စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်ခွေးတဲ့လား သမီးမုန်းလိုက်တာဖေဖေရယ်

 
စစ်ခွေးတဲ့လား သမီးမုန်းလိုက်တာဖေဖေရယ် ကိုယ်တိုင်ဆုံးဖြတ်လာရတော့ အမိန့်ဆိုတာ သူတို့မသိဘူး

သူတို့007ကြည့်ပြီးအပျော်တမ်းရင်ခုန်နေတဲ့အချိန်မှာ တကယ့်ကျည်ဆံတွေကြား အသက်လုနေရတဲ့ ဖေဖေတို့ကိုသူတို့မသိဘူး

သူတို့သိပ်မုန်းတဲ့စစ်သားတွေ ရှေ့တန်းမြေပြင်မှာ ကျဆုံးရင် အလောင်းအနေနဲ့တောင် မိသားစုဆီပြန်လာခွင့်မရှိတာ သူတို့မသိဘူး

အမိန့်ပေးလိုက်ရင် မဖြစ်မနေအကောင်ထည်ဖော် ပေးနေရတဲ့ စစ်သားတွေရဲ့ဘဝကို သူတို့မသိဘူး

အမိန့်မပေးခဲ့ရင် ကိုယ့်အသက်ကိုထိပါးလာရင်တောင်ငြိမ်နေရတဲ့စစ်သားတွေရဲ့ တာဝန်ကိုသူတို့မသိဘူး

ရှေ့တန်းရောက်နေတဲ့ဖေဖေကို စိတ်ပူနေရတဲ့ စိုးရိမ်နေရတဲစစ်သားသားသမီးတွေရဲ့ပူလောင်မှုကိုသူတို့ကိုယ်ချင်းမစာတတ်ကြဘူး

တပ်ရင်းတွေမှာတူတူလိုက်နေရင်း
ရန်သူတက်လာလို့ကျီးလန့်စာစား အညိုရောင် နယ်မြေတွေအကြောင်းကို သူတို့မသိဘူး

မိသားစုတူတူမနေရဘဲ တစ်ကွဲစီနေရတဲ့ စစ်သားတွေနဲ့ မိသားစုရဲ့ခံစားချက်ကို သူတို့မသိဘူး

သူတို့ဘာမှမသိဘူး

အဲ့လိုလူတွေကို သမီးမုန်းတယ်ဖေဖေ သမီးမုန်းတယ် ဒါပေမဲ့ သမီးခွင့်လွှတ်ပါတယ်

ဖေဖေတို့ကိုစစ်ခွေးလို့ ပြောတဲ့လူတွေ က သမီးတို့ဘဝမှန်ကို မမြင်နိုင်လောက်အောင်
သူတို့ကံကောင်းခဲ့တယ်သူတို့ဘဝတွေ အေးချမ်းလွန်းခဲ့တယ် သူတို့သိပ်ကံကောင်းခဲ့ပါတယ်
May Kha

http://www.facebook.com/photo.php?fbid=401943063236864&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...