊ ၎င်း တို့ သည် တရုတ်နိုင်ငံ တိဗက်ကုန်းမြင့်မှ ဆင်းသက် လာကာ မြန်မာ နိုင်ငံ မြောက်ဖျားပိုင်း တွင် လာေ ရာက် အခြေချနေ ထိုင် ကြောင်း၊ ထရုန် လူမျိုး များ နေထိုင်ရာ အ ရပ် ဒေသ သည် ဆားရှား ပါးေ သာ ကြောင့် အိုင်အိုဒင်း ဓာတ် ချို့တဲ့ ခြင်းနှင့် ယဉ်ကျေးမှု အစဉ် အလာ အရ သွေးရင်း များ နှင့် သာ အိမ် ထောင်သား မွေးခြင်း အမှုအား ပြု လုပ်ကြ သည့် အတွက် ဆေးပညာ ရှုထောင့် အရ မျိုး ရိုး ဗီဇပြောင်း လဲလာခြင်း ကြောင့် အရပ် အမောင်း များ ပုလာခြင်း ဖြစ်ကြောင်း ဂမ် လမ်ရာ ဇီေ တာင်တက် အဖွဲ့မှ ကိုသူရထွန်း က ထရုန်လူ မျိုး ၏ ပြောကြား ချက် နှင့် ဆေးဘက် ဆိုင် ရာ ကျွ မ်းကျင် ဆရာဝန် တစ်ဦး ၏ စစ်ဆေး တွေ့ရှိချက် များ ကို ကိုးကား ၍ ရန်ကုန်တိုင်းမ် နေ့စဉ် သတ င်း စာ သို့ ပြောသည်။

အောင်သူ ၊ နိုင်နိုင်ဇော်
Yangon Media Group


https://www.facebook.com/photo.php?fbid=475434772554359&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...