စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရုတ်ဆည်တွေနဲ့ ပက်သက်တဲ့ အကြောင်း




Comment box ထဲမှာပေးလာတဲ့ လင့်ခ်က တရုတ်ဆည်တွေနဲ့ပက်သက်တဲ့ အကြောင်းကို ဘာသာပြန်ပေးဖို့တောင်းဆိုထားလို့ အတက်နိုင်ဆုံးကြိုးစားပြီး ဆီလျော်အောင်ပြန်ပေးထားပါတယ်။စာကြောင်းမချောမွေ့တာရှိရင် သည်းခံ နားလည်ပေးကြပါ။

ဒီဆောင်းပါးက ၂၀၁၁ ခုနှစ် သြဂုတ် ၂၆ ရက်နေ့က Malcolm Moore ရေးသားပြီး The Telegraph မှာဖော်ပြထားတာပါ။ တရုတ်ရဲ့ဆည် ၄၀၀၀၀ ကျော်လောက်ကကျိုးပေါက်မယ့် အန္တရာယ်ကိုရင်ဆိုင်နေရတယ် လို့ခေါင်းစဉ်တပ်ထားပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ဆည် ၄၀၀၀၀ကျော်လောက်ဟာ ကျိုးပေါက်မယ့် အန္တရာယ်ကိုရင်ဆိုင်နေရပြီး ၊ မြို့ကြီး လေးပုံတပုံလောက်ဟာလည်း အန္တရာယ်ရှိကြောင်းတရုတ်အစိုးရသတင်းများမှာဖော်ပြထားပါတယ်
“အကယ်၍ဒီဆည်တွေကျိုးခဲ့ရင် လယ်တွေ၊ရထားလမ်းတွေ၊ အဆောက်အဦးတွေနဲ့ မြို့တွေကို ပါထိခိုက်နိုင်တယ်”လို့ China’s water reservoirs department ရဲ့ ဒါရိုက်တာဖြစ်သူ Mr. Xu Yuanming ကပြောပါတယ်။

တရုတ်အစိုးရက အရေးပေါ်အစီအစဉ်ရေးဆွဲပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ဆည်နဲ့ ရေလှောင်တမံတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ယွမ်ငွေ ၆၂ ဘီလျံ( ပေါင် ၅.၉ ဘီလျံ) ကိုသုံးစွဲခဲ့ပါတယ်။နောက် ၅ နှစ်အတွင်း နိုင်ငံတွင်းမှာရှိတဲ့ ဆည်ပေါင်း ၈၇၀၀၀ ကိုလုံခြုံအောင် လုပ်ဆောင်ပေးမယ်လို့ဂတိပြုခဲ့ပါတယ်။

နှစ်ထောင်နဲ့ချီပြီးကြုံတွေ့ခံစားခဲ့ရတဲ့ ရေကြီးခြင်းနဲ့ မိုးခေါင်ခြင်း ဒုက္ခဆိုးကြီးကိုဖြေရှင်းနိုင်ဖို့ အတွက် တရုတ်ကွန်မြူနစ်ပါတီက ဒီအန္တရာယ်ရှိတဲ့ဆည်အများစုကို ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်များမှာ အတင်းအကျပ်တွန်းအားပေးပြီး အလျင်အမြန်တည်ဆောက်စေခဲ့တာပါ။
“အဲဒီအချိန်တုန်းက နည်းပညာကလည်းမတိုးတက်ဘူး၊ စီးပွားရေးကလည်းမကောင်းဘူး၊ ဒါကြောင့်မို့လို့ ဒီဆည်နဲ့ရေလှောင်ကန်အများစုရဲ့ အရည်အသွေးကသိပ်မမြင့်ဘူး” လို့ The China Economic Weekly ကမှတ်ချက်ပေးပါတယ်။

“အဓိကအန္တရာယ်ရှိနေတဲ့ ဆည်တွေက ကျစ်အောင်ဖိသိပ်ထားတဲ့ မြေကြီးနဲ့တည်ဆောက်ထားပြီး သက်တမ်းကလည်း အလွန်ဆုံးနှစ် ၅၀ ပဲခံနိုင်တဲ့အတွက် ဒီဆည်တွေရဲ့သက်တမ်းကလည်းလွန်နေပြီ” လို့ထပ်ပြီးမှတ်ချက်ပြုပါတယ်။ မြို့ကြီး ၄ ပုံ ၁ပုံလောက်ဟာ အန္တရာယ်ရှိတဲ့ ရေလှောင်ကန်တွေရဲ့ အောက်ပိုင်းမှာတည်ရှိပါတယ်။ ဒါက ခေါင်းပေါ်မှာရေကန်ကြီးတင်ထားသလို နဲ့တူတယ်။ တရုတ်ရဲ့အဆိုးဝါးဆုံးဆည်ကျိုးပေါက်မှုက ၁၉၇၅ ခုနှစ်မှာ Henan ပြည်နယ်မှာဖြစ်ပွားခဲ့တယ်။ Zhumadian မြို့ကိုရေလွှမ်းမိုးပြီး လူပေါင်း ၂၆၀၀၀ သေဆုံးခဲ့ပြီး ၁၁ သန်းလောက်ကရေကြီးမှုကိုခံစားခဲ့ရတယ်။ ၁၉၅၀ ခုနှစ်ကတည်းက နှစ်စဉ် ပျမ်းမျှ ဆည်၆၅ ခုလောက်ကျိုးပေါက်ခဲ့တယ်။ ဒါပေမယ့် ဒီဆည်အများစုက အသေးစားရေလှောင်တမံတွေဖြစ်ပြီး ရေပမာဏ ၃၅၀ မီလျံ ကုဗပေထက် နည်းပါတယ်။

