စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှာခေါင်း သွေးလျှံခြင်း

Why Do We Get NoseBleed

သင်နှာခေါင်း သွေးလျှံဖူး ပါသလား။ နှာခေါင်း သွေးလျှံခြင်းနဲ့ ပတ်သက်လို့ ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လို လုပ်ရမလဲ၊ ဘာဆိုးကျိုး တွေရှိလဲ ဆိုတာကို ဒီမှာ ကြည့်နိုင် ပါတယ်။

ကျွန်တော်တို့ ဘာကြောင့် နှာခေါင်း သွေးလျှံ ရတာလဲ။ သင်နှာခေါင်း သွေးလျှံရင် ဘာတွေ လုပ်သင့် သလဲ။ ဘာကြောင့် နှာခေါင်း သွေးလျှံ သလဲ ဆိုတာကို မဖြေခင် နှာခေါင်း သွေးလျှံတယ် ဆိုတာ ဘာလဲ ဆိုတဲ့ အချက်ကို ပထမဆုံး ပြောပါ့မယ်။ သူ့နာမည် ကိုယ်တိုင်က ရှင်းပြပြီး သားလို ဖြစ်နေ ပေမယ့် ဒီလို အနီရောင်တွေ စီးဆင်းစေတဲ့ အရာတွေဟာ ဘာတွေလဲ ဆိုတာကို ကျွန်တော်က ပြောပြမှာပါ။ နှာခေါင်း သွေးလျှံခြင်း နှစ်မျိုး ရှိပါ တယ်။ နှာခေါင်း ရှေ့ပိုင်း သွေးလျှံခြင်းနဲ့ နှာခေါင်း နောက်ပိုင်း သွေးလျှံခြင်း ဆိုပြီး တော့ပေါ့။ 


 နှာခေါင်း သွေးလျှံ မှု တွေရဲ့ ၉၀ရာခိုင်နှုန်း ကျော်ဟာ နှာခေါင်း ရှေ့ပိုင်း သွေးလျှံ ခြင်းတွေ ဖြစ်ပါတယ်။ များသော အားဖြင့် ဒဏ်ရာဒဏ်ချက် တစ်ခုကြောင့် နှာခေါင်း ရှေ့ပိုင်းနား မှာရှိတဲ့ သွေးကြော လေးတွေ ပေါက်ထွက် ရာက တစ်ဆင့် နှာခေါင်း သွေးလျှံလာ တာမျိုးကို ဆိုလိုပါတယ်။ သင့်နှာခေါင်းကို လက်သီးနဲ့ အထိုးခံ ရတဲ့ အချိန်မှာ ဖြစ်တဲ့ နှာခေါင်း သွေးလျှံခြင်း ကလည်း ဒီလိုပါပဲ။ အအေးမိ တဲ့အချိန် မကြာခဏ နှာချေရာက နှာခေါင်း သွေးလျှံ လာတာမျိုး ကလည်း ဒီလိုပါပဲ။ သင့်နှာခေါင်း အတွင်းပိုင်း ခြောက်သွေ့ရာမှ တစ်ဆင့် အထဲက သွေးကြော လေးတွေ ပေါက်သွား လေ့ရှိတဲ့ ဆောင်း ရာသီနဲ့ ခြောက်သွေ့တဲ့ နေရာတွေမှာ ဒီလိုမျိုး အဖြစ်များ ပါတယ်။

နှာခေါင်း နောက်ပိုင်း သွေးလျှံခြင်းကို အတွေ့ရ နည်းပြီး များသော အားဖြင့် သက်ကြီး ရွယ်အို တွေမှာပဲ အဖြစ်များ ပါတယ်။ ဒီနှာခေါင်း သွေးလျှံခြင်းမှာ နှာခေါင်း နောက်ပိုင်းက သွေးတွေ လျှံတက် လာပြီး ဒီသွေး တွေဟာ နှာခေါင်း အပြင် လည်ချောင်း ထဲကိုပါ မကြာခဏ စီးဆင်း သွားလေ့ ရှိပါတယ်။ သူက ရှေ့ပိုင်း သွေးလျှံတာ နဲ့မတူလို့ nasal packing (နှာခေါင်း အတွင်း ပိုင်းသို့ ဂွမ်းကပ် ထည့်ခြင်း) လုပ်ပေးမယ့် ဆေးရုံကို သွားဖို့ လိုအပ်မှာပါ။ နှာခေါင်း နောက်ပိုင်း သွေးလျှံခြင်း အတွက် လိုအပ်တဲ့ nasal packing လုပ်ခြင်းဟာ အလွန် ကသိကအောက် နိုင်ပြီး လူနာတွေကို များသောအားဖြင့် အနာပျောက် ဆေးတွေနဲ့ စိတ်ငြိမ်ဆေး တွေပါ ပေးရတတ် ပါတယ်။


