စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Weight ကျစေရန် ကူညီနိုင်သည့် အလေ့အထများ



၁.အစားအသောက်အလေ့အထကို ပြောင်းပါ။
အိပ်ခါနီးမှ ညစာစား ခြင်း၊ချက်ပြုတ်နေစဉ် တမြုံ့မြုံ့ဝါးနေ ခြင်း၊ သားသမီးများ၏လက်ကျန် အစားအစာများကို နှမြောပြီး စား ခြင်းစသောအကျင့်များကို ဖျောက် ပစ်ပါ။

၂.အစားအသောက်အစီအစဉ် ပြောင်းပါ။
ကျန်းမာရေးနှင့်မညီညွှတ် သောအစားအစာများကို မစားဘဲ healthy ဖြစ်စေသောအစားအစာကို သာ စားပါ။

၃.အစာစားပြီးမှ ဈေးဝယ်ပါ။
ဆာနေတဲ့အချိန် ဈေးဝယ် လျှင် အများကြီးဝယ်မိတတ်သည်။ ထို့ကြောင့် ဆာနေတဲ့အချိန် ဈေးမဝယ် ဘဲ အစာစားပြီးမှ ဈေးဝယ်ပါ။ မိမိ စာရင်းလုပ်ထားသော list ထက် ပို မဝယ်ပါနှင့်။

၎.ပုံမှန်စားပါ။
စားသောက်သောအကြိမ် ရေကို သတ်မှတ်ပြီး စားနေကျအ ချိန်မှာ ပုံမှန်စားပါ။ ၄င်းအကျင့်ကို အမြဲတမ်းပုံမှန်လုပ်ပါ။

၅. သတ်မှတ်ထားသောပန်းကန်နှင့် ထိုင်စားပါ။
စားပွဲတွင်ထိုင်ပြီး သတ် မှတ်ထားသောပန်းကန်နှင့်စားခြင်း အားဖြင့် ပမာဏများများစားခြင်းကို ရှောင်လွှဲစေသည်။

၆.စားစရာအပိုထပ်မယူပါနှင့်။
စားနေကျပန်းကန်နှင့်စား ပြီး နောက်ထပ်အပိုထပ်မစားမိပါစေ နှင့်။

၇.အရသာခံပြီး ဖြည်းဖြည်းစား၊ ဖြည်း ဖြည်းဝါးပါ။
အရသာခံပြီး ဖြည်းဖြည်းစား ဖြည်းဖြည်းဝါးကာ ရေများများသောက် ပေးပါ။

၈. dinner စားပြီးခါမှ ထပ်မစားပါ နှင့်တော့။
အကယ်၍ dinner စား တတ်ပါက စားပြီးသည်နှင့် သွားတိုက်လိုက်ပါ။ နောက်ထပ် ဘာမှမစားပါနှင့်တော့။

၉. Snack စားလျှင် mini meal ကို ရွေးပါ။
တစ်ရက်တာအတွင်း Snack စားတတ်ရင် mini- meal snack ကိုသာ စားပါ။

၁၀. မနက်စာကို ဖြစ်အောင် စားပါ။
မနက်စာသည် အရေးကြီး ဆုံးအစာဖြစ်သည်။ တစ်ညလုံး အိပ်ပြီးသောအခါ လိုအပ်သော ဇီဝ ကမ္မဖြစ်စဉ်နှင့် energy အတွက် မနက်စာသည် မစားမဖြစ် စားရန် လိုအပ်သောအရေးကြီးဆုံးအစာဖြစ် သည်။

ဝင်းအိ
Health Updates Journal
Vol.2, No.34


https://www.facebook.com/photo.php?fbid=470096566422913&set=a.420045418094695.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...