တရုတ်ဗဟိုအစိုးရကနေ ဆည်တွေကိုပြင်ဆင်ဖို့ငွေကြေး အမြောက်အမြားပေးထားပေမယ့် ပြည်နယ်အစိုးရက သူတို့ရဲ့ ဘတ်ဂျတ်ကိုအခြားအခြေခံအဆောက်အအုံတည်ဆောက်ရေးတွေမှာ အလွန်အကျွံသုံးစွဲထားတဲ့အတွက် ဆည်ပြုပြင်ရေးကိုသိပ်မလုပ်ချင်ကြဘူး။
“Hubei ပြည်နယ်မှာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ အသေးစားရေလှောင်တမံပေါင်း ၄၀၀၀ကျော်ရှိပါတယ်။

ဒီစီမံကိန်းအားလုံးပြီးဖို့အတွက် ကျွန်တော်တို့ ယွမ် ၄.၄ ဘီလျံ ၇ှာရပါမယ်” လို့ Hebei ပြည်နယ် ရေအရင်းအမြစ်ဌာနမှ Dams and Reservoir ဒါရိုက်တာ Mr.Yuan Junguang ကပြောပါတယ်။ “ ဘယ်လောက်ပဲကြိုးစားကြိုးစား ဒီလောက်များတဲ့ငွေကြေးကိုရှာဖွေဖို့က ကျွန်တော်တို့အတွက် ကြီးမားတဲ့ဖိအားတခုဖြစ်တယ်” လို့သူကထပ်ပြောပါတယ်။

“ ပြည်နယ်အစိုး၇အများစုကဒီဆည်တွေပြင်ဆင်ဖို့စရိတ်တွေကို သူတို့ဘတ်ဂျက်ထဲမှာထည့်မတွက်ဘူး ၊ တွက်ရင်လည်းနည်းနည်းပဲထည့်တွက်တယ်” လို့ Mr.Xu ကပြောပါတယ်။သူထပ်ပြောတာက အကယ်၍ ပြည်နယ်အာဏာပိုင်တွေက ဆည်ထိန်းသိမ်းမှုတွေကိုဆက်ပြီးမလုပ်ဘူးဆိုရင် “ အပေါက်သေးသေးကိုမပြင်တဲ့အတွက် အပေါက်အကြီးပေါ်လာလိမ့်မယ်” လို့ပြောပါတယ်။

အန္တရာယ်ရှိတဲ့ဆည်တွေရဲ့ သုံးပုံတပုံလောက်က ရေအားလျှပ်စစ်ဆည်တွေဖြစ်ပြီး နာမည်ကြီးဆည်ကြီးတခုဖြစ်တဲ့ Three Gorges Dam လည်းအပါအဝင်ဖြစ်ပါတယ်။ အစိုးရကလည်း ဒီဆည်တွေကပြစ်ချက်တော်တော်များများရှိကြောင်းဝန်ခံခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ဆည်တည်ဆောက်မှုတွေကိုတော်တော်များများ ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ တရုတ်ကတော့ နောက်ထပ်အကြီးစားဆည် ၁၀၀ ကို ယန်စီမြစ်နဲ့ မြစ်လက်တက်တွေပေါ်မှာတည်ဆောက်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ အနောက်တောင်ပိုင်း မဲခေါင်မြစ်အထက်ပိုင်းနဲ့ အခြားမြစ်တွေမှာလည်း ဆည် ၄၃ ခုတည်ဆောက်ဖို့စီစဉ်နေပါတယ်

ပုံမှာ - မြေကြီးနဲ့တည်ဆောက်ထားတဲ့ စိုက်ပျိုးရေးဆည်တခု။

ဒီဆောင်းပါးကိုသုံးသပ်ထားတဲ့ ကျွန်တော်တို့ရဲ့အမြင်ကိုလည်း ဆက်လက်ဖော်ပြသွားပါမယ်။

http://www.telegraph.co.uk/news/worldnews/asia/china/8723964/More-than-40000-Chinese-dams-at-risk-of-breach.html

Scientist Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...