 nasal packing ကအလုပ် မဖြစ်ဘူး ဆိုရင်တော့ ခွဲစိတ် ကုသခြင်းက ဆက်လုပ် ရမယ့် နည်းလမ်း တစ်ခု ဖြစ်နိုင်ပါတယ်။ အရင်တုန်းက သင်နှာခေါင်း သွေးလျှံချိန် တွေမှာ သွေးဆက် မထွက်အောင် နှာခေါင်းကို လက်နဲ့ ဖိပြီး ခေါင်းကို မော့ထားဖို့ အကြံပေး ခံရဖူး မှာပေါ့။ ဒါဟာ မှားနေ ပါတယ်။ အမှန်က နှာခေါင်းကို လက်နဲ့ ၁၀မိနစ် လောက် ဖိထား ရပါမယ်။ ဒါပေမယ့် ရှေ့ကို နည်းနည်း ကိုင်းပြီးမှ လုပ်ရမှာပါ။ ခေါင်းကို နောက်မော့ လိုက်ခြင်းဟာ သွေးတွေကို မြိုချလိုက် သလို ဖြစ်စေ ပါတယ်။ ဒါမကောင်း ပါဘူး။ တကယ်လို့ သင်ဟာ ပါးစပ်ထဲမှာ သွေးတွေကို အရသာ ခံမိရင် မြိုမချဘဲ သေသေ ချာချာ ထွေးထုတ် ပစ်လိုက်ပါ။ မြိုချ မိရင် သင်အော့အန် ပါလိမ့်မယ်။ နှာခေါင်းကို လက်နဲ့ဖိ နေစဉ်မှာ မတ်မတ် ထိုင်နေ ဖို့လည်း အရေးကြီး ပါတယ်။

သွေးလျှံတာ ရပ်သွားပြီ ဆိုရင် အနီးအနားမှာ humidifier ရှိတဲ့ အိပ်ရာမှာအိပ်၊ ခဏလောက် နှာခေါင်းနဲ့ အသက် မရှူဘဲ နေပြီး နှာခေါင်းသွေး ထပ်မလျှံ အောင်ကြိုးစား ရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ နှာခေါင်း သွေးလျှံတာ အလို အလျောက် မရပ်တော့ ဘူးဆိုရင်တော့ အပူပေး သွေးတိတ်နည်း သုံးတာမျိုး ဒါမှမဟုတ် သင့်တော်တဲ့ နေရာမှာ နှာခေါင်း အတွင်းပိုင်း သွေးယိုခြင်းကို ဖိအား ပေးမယ့် nasal packing လုပ်တာမျိုး လုပ်ပေးမယ့် ဆရာဝန် တွေရှိရာ အရေးပေါ် အခန်းကို သွားရမှာ ဖြစ်ပါတယ်။ အချိန်တိုတို အတွင်း မကြာခဏ နှာခေါင်း သွေးလျှံ တတ်တာဟာ ပိုမို ဆိုးရွားတဲ့ တစ်စုံ တစ်ခုရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နေ နိုင်ပါတယ်။ 


ခန္ဓာကိုယ်ရဲ့ အခြားနေရာ တစ်ခုမှာ ဒဏ်ရာ ရနေပြီး ဒွါရပေါက် တွေကနေ သွေးထွက် နေမယ် ဒါမှမဟုတ် သင်ရဲ့ ကျင်ကြီး၊ ကျင်ငယ် တွေမှာ သွေးတွေ တွေ့မယ် ဆိုရင် ဒါဟာ သွေးမခဲ နိုင်တဲ့ (trouble clotting) လက္ခဏာ တစ်ရပ် ဖြစ်နိုင် ပါတယ်။ ဒီလို ဖြစ်နေပြီ ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေး ရမှာပါ။ စကား မစပ် နှာခေါင်း ရှေ့ပိုင်း သွေးလျှံခြင်း ဆိုတာဟာ အလွန်အမင်း နှာခေါင်းကို ကလော် ခြင်းရဲ့ ရလဒ် တစ်ခုလည်း ဖြစ်နိုင်ပါ တယ်တဲ့။ ဒီအချက်က နှာခေါင်း ကလော် တာကို ရပ်ပစ်လိုက် ဖို့အတွက် အကြောင်း ပြချက် တစ်ခုတော့ ဖြစ်နေတာ ပေါ့လေ။

Myanmar Youth Media Club
http://myawadynews.blogspot.com/2013/09/why-do-we-get-nosebleed.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...