စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခြေဖဝါးနှင့် ကျန်းမာရေး


ကျန်းမာရေးအတွက် အဘယ်ကြောင့် လမ်းလျှောက်ရန် လိုသနည်း

              လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ 
 Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။

          ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။
 ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးမှုတယ်လို့ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။
 (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှုအား ကောင်းစေခြင်း စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေမှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Via: General Knowledge

(ခြေဖဝါး ကျန်းမာရေးနဲ့ ပက်သက်ပြီး သိထားတဲ့ ဗဟုသုတလေးများရှိရင် စာဖတ်သူတို့ Share ပေးစေလိုပါတယ်)
         ရှေးရှေးက ဘိုး၊ဘွား တွေ အုန်းမုတ်ခွက် ၂ ခုကိုမှောက်ပြီး တက်နင်းပေးရင်း ကျန်းမာရေးအထူးကောင်မွန်ကြောင်း မြန်မာ့နည်းလေးတစ်ခု ကျွန်တော်ကြားဖူးပါတယ်။
                                                                             လေးစားစွာဖြင့်    ....    မောင်မြင့် 

Tin Oo Lwin ကျွန်တော်..ဆားနင်းဘူးတယ်...မျက်စိကြည်၊အညောင်းပြေတယ်ခင်ဗျ..။

ငရဲဟူသည် အဘယ်နည်း


ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတ
ာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။

ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက်သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။

သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ

ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ

သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ

ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ

မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ

တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ

မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ

မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ

ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီးတစ်ထပ်တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။

အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေးငယ်နေချေသေးသည်။

တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။
ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။

ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။
ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံးအမှားကိုယ်စီရှိကြချေသည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများအားဖြင့်) ငရဲဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။

မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့်နည်း။

မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာဖန်တီးသည်။ မည်သည့်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွားမည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။

ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။
မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင်မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိဘုံများသို့ရောက်ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။

သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံတစ်ခုထင်ခြင်းကြောင့်လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါနီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)

ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။

ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကုသိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံးသပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခများ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲမကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြားပဲထားထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။

ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။

မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံးအမကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏အမှန်ကိုမြင်နိုင်ကြလော။ မှားမှန်းသိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြားလည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ်တွင်ဖြစ်တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင်ရန် ဝေးလှချေသေး၏။
အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။

နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသားအရေအတွက်မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။

မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ်တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ်ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလောကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။

စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။

By အောင်ခမ်း ( International news for myanmar)

အိုင်စလန်ကျွန်းမှ သဘာဝ ရေပန်း (ရေပွက်)




အိုင်စလန်ကျွန်းစုနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝနေရာတစ်ခုကတော့ Strokkur အမည်ရတဲ့ ရေပွက် (Geyser) ဖြစ်ပါတယ်။

အလိုအလျောက်ရေများ ပန်းထွက်နေပြီး သဘာဝရေပန်းလို့တောင် တင်စား ပါတယ်။ ၄ မိနစ် နဲ့ ၈ မိနစ်ကြားမှာ တစ်ခါပန်းထွက်ပြီး ရေတစ်ခါ တက်ရင် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားမှာ ဖြစ်ပါတယ်။ တစ်ခါခါကျရင် မီတာ ၄၀ အထိတောင် မြင့်တက်ပါတယ်။

ယင်းသို့ သဘာဝအရောက် ရေပန်းထွက်လာမှုက ၁၇၈၉ ခုနှစ် စတင်တာ ဖြစ်ပြီး ကြီးမားတဲ့ မြေငလျင် လှုပ်ခပ်မှုကြောင့် ပြန်လည် ပွင့်ထွက်လာတဲ့ အပေါက်ဖြစ်ပါတယ်။ ၁၈ ရာစု ကတည်းက ရှိခဲ့တဲ့ ရေပေါက်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက်အရ ယင်း ရေပွက်အောက်ခြေ ပေ ၆၆၀၀ က ရေလမ်းကြောင်းဟာ မီးရေ (ချော်ရေ) လမ်းကြောင်းပေါ် ရှိနေတဲ့အတွက် အပူချိန်များတဲ့အခါ ရေများ ဆူ ထွက်လာခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဆူလာတဲ့ရေဟာ မြေပြင်အထက် မီတာ ၂၀ အထိတောင် မြင့်တက်ပါတယ်။ ၁၈ ရာစုကဆိုရင် မီတာ ၆၀ အထိ မြင့်တက်တယ်ဆိုပါတယ်။

ဒီလို သဘာဝ ရေပွက် (Geyser) ဟာ ကမ္ဘာအနှံ့မှာ ရှိနေပေမယ့် အတွေ့နည်းတဲ့ သဘာဝ ဖြစ်ပါတယ်။ Strokkur Geyser ဟာ အိုင်စလန်ကျွန်းစုရဲ့  ထူးခြားတဲ့ သသာဝ အလှတစ်ခုလို တည်ရှိနေပါတယ်။

အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Strokkur

https://innewsmyanmar.blogspot.com/2012/10/blog-post_16.html

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ




ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရ
င် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----
Ref: wiki

https://innewsmyanmar.blogspot.com/2012/10/blog-post_8063.html

အိပ်ချင်ပြေပုံလေးများ ၁၂၊ ၁၃

၁။ ပြောထားတယ်နော်

၂။ ကျား....... တက်ထားကွ

၃။ကဲ ရိုက်မယ်ပြုံးထား

၎။ဟုတ်ကောဟုတ်ရဲ့လား

၅။ဟဲ ဒီလိုပဲ

၆။အမွေတွေရတော့မယ်ပျော်လိုက်တာ

၇။ဒီနေ့ကံမကောင်းပါလား


၁။အားလုံးလက်မြောက် စစ်ဆေးရေးဝင်မယ် ဒါပဲ

၂။ကဲ မှတ်ကရော

၃။သမီးလိမ်မာ

၎။ဟဲဘယ်လာကိုင်တာတုန်း

၅။ဒီနားလေးတင်ပျောက်သွားတယ် .. တောက်

၆။ဆင်းရဲသားတိုက်ဖြတ်ရေးအတွက် ဖုန်းများကိုအရစ်ကျရောင်းနေပါပြီ (အရင်အတိုင်းဘဲ)

၇။ပေါ်တော့ပေါ်တာပဲ

အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့်နည်း

အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့် ကျီးကန်းလမ်းလျှောက် သည့် ပုံစံ ယောဂ ကျင့်စဉ်ကို ဖော်ပြလိုက်ပါသည်. .
လေ့ကျင့်နည်း

၁။ ဒူးခေါင်းကွေး၍ ဆောင့်ကြောင့်ထိုင်ပါ ။ ခြေနှစ်ဖက်ကို ပူးကပ်ထားပါ. . လက်နှစ်ဖက်က ဒူးခေါင်း ၂ ဖက်ကို ပိုက်ထားပါ (ပုံ-၁)

