စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုရွက်ဆိတ်နှင့်မြေဖြူ ဥပမာ



အောင်ခမ်း ( International news for myanmar )

မြေဖြူ တားလိုက်ရင် ပုရွက်ဆိတ်က ယင်း တားထားတဲ့ လမ်းကြောင်းကို မဖြတ်ပါဘူး။ နောက် ပုရွက်ဆိတ်တွေ သွားလာတဲ့အခါ အာရုံခံမယ့် လမ်းကြောင်း ပျောက်သွားမှာ စိုးလို့ ဖြစ်ပါတယ်။

သို့ပေမယ့် မြေဖြူတားလိုက်ပေမယ့် ပုရွက်ဆိတ်ဟာ သူ့ခရီးကို ရပ်တန့် မသွား ပါဘူး။ တစ်နည်း မဟုတ် တစ်နည်း သူသွားချင်တဲ့ အရပ်ကို သွား ပါတယ်။ နည်းလမ်း အမျိုမျိုး ရှာဖွေပြီး ပန်းတိုင်ကို ရောက်အောင် သွားပါတယ်။ စက်ဝိုင်းပုံစံ မြေဖြူ တားလိုက်ရင် သူဟာ မြေဖြူ ခပ်ပါးပါးသာ ရှိနိုင်မယ်လို့ ယူဆတဲ့ လမ်းကို ရွေးချယ်ပြီး ဖောက်ထွက် သွားပါတယ်။

သင်ခန်းစာ-

ပုရွက်ဆိတ်ရယ်လို့မှ မဟုတ်ပါဘူး။ လူတွေလည်း ဒီလိုဖြစ်သင့်ပါတယ်။ အခက် အခဲ အတားအဆီး တစ်ခုကို ကြုံတွေ့ရတိုင်း နောက်ဆုပ် လက်မြောက် အရှုံးပေးမယ့် အစား နည်းလမ်း တစ်ခုခုကို ရှာဖွေလို့ ဖောက်ထွက် နိုင်ဖို့ လိုအပ်ပါတယ။်

အကယ်၍ နည်းလမ်း ရှာမရ ဖြစ်တောင် ပြဿနာကို ဖြေရှင်းနိုင်မယ့် Side Effect နည်းသော အဖြေတစ်ခုကို ရွေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဇွဲ၊ စိတ်ဓာတ် နဲ့သာ ကြိုးစားရင် လိုရာပန်းတိုင်ကို ရောက်ဖို့ များစွာ အထောက် အကူ ပြုပေးမှာ ဖြစ်ပါတယ်။

International news for myanmar

http://www.innewsmyanmar.com/2013/09/blog-post_11.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...