စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဝလွန်သူများအတွက် လေယာဉ်လက်မှတ်ခ တိုးမြှင့်




       နော်ဝေနိုင်ငံရှိ လေကြောင်းလိုင်း များတွင် စီးနင်း လိုက်ပါသော ခရီးသည်များ အနေနှင့် အဝလွန် သူများ ဖြစ်ပါက လေယာဉ် လက်မှတ်ခ တိုးမြှင့်ကောင်ခံရန် လေကြောင်း ကုမ္ပဏီများအား နော်ဝေနိုင်ငံ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ လေ့လာသူများက အကြံပြုချင် ထုတ်ပြန်ကြေ
ညာ ကြေညာသွားသည်။ နော်ဝေနိုင်ငံ Songnofjordane တက္ကသိုလ်မှ ပါမောက္ခ ဘဟာရတ် ဘဟာသာ၏ အဆိုအရ နော်ဝေ လေကြောင်းများတွင် စီနင်း လိုက်ပါသော ခရီးသည်များ အနက် အများစုမှာ အဝလွန်သူများ ဖြစ်ကြပြီး ထိုအဝလွန် သူများကြောင့် အခြား ခရီးသည် များကို စိတ်အနှေင့် ဖြစ်စေနိုင်သည့် အပြင် လေကြောင်း ကုမ္ပဏီများ၏ အကျိုးစီး
ပွား ကိုလည်း များစွာ ထိခိုက်နစ်နာ စေခဲ့သည်။

ပြင်သစ် လေကြောင်းလိုင်း အပါအဝင် အခြားနိုင်ငံများမှ နော်ဝေနိုင်ငံတွင် ဝန်ဆောင်မှု ပေးလျက်ရှိသော နိုင်ငံခြား လေကြောင်းလိုင်းများသည် ခန္ဓာကိုယ် အလေးချိန် အလိုက် လေယာဉ် လက်မှတ် များကို တိုးမြှင့် ကောက်ခံမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။

ထို့ပြင် ပြည်တွင်း လေကြာင်းလိုင်းများ အနေဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် များကို သုံးမျိုးခွဲခြားကာ လေယာဉ်လက်မှတ်ဈေးနှုန်းသတ်မှတ် ခြင်းဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် လျော့ချမှုကို အားပေးစေသည့် အပြင် လေကြောင်း ကုမ္ပဏီများ အနေနှင့် အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြား သွားခဲ့သည်။

YOYARLAY

http://www.facebook.com/photo.php?fbid=401814483249722&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...