၂။ အသက်ရှုသွင်းပြီး ညာခြေကို ရှေ့သို့ တစ်လှမ်းလှမ်းပါ။ ဘယ်ဘက်ဒူးခေါင်းက အောက်သို့ နှိမ့်ထားရမည်။ အသက်ရှုထုတ်လိုက်ပါ။ (ပုံ-၂)


၃။ တစ်ဖန် အသက်ရှုသွင်းပြီး ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အောက်သို့ နှိမ့်ထားပါ။ အသက်ရှုထုတ်လိုက်ပါ (ပုံ-၃)

၎။ အသက်ရှုသွင်းပြိး နောက်ဘက်တွင် ကျန်နေသော ညာခြေထောက်ကို ရှေ့ဘက်သို့ ပြန်ယူပြီး စုလိုက်ပါ။ အသက်ရှုထုတ်လိုက်ပါ။

၅။ အဆင့်(၁)မှ အဆင့် (၄) အထိ ကို ၁ ကြိမ်ဟု သတ်မှတ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပါ။

မှတ်ချက်
ရှေ့သို့ ခြေလှမ်းလှမ်းချိန်တွင် မလောပါနှင့်။ တဖြည်းဖြည်းချင်း ပြုလုပ်ပါ။
ခြေလှမ်းကို မကျဲစေပါနှင့်။ ခြေလှမ်းစိတ်ရမည်။တင်ပါးကို နှိမ့်ထားပါ

ဤလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက. . .
အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါသည်
အရိုးအဆစ်ထုံးကပ်ခြင်းကို ကာကွယ်ပေးသည်
ခြေချောင်း၊ ခြေဖျား၊ ခြေဖနောင့် ခြေချင်းဝတ်နှင့် ဒူးခေါင်းကို သန်မာစေပါသည်

by: နန်းဆုကေဆွမ် ယောဂသင်တန်း
Posted on Health Digest

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ



ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်း ၁၃ နည်းထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။

၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

၂) နားထဲ လက်ချောင်းထည့်ပါ
နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။

၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ
သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၎) ရေများများသောက်ပါ
ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

၅) လျှာကို ဆွဲထားပါ
ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွားစေပါတယ်။

၆) သင့်အာခေါင်ကို နှိုးဆွပေးပါ
ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၇) အသက်ရှူ အောင့်ထားပါ
သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုးတာ ရပ်တန့်သွားစေပါတယ်။

၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာစေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၉) လေဆေးသောက်ပါ
မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။

၁၀) အစာကို ဖြည်းဖြည်း စားပါ
အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေ ခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။

၁၁) အစားအလွန်အကျွံစားတာကို လျှော့ပါ
အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၁၂) အစပ်များသော အစာများကို ရှောင်ပါ
အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုးတာကို ဖြစ်စေပါတယ်။

၁၃) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)Ref: Good Health posted on Yatanarpon - good health - article-68498

အကောင်းဆုံးမှကြိုက်တတ်သူတွေအတွက်လက်ဆောင်ပုံလေးတွေပါ

Roll-Royce ကားလေးစီးပြီး($2550000.00)နော်
ဒီRolexနာရီလေးနဲ့ ($120000)နော်နေချင်စရာအိမ်လေးပေါ့ ($480000000)တန်ပါတယ်.......စပိန်ကပါ။
$38000တန်ဖိနပ်တဲ့ လေပြင်သစ်ရေမွှေးစစ်စစ်လေးလေ($2100)ထည်းပါ။
၁၈ကာရက်ရွှေအစစ်နဲ့ စိန်အစစ်ပါတဲ့ ($2600)တန်မျက်မှန်လေးပါ။
Versaceရဲ့ အဖိုးတန်ဝတ်စုံလေးပေါ့ (Euro..6000.00)။
အဲဒီလိုတန်ကြေးကြီးပြီးအကောင်းဆုံးတွေမှကြိုက်တတ်သူတွေအတွက်တော့ ငွေရှာကောင်းပြီးချမ်းသာဖို့ လိုတာပေါ့ 
....လောလောဆယ်ကျွန်တော်ကတော့ သွားရည်
ကျရုံပဲရှိတာပါ....အားလုံးလဲကြိုက်မယ်ထင်ပါတယ်.....ဟဲဟဲဟဲ......(သွားရည်ဝိုင်းကျရအောင်)

ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)




Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။

သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မ
ှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။

အဆိပ်ပြင်းတာကတော့ အိမ်မှာ သုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုတ်ထက် အဆပေါင်း ၁၀၀ ကျော်ပြင်းကြောင်း ရှာဖွေတွေ့ရှိ ထားပါတယ်။ အဆိပ်ရဲ့  တည်နေရာကတော့ သည်းခြေးနဲ့ ဝမ်းဗိုက်မှာသာ အဓိက ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခါတရံ တစ်ကိုယ်လုံးမှာလည်း ပြန့်နှံ့ နေတတ်ပါတယ်။ သူ့ကို စားမိတဲ့ သက်ရှိတိုင်းသေပါတယ်။ သို့ပေမယ့် ပင်လယ် ဖွတ်ကောင် တစ်မျိုးနဲ့ ငါးမန်းတစ်မျိုးကတော့ ယင်းအဆိပ်ကို ခံနိုင်ရည် ရှိတယ်လို့ ဆိုပါတယ်။

အဆိပ်ဖြေဆေး ရှားပါတယ်။ ကိုယ်တွင်း သွေးကြောနဲ့ အာရုံကြောထဲက Acetylcholine ဓာတ်ကို ဖျက်ဆီးပေးမယ့် Edrophonium အမျိုးအစား ဆေး တစ်မျိုးသာ ဖြေလို့ရတဲ့ အဆိပ် ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်မိရင် သေတာ များပါတယ်။ ၂၄ နာရီမခံပဲ သေကြတယ်လို့ ဆိုပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာ Puffer fish မစားသုံးဖို့ တားမြစ်ထားပါတယ်။ လက်တွေ့ သေဆုံးသူများ ရှိလာတဲ့ အတွက် ဈေးကွက်တွင်း Puffer fish ကို ဖယ်ရှား ခဲ့ကြခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁၀၀ ကျော်ခဲ့တဲ့ တည်ရှိနေတဲ့ ရေသတ္တဝါမျိုးစိပ် တစ်မျိုး ဖြစ်ပါတယ်။ ရေငံအမျိုးအစားလည်း ရှိသလို ရေချို အမျိုးအစားလည်း ရှိပါတယ်။

သာမန် အားဖြင့်ကတော့ ၃၉ လက်မအထိ အရှည် ရှိနိုင်သော ဘောလုံး ဝမ်းဗိုက်နဲ့ ငါး ဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို Globefish လို့လည် ခေါ်ပြီး ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် သတ်မှတ်ထားကြပါတယ်။
---
Ref:wiki

http://innewsmyanmar.blogspot.com/2012/10/puffer-fish.html

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်




သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ့  အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ့ အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။

ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုးသတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တုတွင်းထွက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။

သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို့ တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ့ အစေ့တွေထဲမှာ ရှိနေရခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြုတတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:wiki

http://innewsmyanmar.blogspot.com/2012/10/blog-post_24.html

ထူးဆန်းသော ငါးပျံ (Flying fish)




မိုးပေါ်ပျံတတ်တဲ့ ငါးပျံ များကို စာဖတ်သူတော်တော်များများ သိရှိမယ် ထင်ပါတယ်။ သူ့ကို Flying fish / လက်တင်လို - Exocoetidae လို့ခေါ်ပါတယ်။

ရေပေါ်မှာ ပေ ၂၀ အထိ ပျံနိုင်တယ်လို့ လေ့လာ တွေ့ရှိထားပါတယ်။ အချိန်အားဖြင့် တွက်ရင် ၄၅ စက္ကန့်အထိ အကြာဆုံး လေပေါ်မှာ ပျံနိုင်ပါတယ်။ သူ့မှာပါတဲ့ ငါးတောင်ပံက သာမန်ငါးတွေထက် ပိုမို အားကောင်းပြီး လေရဲ့  Direction ကိုလည်း တွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ
ပျံနိုင်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အခြား ရေသတ္တ၀ါတို့ လာရောက် တိုက်ခိုက်တဲ့အခါ ရေပေါ်မှာ ခုန်ပျံ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ စွမ်းအင်တစ်ခု ဖြစ် ပါတယ်။ ပင်လယ်ရေထဲမှာလည်း အမြန်ကူးခတ်နိုင်သလို ရေပေါ်လည်း ခုန်တက်ပျံပြီး ကူးနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ သွားနှုန်းဟာ တစ်နာရီ ၄၃ မိုင်နှုန်း ဖြစ်ပါတယ်။ ယင်းသွားနှုန်းဟာ ရေပေါ် ပြေးဆိုင်ကယ် တစ်စီးနီး နီး မြန်တဲ့ သွားနှုန်း ဖြစ်ပါတယ်။

အစုအဖွဲ့လိုက်နေထိုင်တတ်တဲ့ သဘာဝ ရှိပါတယ်။ ယင်းငါးပျံ (Flying fish) ကို ဂျပန်တို့ နှစ်သက်စွာ စားသုံးပါတယ်။ ဂျပန် ဆူရှီတွေထဲမှာ ထည့်ပေါင်း တပ်ပြီး အိန္ဒိယ၊ ထိုင်း၊ အင်းဒိုနီးရှားနိုင်ငံတို့မှာလည်း စားသုံးကြပါတယ်။

သဘာဝအားဖြင့် ပင်လယ်ထဲမှာ နေထိုင်ကျက်စားတတ်ပေ မယ့် ရေချို မှာ နေထိုင်တဲ့ ငါးပျံများလည်း ရှိပါတယ်။ အရွယ်အစား ကတော့ သေးသေးလေးကနေ ၅ လက်မ၊ ၁၀ လက်မ အမျိုးမျိုး ကွဲပြားပါတယ်။ အမေရိကန် ငါးပျံ၊ အင်ဒိုနီးရှားငါးပျံ၊ အာတိတ် ငါးပျံ၊ ဂျပန်ငါးပျံ ဆိုပြီးတော့ မျိုးစတ်ပေါင်းများစွာလည်း ရှိနေတတ်သေးတယ်လို့ သိရပါတယ်။
----
Ref:wiki

http://innewsmyanmar.blogspot.com/2012/10/flying-fish.html

ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း


မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ေ
ဖ်ာတာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
...
ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…

ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီ
တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

Via ; Tabata Prince

အေးချမ်းမွန်မှ အက်ရှင်ဘဘ ဒီမို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အက်ရှင်ဘဘ ဒီမို

ရေခဲလူသား




နယ်သာလန်နိုင်ငံမှ ဒတ်ခ်ျလူမျိုး အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ Wim Hof လို့အမည်ရပါတယ်။

ရေခဲရေနဲ့ အမြဲရေချိုးပြီး အာတိတ်ရေခဲပြင်မှာလည်း ရေကူးခဲ့သူ ဖြစ် ပါတယ်။ ဒါကြောင့် ဂင်းနစ်စာအုပ်မှာ ၁၈ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အံ့မခန်း လူသား ဖြစ်ပါတယ်။
...
၂၀၀၇ ခုနှစ်တုန်းကလည်း ဧဝရက်တောင်ကို ဘောင်းဘီတို တစ်ထဲတည်း ဝတ်ပြီး တက်ခဲ့ပါသေးတယ်။ ခြေထောက်ဒဏ်ရာကြောင့်သာ စံချိန်တင် မအောင်မြင်ခဲ့ပါဘူး။ ခြေထောက်ဒဏ်ရာ ရခဲ့ပြီး ခြေနှစ်ချောင်းလုံး သေသွား မယ်လို့ ဆေးပညာအရ တွက်ချက်ဟောပြောခဲ့ပေမယ့် ထင်သလို မဟုတ်ပါ ဘူး။ သေပြီလို့ ထင်ရတဲ့ ခြေထောက်တွေဟာ သူ့ပါသူ ပြန်လည် အသက်ရှင် လာပါတယ်။

သာမန်လူ မခံနိုင်လောက်တဲ့ အအေးဒဏ်ပြင်းဒေသမှာ ကိုယ်လုံးတီးနေနိုင် ပါတယ်။ ရေခဲတိုက်ထဲမှာလည်း အသက်ရှင်နိုင်သူ ဖြစ်ပါ တယ်။ ချေထား တဲ့ ရေခဲတုံးတွေကြားမှာ ဝင်စိမ်နေတဲ့ Wim Hof ကို ယခုလို မြင်တွေ့ ရပါတယ်။
---
Ref:amazeworld

http://innewsmyanmar.blogspot.com/2012/10/blog-post_29.html

ဘလော့ Error များအတွက် ဖြေရှင်းနည်း



ပထမဆုံး  updated Blogger Interface  လုပ်ရ့ပါမယ်.. error ဖြစ်တတ်တဲ့ ပြဿနာနဲ့ ဖြေရှင်းနည်းအမျိုးမျိုးကို ရှင်းပြလိုက်ပါတယ်နော်...

(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..


( ၁ )  

Error Message with Stylish 404 images အတွက်..


သည်အတွက် သွားရမှာကတော့
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
  • </head> ကိုရှာပါ တွေ့တာနဲ့ သူ့အပေါ်ကနေကပ်ပြီး ပေးထားတဲ့ ကုဒ်တွေကို ထည့်ပေးပါ။

 <b:if cond='data:blog.pageType == "error_page"'>
<style
type="text/css">.status-msg-wrap{font-size:100%;margin:none;position:static;width:100%}.status-msg-border{display:none}.status-msg-body{padding:none;position:static;text-align:inherit;width:100%;z-index:auto}.status-msg-wrap
a{padding:none;text-decoration:inherit}</style>
</b:if>

 ►6- Save Template လိုက်ပါတော့....ပြီးပါပြီ.....။......။


  (  ၂  )  Error Page Style 1

Custom 404 error page for blogger 1NetOopsblog protected image


(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..



