စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရောင်ရမ်းမှု များကို လျော့ပါး သက်သာစေမည့် အစားအစာများ




ထိခိုက်ဒဏ်ရာ ရခြင်းကို ကိုယ်ခန္ဓာမှ သဘာဝ အတိုင်း တုံ့ပြန်သော ဖြစ်စဉ်မှာ ရောင်ရမ်းခြင်း ဖြစ်သည်။

အမေရိကန် အစားသောက်နှင့် အာဟာရ ဗေဒ အစည်းအရုံးမှ သုတေသီ Dr. Lauren Whitt ကအဆိုပါ ရောင်ရမ်းခြင်းကို သဘာဝအတိုင်း သက်သာစေမည့် အစားအစာ များကို ဖော်ထုတ် နိုင်ခဲ့သည်။

အချဉ်ဓာတ်များသည် အသီးများ ဖြစ်သော လိမ္မော်သီး၊ သံပုရာသီး၊ လိမွန်သီး၊ ကဗ္ဗလာသီး များက အင်တီအောက်စီဒင့်များ ဖြစ်သော ဗီတာမင်စီနှင့် အီးတို့ကို ထောက်ပံ့ ပေးနိုင်သည်။

အရောင်ရင့်သော အရွက်များ၊ အစိမ်းရောင် အရွက်များက ဗီတာမင်ကေ ကြယ်ဝသဖြင့် ရောင်ရမ်းမှုတွင် အသုံးဝင်သည်။

ခရမ်းချဉ်သီး၏ အနီရောင်ခြယ် အာနိသင် လူကိုပင်းက အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင် အာနိသင် ရှိပေသည်။

ဆယ်လမွန်ငါး ရောင်ရမ်းခြင်းကို လျော့ပါး စေသော အိုမီဂါ၃အဆီ ဓာတ်ကို ထောက်ပံ့ ပေးနိုင်သည်။

အဆိုပါ အစားအစာ များကို နေ့စဉ် ပုံမှန် စားသုံးပေးခြင်းသည် ရောင်ရမ်းမှုကို လျော့ပါးစေပြီး ရောင်ရမ်းမှု၏ နောက်ဆက် တွဲ ပြဿနာဖြစ်သော လေဖြတ်ခြင်း ၊သွေးတိုးခြင်းနှင့် ကင်ဆာ ရောဂါများကို ကာကွယ် ပေးနိုင်သည်။

သက်နှင်း

Ref: ANI
မြဝတီ


https://www.facebook.com/photo.php?fbid=470130169752886&set=a.420045418094695

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...