<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfc8fkyh2MFGaMjRA1eAgcw24n3qmWzsHm0lR_1WCIETFGsr7jGILxaBAZSZ5C22TyO5KpoFmnAZRnhbbC97TKVpWGSgmtYv77lPEI7veQWNjUNN2N0_BDU8FuqdLasy1bLYDEe6dmifk/s1600/404+error+page+1.jpg"/>


 ( ၃ )  Error Page Style 2


Blogger custom Error page
(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..






<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiumSJb8K0LUp5euvhg4_SE2Nz5_0AgtP9TICT25cXRnQMO088RmtWtJQTQ_ILJ2z04e3-MqmvVBD5rFFIFjh7S-BAVP1jRvhm5H9fu4Zb8z0O2xgojumuxZqgf0iPfbqa398WbKsR82vM/s1600/404+error+page+2.jpg"/>


 


( ၄ )  Error Page Style 3



(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..



<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc4M6YCqPRUJMJUbJrOM_vFk8Fxy6gHcgIRc59nUhFGmYvw5mshJsEJQ7zzXmPKlD6_eVH6Mse7c-iX2flOA4dNSt49V8Y7dVtRZURKB9QZ-ETYWW4HmTeFcD6sJt7B6dO5rmlvEARbk/s1600/404+error+page+4.jpg"/>

( ၅ ) Error Page Style 4

blogger custom 404 error page
(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..



<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWbhSFUouav4mOmj4yTQk62UB5xEPEGEOwnaMrz9Y3wPygj-3g_tuZQ_oGoTuzK14cGa1yrIrB_KlDIfw3XzF0AJ4zGkXWRUajij0FAHXhyP2KHHg6mWE3eIbOMBgbwTCkRpb0EgWoKGo/s320/404+error+page+6.jpg"/>

( ၆ )  Error Page Style 5

NetOopsblog protected image

(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..



<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguUqoktdO4R-vsqX53efsz2JoEm6MQ8L-KmivipSNL8CxJRQAH-x47fBFocFGaLHgIrZw0NBq_UVpCZv_P3eNAGBdUAjAk7XBGkvgfTpPqevkCAlNc2qFl29qP1Ie85muAkNuKi71Z-5I/s1600/404+error+page+7.jpg"/>

( ၇ )  Error Page Style 6

NetOopsblog protected image

(၁) ဘလော့ကာကိုဝင်လိုက်ပါ
(၂) Setting->Search Preferences
(၃) အဲမှဘဲ ပုံပြထားသလို edit ကိုကလစ်တာနဲ့  box လေးကျလာမယ်..
(၄) အဲ box လေးထဲမှာ ဘဲကုဒ်တွေ ထည့်ပေးရမှာပါ..






<h2 style="font-size: 35px;margin: 0;text-align: center;">Oops..! </h2>
<h3 style="font-size:17px;">Sorry,You are trying to reach an
invalid page...!<br><a href="/">Click here</a> to go
to Homepage <br> Have a nice Day...</h3><img
src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUL658EnPOr3mDsGJrWRHAVw8bn00f_tJNBn2-FpdtSeDNgak01S8olxXKHpRnPcSHdoNm997-F5QbzuejPXca-A33AeZhoT6cPtZK60mz1AR1mgb2wBy1xWe7fxjK1e6am1nbGBotEc4/s1600/404+error+page+3.jpg"/>

ကဲ ပြီးးတာနဲ့ ဆေ့ဖို့တော့ မေမ့ကြနဲ့နော်.... ဒါဗြဲ.....တာ့တာ......

အောင်အောင်(မကစ)
ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...


တို့ရဲ့ cbox မှာ ပြောခဲ့ကြပါနော်...

ရေ၏အံ့အားသင့်ဖွယ်ရာ အစွမ်းခုနစ်သွယ်


ရေ၏အံ့အားသင့်ဖွယ်ရာ အစွမ်းခုနစ်သွယ်
သင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေကို သောက်သုံးဖြစ်ရဲ့လား။ ယေဘုယျအားဖြင့် အာဟာရ ပညာရှင်တွေက ရေနဲ့ ပတ်သက်ပြီး “8 x 8 rule” ကိုချမှတ် ထားပါတယ်။ တစ်နေ့မှာ ရေရှစ်အောင်စ ပါတဲ့ ဖန်ခွက် ရှစ်ခွက်ပြည့်အောင် သောက်ပေးရပါမယ်တဲ့။ အားကစားလုပ်ရင် ဒါမှမဟုတ် ချွေးထွက်တာ များရင်တော့ ရေကို ပိုသောက်ပေးဖို့ လိုအပ်ပြီး တခြားဖျော်ရည်တွေ သောက်ရင် ရေကိုလျှော့သောက် ပေးနိုင်ပါတယ်။ ရေသောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးအာနိသင်ကတော့ ခုနစ်မျိုးရှိပါတယ်။

၁။ သွယ်လျစေခြင်း
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစာမစားခင် ရေတစ်ဖန်ခွက် သောက်လိုက်ပါ။ ရေသောက်လိုက်တဲ့ အခါ ဗိုက်ပြည့်တဲ့ ခံစားချက်ရသွားပြီး ကယ်လိုရီများတဲ့ အစားအစာ တွေကို စားချင်စိတ်လျော့နည်း သွားပါတယ်။ ဒါ့အပြင် ရေသောက်တာက ဇီဝရုပ် ဖြစ်ပျက်မှု အားကောင်းစေတဲ့ အတွက် အပိုကယ်လိုရီတွေကို လောင်ကျွမ်း သွားစေပါတယ်။

၂။ စွမ်းအင်တိုးစေခြင်း
ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းသလို ခံစား နေရရင် ရေတစ်ဖန်ခွက် သောက်လိုက် ပါ။ ရေဓာတ် ခန်းခြောက် ခြင်းကြောင့် သင်ဟာ နုံးချည့်ပြီး ပင်ပန်းနေတတ်ပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ တခြားမရှိမဖြစ် အာဟာရတွေ ပို့ဆောင်ပေး နိုင်အောင် ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝ နေရင် သင့်နှလုံးဟာ ခန္ဓာကိုယ် တစ်လျှောက် သွေးပို့ပေးဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ပါဘူး။

၃။ စိတ်ဖိစီးမှု လျော့ကျစေခြင်း
ဦးနှောက် တစ်သျှူးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ရေတွေ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက် နေရင် သင့်ခန္ဓာကိုယ်ရော စိတ်နှလုံးပါ ဖိစီးနွမ်းနယ်နေတတ်ပါတယ်။ စိတ်ဖိစီးမှုအဆင့် လျော့ကျဖို့အတွက် အလုပ်စားပွဲမှာ ရေပုလင်းထားရှိပြီး မကြာခဏ သောက်ပါ။

၎။ ဆီးကျောက်တည်မှု နည်းစေခြင်း
ရေကို လုံလုံလောက်လောက် မသောက်တဲ့ သူတွေမှာ ဆီးကျောက်တည်တဲ့နှုန်း မြင့်တက် လာပါတယ်။ ရေဟာ ဆီးကျောက်ဖြစ်လာစေမယ့် ဆားနဲ့ သတ္တုဓာတ်တွေကို ပျော်သွားစေတာကြောင့် ရေသောက်များတဲ့သူတွေမှာ ဆီးကျောက်တည်နှုန်း နည်းရတာပါ။

၅။ ကြွက်သား သန်မာစေခြင်း
ရေသောက်တာဟာ ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ် ပေးပြီး ခန္ဓာကိုယ်က အဆစ်တွေကို လုပ်ဆောင် အားကောင်း စေပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြာကြာ ပြုလုပ်နိုင်ပါတယ်။

၆။ အရေပြား တင်းရင်းစေခြင်း
ရေဓာတ်ခန်းခြောက် နေချိန်မှာ အရေးကြောင်းတွေ သိသာနေ တတ်ပါတယ်။ ရေဆိုတာ သဘာဝ အရေပြား တင်းရင်း စေတဲ့အရာပါ။ ရေသောက်တာ ကြောင့် အရေပြားဆဲလ်တွေ အစိုဓာတ် ရစေပြီး တင်းရင်းပြည့်ဖြိုး စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေ ထွက်သွားစေပြီး သွေးလှည့်ပတ်မှု အားကောင်းကာ မျက်နှာ အသားအရေ ကြည်လင်တောက်ပ စေပါတယ်။

၇။ အစာကြေညက်စေခြင်း
အမျှင်ဓာတ်လိုပဲ ရေဟာ အစာကြေညက် စေပါတယ်။ ရေဟာ မကောင်းတဲ့ အရာတွေကို ပျော်စေပြီး အစာခြေ လမ်းကြောင်းက တစ်ဆင့် ချောချောမွေ့မွေ့ ထွက်ရှိနိုင်အောင် ကူညီပေးတတ်ပါတယ်။ ရေဓာတ်ခန်းခြောက် နေရင် ခန္ဓာကိုယ်က ရေအားလုံး စုပ်ယူကာ စွန့်ပစ်ပစ္စည်းတွေ ထွက်ရှိဖို့ ခက်ခဲသွားစေပါတယ်။
Ref: Good Health

အိပ်ပျော်ရင်း သွားကြိတ်ခြင်းဆိုင်ရာ အချက်အလက်များ

အိပ်ပျော်ရင်း သွားကြိတ်ခြင်းဆိုင်ရာ အချက်အလက်များ
သွားကြိတ်တာဟာ အိပ်ပျော်သွားတဲ့ အချိန်မှာ မသိဘဲ အပေါ်သွားနဲ့ အောက်သွားတို့ ထိတွေ့ကာ အသံ မြည်အောင် ကြိတ်တာမျိုး ဖြစ်ပါတယ်။ အိပ်ပျော်ရင်း သွားကြိတ်တာက မပြင်း ထန်ရင် ကုသစရာ မလိုအပ်ပါဘူး။

ဒါပေမယ့် သွားကြိတ်တာက မကြာခဏ ဖြစ်နေရင် နောက်ဆက်တွဲ အနေနဲ့ မေးရိုး ပြဿနာ၊ ခေါင်းကိုက်ခြင်း၊ သွားထိခိုက် ပျက်စီးခြင်းနဲ့ တခြား ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။ အထူးသဖြင့် သင်ဟာ အိပ်ရင်း မကြာခဏ သွားကြိတ်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် ပြင်းထန် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ပြဿနာ ကြုံတွေ့ ရတတ်ပါတယ်။
အိပ်ပျော်ရင်း သွားကြိတ်နေသလား
အိပ်ပျော်ရင်း သွားကြိတ်ခြင်း ရှိ၊ မရှိ အောက်ပါ အချက်တွေအရ သိနိုင်ပါတယ်။ -

သင့်သွားကြိတ်သံကြောင်း အတူအိပ်တဲ့သူ နိုးလာရင်
- သင်ဟာ တစ်ယောက်တည်း အိပ်တဲ့သူဆိုရင် သွားပဲ့တာ၊ သွားထိခိုက်ပျက်စီးတာတွေ အလိုလိုနေရင်း ဖြစ်ပေါ်လာရင်သွားတွေဟာ ထိလွယ် ရှလွယ် ဖြစ်နေရင်

- မေးရိုးနာကျင်နေရင် ဒါမှ မဟုတ် မေးရိုးကြွက်သား လှုပ်ရှားမှုကြောင့် နားကိုက်နေရင်
အကြောင်းရင်းမရှိဘဲ ခေါင်းကိုက်နေရင်

- (သွားကြိတ်ရင်း လျှာကို ထိမိတာကြောင့်) လျှာဟာ အလိုလိုနေရင်း နာကျင်နေရင်
ဆရာဝန်နဲ့ ဘယ်အချိန် ပြသင့်သလဲ

- သွားတွေ ပျက်စီးထိခိုက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေရင်

- မေးရိုး၊ မျက်နှာနဲ့ နားတွေ အကြောင်းရင်းမရှိဘဲ နာကျင်နေရင်

- အိပ်ရင်း သွားကြိတ်သံကြောင့် အိပ်မရကြောင်း အတူအိပ်သူက ပြောလာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အိပ်ရင်း သွားကြိတ်ခြင်း ဖြစ်စေသော အကြောင်းရင်းများ
အိပ်ရင်း သွားကြိတ်ရတဲ့အကြောင်းရင်းတွေကို သေသေချာချာတော့ မသိကြသေးပါဘူး။ သွားကြိတ်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့-

- စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုများခြင်း

- ဒေါသနဲ့ မခံချင်စိတ်ကို မျိုသိပ်ချိုးနှိမ်ထားခြင်း

- အထက်သွားနဲ့ အောက်သွား အံချော်ခြင်း

- အိပ်စက်မှု ပုံစံမမှန်ခြင်း

- ကလေးတွေမှာ သွားပေါက်တာနဲ့ နားကိုက်တာကြောင့် နာကျင်ခြင်းကို တုံ့ပြန်ခြင်း

- ကလေးတွေမှာ မေးရိုးနဲ့ သွားတွေ ကြီးထွားဖွံ့ဖြိုးခြင်း

- စိတ်ကျရောဂါ ကုသဆေးတစ်ချို့ အပါအဝင် စိတ်ရောဂါကုဆေးတွေရဲ့ ဆိုးကျိုး တစ်ချို့ ခံစားရခြင်းတွေ ဖြစ်ကြပါတယ်။

အိပ်ရင်း သွားကြိတ်ခြင်း ကင်းဝေးစေရန် တေးဂီတ နားဆင်ခြင်း၊ ကြက်သီးနွေးရေချိုးခြင်း၊ အားကစားလုပ်ခြင်း စတာတွေဟာ စိတ်အပန်းဖြေစေပြီး သွားကြိတ်ခြင်း သက်သာလျော့ပါးစေပါတယ်။
အခန်းဖော်ကို မေးပါ သင်အိပ်နေရင်း သွားကြိတ်သံ ထွက်သလားဆိုတာ သင့်အခန်းဖော် ဒါမှ မဟုတ် အတူ အိပ်သူကို မေးပါ။ သင့်သွားကြိတ်သံကို ကြားရတာနဲ့ သင့်ကို နှိုးဖို့ ပြောပါ။

ခံတွင်း ကျန်းမာရေးကို စစ်ဆေးပါ
သွားနဲ့ ခံတွင်း ကျန်းမာရေးကို စစ်ဆေးတာဟာ သွားကြိတ်တဲ့ ပြဿနာကို ကာကွယ် ကုသရေးမှာ အရေးပါဝင်ပါတယ်။ အထူးသဖြင့် သင်က အခန်းထဲမှာ တစ်ယောက်တည်း အိပ်တဲ့သူဆိုရင် သင့်သွားကြိတ်သံကို တခြားသူတွေ သတိပြုမိဖို့ မလွယ်ပါဘူး။ အဲဒီ အခါမှာ သွားဆရာဝန်ကသာ သင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပြီး သင်ဟာ အိပ်ရင်း သွားကြိတ်ခြင်း ရှိ၊ မရှိ အဖြေရှာနိုင်မှာပါ။
Tips
ကလေးငယ်တွေမှာ အိပ်ရင်း သွားကြိတ်တာ အဖြစ်များပေမယ့် လူပျိုဖော်၊ အပျိုဖော် ဝင်စအရွယ်မှာ သူ့အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။
Ref: Good Health

ပါရမီ ဆယ်ပါး

 
 
 
ပါရမီ ဆယ်ပါး ..............


(၁) ဒါနပါရမီ -

မိမိပိုင်သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။

(၂) သီလပါရမီ -

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း၊
 
တနည်းအားဖြင့် ငါးပါးသီလ ၊ ရှစ်ပါး သီလ စသည့် စောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။


(၃) နေက္ခမ္မပါရမီ -

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲစွန့်ခွါ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း
 
(တောထွက်ခြင်း)အမှုကို ဖြည့်ကျင့်ခြင်း။


(၄) ပညာပါရမီ -

ဥာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။


(၅) ၀ီရိယပါရမီ -

ဇွဲလုံ့လစွမ်းပကားကြီးမားစေရန် မတွန့်မဆုတ်အားထုတ်မှုကို ဖြည့်ကျင့်ခြင်း။


(၆) ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။


(၇) သစ္စာပါရမီ -

အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှုကို ဖြည့်ကျင့်ခြင်း။


(၈) အဓိဋ္ဌာန်ပါရမီ -

စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။


(၉) မေတ္တာပါရမီ -

သူတစ်ပါးကြီးပွားချမ်းသာစေလိုသော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။


(၁၀) ဥပေက္ခာပါရမီ -

သူတစ်ပါးအား မုန်းလည်းမမုန်း ၊ ချစ်လည်းမချစ် ၊ဘက်မလိုက် မျှမျှ တတ အလယ်တည့် မတ်သော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။


ပါရမီ ၁၀-ပါး၊အပြား-၃၀

မိမိခန္ဓာကိုယ် နှင့် ဆက်စပ်မှုမရှိဘဲ သား၊မယား၊ရွှေ၊ငွေ အစရှိသော သက်ရှိ သက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍
 
ဖြည့်ကျင့်ခြင်းသည် "မူလပါရမီ" ဖြစ်သည်။
 
 
 
~~~ ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
 
 
ခင်မင်လေးစားစွာဖြင့် 
 

ကြာဖြူနွယ်
 
 
 
 

အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာ

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့သည် . . . .

မြတ်စွာဘုရားရှင် တာဝတိံတာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားအား ကျေးဇူးဆပ်သောအားဖြင့် ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြားတော်မူရာ ပြီးဆုံးသောနေ့ဖြစ်ပါသည်။
လူတို့၏ အရေအတွက်အားဖြင့် ရက်ပေါင်းကိုးဆယ် (သုံးလ)ဟုဆိုသော်လည်း တာဝတိံသာနတ်တို့၏ အရေအတွက် သတ်မှတ်ချိန်နှင့်ဆိုလျှင် မိနစ်မျှသာရှိလေသည်။

ဤသို့ လူတို့သတ်မှတ်ချိန် ရက်ကိုးဆယ်(သုံးလ)၊ တာဝတိံသာနတ်တို့၏ သတ်မှတ်ချိန် မိနစ်ပိုင်းမျှအားဖြင့် သဗ္ဗညုဗုဒ္ဓသည် အဘိဓမ္မာတရာတော်တို့ကို ဟောကြားရာတွင် အဘယ်ကျမ်းသည် အဘယ်မျှအချိန်ကာလ ဟောကြားခဲ့လေသနည်းဆိုလျှင် ရှေးဆရာအစဉ် အဆက် အာစရိယပရမ္ပရတို့သည် အောက်ပါကဗျာဖြင့် မှတ်တမ်းပြုခဲ့ကြပါသည်။

'' ဓမ္မသင် ၀ိဘင်္ဂ၊ ဒွါဒသရက်စီ၊
ခြောက်ရက်ကြာ၊ ကျမ်းဓာတုရယ်နှင့်၊
ပုဂ္ဂလာ ခုနစ်ရက်၊ ဟောမြွက်ခဲ့သည်။
ကထာဝတ် ရက်ရှစ်ညီ၊ ၀ီသာပ ယမိုက်ကျမ်း၊
ပဉ္စ၀ီ ပဋ္ဌာနရယ်လို့၊ လ. သုံးလီ မယ်တော်မိကို၊
ဟောသည့်ရက်တမ်း"

ဤသို့အားဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော အဘိဓမ္မာဒေသနာတော်မြတ်သည် တာဝတိံသာနတ်ပြည်၏ သက်တမ်းနှင့် တွက်ဆကြည့်ပါလျှင် သာသနာ ၂၅၅၆ နှစ်ဆိုပါက နတ်တို့၏ ရက်ပေါင်း (၂၅) ရက်မျှသာရှိသေးသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ယခုလူသက်တမ်းအတွင်း အသက်ရှင်နေထိုင်သူတို့သည် သက်တမ်းကုန်၍ နတ်ပြည့်ရောက်မည်ဆိုပါက အဘိဓမ္မာဒေသနာတော်ကို ကြားနာဖူးသည် နတ်များထံမှ ပြန်လည်ကြားနာခွင့်ရနိုင်ပါသေးသည်။ မိမိကလည်း အဘိဓမ္မာဒေသနာတော်များကို လူပြည်၌ သင်ယူလေ့လာ၊ ကြားနာခြင်းပါရမီဓာတ်ခံရှိပါက နတ်သားများပြန်လည်ဟောကြားသော တရားတော်များနာယူလိုက်ရုံဖြင့် နားလည်သဘောပေါက်ကာ အရိယာအဆင့်တက်လှမ်းနိုင်မည်ဟု ယူဆရပါသည်။

နိဂုံးချုပ်ရသော် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကသုံးပုံတွင် အဘိဓမ္မာ ဒေသနာတော်သည် ဦးစွာကွယ်ပျောက်ရမည်ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော် ခံတပ်ကြီးသဖွယ်ဖြစ်သော အဘိဓမ္မာဒေသနာတော်များကို သင်ယူလေ့လာ၊ ကျက်မှတ်၊ အာဂုံဆောင်ထားသင့်ပါကြောင်း အသိပေးပြောကြားအပ်ပါသည်။

သီတင်းကျွတ်လမှာ မျက်ရည်ကျရလောက်တဲ့ ဓါတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



ကျွန်မတို့ ဗမာဗုဒ္ဓဘာသာလူမျိုးတွေဟာ ၀ါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယရောက်ပြီဆိုရင်ဖြင့် ၀ါတွင်း(၃)လလုံး
မယ်တော်မိနတ်သားကို တရားဒေသနာတွေ ဟောကြားပြီး လူ့ပြည်သို့ပြန်လည် ဆင်းသက်လာတာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိတို့အိမ်တွေမှာ
ဆီမီးတွေထွန်းညှိပူဇော်ကြိုဆိုကြပါတယ် … နောက်အသက်အရွယ် ကြီးရင့်သူ လူကြီးမိဘဆရာသမားတွေကိုလည်း
မိမိတို့မှ ကာယကံ .. ၀စီကံ .. မနောကံ စတဲ့ ကံ(၃)ပါးနဲ့ ပစ်မှားမိခဲ့လို့ အပြစ်ရှိပါက
.. တစ်ယောက်နဲ့တစ်ယောက်အငြိုးအာဃာတတွေရှိပါက ပြေကြေစေဖို့ ၀န်ချတောင်းပန်ကန်တော့ပန်းတွေဆင်ကြတဲ့
အချိန်အခါလေးလည်း ဖြစ်ပါတယ် .. အဲဒီလို လူကြီးမိဘ ဆရာသမားတွေကို လိုက်လံကန်တော့ကြတဲ့
မင်္ဂလာအချိန်အခါသမယမှာလည်း ကျွန်မတို့ Save The Aged အဖွဲ့ဝင်တွေကလည်း အဖွဲ့က ရာသက်ပန်စောင့်ရှောက်ထောက်ပံ့မှုပေးထားတဲ့
အဘိုးအဘွားတွေကို လိုက်လံ ကန်တော့ကြဖို့ ၅.၁၁.၂၀၁၀(သောကြာနေ့)မှာပဲ Idea Café မှာ မနက်
(၁၀း၀၀)အချိန်ကို ချိန်းဆိုလိုက်ကြပါတယ် ….


ကျွန်မတို့ချိန်းဆိုလိုက်တဲ့အချိန်နဲ့နေ့ရက်က ချက်ချင်းဆိုသလိုဖြစ်သွားခဲ့ပြန်တော့ အဖွဲ့ဝင်အင်အား နည်းနည်းပဲလာတာတွေ့ရတော့ တော်တော်လေး
စိတ်မကောင်းဖြစ်ရပြန်ပါတယ် … ဒါနဲ့ရောက်လာတဲ့ အဖွဲ့ဝင်တွေထဲကမှ မမဖြူစင် ဦးဆောင်တဲ့
သံလမ်းနဲ့ အင်းစိန်အဘိုးအဘွား၊ အပ်ချည်ဦးဆောင်တဲ့ ဆီစက်ဝင်းအဘိုးအဘွား၊ မောင်လေးအောင်မြတ်ဇော်ဦးဆောင်တဲ့
မြောက်ဥက္ကလာအဘွား၊ ဒေါက်တာနတ်ဆိုးတို့ ဦးဆောင်တဲ့ မရမ်းကုန်းအဘိုးအဘွားနဲ့
မိုးည  နဲ့ သိင်္ဂီ ဦးဆောင်မယ့် တာမွေ၊ တောင်ဥက္ကလာအဘိုးအဘွားတို့ဆီ
အသီးသီးလူစုခွဲပြီး ကျွန်မတို့ရဲ့ကန်တော့မယ့် ခရိးစဉ်လေး စတင်ခဲ့ကြပါတယ် … မောင်လေးအောင်မြတ်ဇော်နဲ့
ကျွန်မတို့အဖွဲ့(၂)ဖွဲ့ပေါင်းပြီး ခရီးစဉ်လမ်း ကြောကိုတစ်ခုတည်းဆွဲခဲ့ကြပါတယ် ….. ကျွန်မတို့ရဲ့
ခရီးစဉ်လေးမှာတော့ (၁)ဝေယံမင်း (၂)မိုးညချမ်း (၃)သိင်္ဂီ (၄)အောင်မြတ်ဇော် (၅)ကိုမင်းနောင်လွင်
(၆)ကိုဝင်းကို (၇)ကိုနေရောင် (၈)ကိုဖြိုးလင်းဇော် (၉)ဝေမျိုးဦး တို့လိုက်ပါလာခဲ့ပါတယ် … ကျွန်မတို့ရဲ့ခရိးစဉ်လေးကို
ကားအကူအညိမေးခဲ့သူကတော့ မောင်လေးအောင်မြတ်ဇော်ရဲ့ အစ်ကိုဖြစ်တဲ့ အဖွဲ့ဝင်သစ် ကိုဝင်းကိုပါ
…..

ပထမဦးဆုံး ကျွန်မတို့ရဲ့ခရိးစဉ်အစကတော့ ဗဟန်းမြို့နယ် ပြည်လုံးချမ်းသာမှာရှိတဲ့ အဘွားဒေါ်မြအေးဆီကိုပါပဲ
.. အဘွားဆီရောက်တော့ အဘွားရဲ့ကျန်းမာရေး အခြေအနေကိုမေးမြန်း အဘွားလိုအပ်တာတွေမေးမြန်းပြီး
ကျွန်မကပဲ “အဘွားအပေါ်မှာ သမီးတို့ အဖွဲ့ဝင် သားသမီးများမှ ကာယကံ .. ၀စီကံ .. မနောကံနဲ့ပစ်မှားမိခဲ့ရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်” လို့ ဦးဆောင်ရွတ်ဆိုပြီး အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်ပါတယ်
…. အဘွားဆီက ၀မ်းသာပီတိဆုပေး သံတွေကြားတော့ အတိုင်းမသိအောင်ကြည်နူးရပါတယ် .. အဘွားရဲ့ဆုပေးသံပြီးသွားတော့
ကျွန်မတို့လည်း “ပေးတဲ့ဆုနဲ့ပြည့်ပါစေ”လို့ ပြောပြီးအဘွားကိုနှုတ်ဆက်ကာ ဗိုလ်စိန်မှန်က
အဘိုးအဘွားဆီခရီးဆက်ခဲ့ကြပြန် ပါတယ် …. 
ဗဟန်း(ပြည်လုံးချမ်းသာ)ဘုရားက ဘွားဘွားနဲ့ သားသမီးများ ..


ဗိုလ်စိန်မှန်က အဘိုးအဘွားဆီရောက်တော့ အဘိုးက ခါတိုင်းလိုပဲ အိပ်ပျော်နေပါတယ် …  ဒါနဲ့ အဘွားနဲ့စကား ခဏပြော .. လိုအပ်တာတွေနဲ့ ကျန်းမာရေးအခြေအနေမေးမြန်းနေတုန်း
ဝေယံက အဘိုးနားသွားပြီး “အဘိုးရေ .. အဘိုးသားသမီးတွေ မြေးတွေလာတယ် .. အဘိုးနေကောင်းလား”
လို့ နားနည်းနည်းလေးနေတဲ့ အဘိုးနားကိုကပ်ပြောတော့ .. အဘိုးက “ ဘာ .. ဘယ်သူတွေလာတယ်
… ” လို့ပြန်မေးပြီး မျက်နှာသစ်ချင်ပါတယ်ပြောလို့ ပါလာတဲ့အဖွဲ့ဝင်ယောက်ျားလေးတွေက အဘိုးကိုတွဲပြီး
မျက်နှာသစ်သွားတိုက်လုပ်ပေးပြီး ကျွန်မတို့အဖွဲ့တံဆိပ်လေးပါတဲ့ အနွေးထည်လေးကို အဘိုးကိုဝတ်ပေးပါတယ်

မိုးညတို့အဖွဲ့မှကန်တော့တဲ့ အနွေးထည်လေးနဲ့ခန့်နေတဲ့ ဗိုလ်စိန်မှန်က ဘိုးဘိုး

 .. ပြီးတော့ အဘိုးနဲ့အဘွားကို ကန်တော့ကြပါတယ် .. အဘွားက ဆုပေးပြီးတဲ့နောက် .. အဘိုးကတော့ ၀မ်းနည်းဝမ်းသာဖြစ်ပြိး ငိုပါတော့တယ် ..
ငိုသံပါကြီးနဲ့ပဲ ကျွန်မတို့ကို ဆုတွေပေးပါတယ် … ဆုပေးပြီးလို့ ကျွန်မတို့ ပြန်တော့မယ်လို့
အဘိုးကိုနှုတ်ဆက်တော့ အဘိုးက “နေအုံး ” ဆိုပြီး အိတ်ထဲက ၂၀ တန်လေးတွေကို ထုတ်ပြီး ကျွန်မတို့ကို
မုန့်ဖိုးပေးပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုးအလုအယက်တောင်းနေတဲ့ မောင်နှမတစ်စု ..

“အဘိုး .. ငိုပြီးကျွန်မတို့ကို ဆုပေးကတည်းက ကျွန်မရဲ့ထိန်းချုပ်ထားရတဲ့ ၀မ်းနည်းစိတ်တွေဟာ .. အဘိုးကခေါ်ပြီး သားသမီးတွေကို မုန့်ဖိုးထုတ်ပေးလိုက်တော့ ကျွန်မအရမ်းပဲ
ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျမိရပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုး(၂၀)စီရလာတဲ့ မိုးညတို့အဖွဲ့ဝင်မောင်နှမများ

ဗိုလ်စိန်မှန်အဘိုးအဘွားဆီနေ .. မြောက်ဥက္ကလာက အဘွားဆီကိုခရီးဆက်ဖို့ အချိန်ကြည့်လိုက်တော့ နေ့လည် (၂း၀၀)ထိုးနေပါပြီ
.. ဒါနဲ့လမ်းမှာ တစ်ခုခုဝင်စားကြပါတယ် .. နေ့လည်စာကိုတော့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ ကိုဝင်းကိုကပဲ
ကျွန်မတို့အဖွဲ့ဝင်တွေကို ဒါနပြုခဲ့ပြန်ပါတယ် …. နေ့လည်စာစားပြီး မြောက်ဥက္ကလာကအဘွားဆီကို
ခရီးဆက်ခဲ့ပါတယ် .. အဘွားဆီရောက်တော့ ခါတိုင်းလိုပဲ ကျန်းမာရေး အခြေအနေနဲ့ လိုအပ်တာလေးတွေမေးမြန်းပြီး
“အဘွားအပေါ်မှာ သမီးတို့အဖွဲ့ဝင်များမှ ကာယကံ .. ၀စီကံ မနောကံနဲ့ ပစ်မှားမိခဲ့တာရှိရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်”လို့ ၀န်ချတောင်းပန်ရင်း အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့
အဘွားဆီက ဆုပေးသံလေးကလည်း အလွန်မင်္ဂလာရှိပြီး ပီတိ ဖြစ်ရပါတယ် …


နောက်ခရီးစဉ်လေးအဖြစ်ကတော့ … တောင်ဥက္ကလာမှာ နန္ဒ၀န်ဈေးမှာရှိတဲ့ အဘိုးအဘွား(၄)ဦးဆီပါပဲ … ကားအကူအညီပေးတဲ့ အဖွဲ့ဝင်သစ်
ကိုဝင်းကို၊ ကိုဖြိုး၊ ကိုမင်းနောင်လွင်တို့(၃)ယောက်ကတော့ အချိန်မရတာနဲ့ပဲ ကျွန်မတို့
ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ နန္ဒ၀န်ဈေးမှာပဲ လမ်းခွဲလိုက်ကြပါတယ် … နန္ဒ၀န်ဈေးနား ရောက်တော့
ပထမဦးဆုံးကျွန်မတို့သွားရောက်ကန်တော့တာကတော့ အဘွားဒေါ်ခင်ရွှေပါ …  အဘွားဆီ ရောက်တော့ “အဘွားရေ .. သမီးတို့လာတယ်”လို့
ပြောလိုက်တဲ့ အသံကြာတာနဲ့ပဲ “ဟော …. အဖွဲ့သားတွေလာပြီ”ဆိုပြီး ၀မ်းသာသွားတဲ့ အဘွားမျက်နှာဟာ
.. အလွန်ကြည်နူးစရာပါ … နောက်တော့အဘွားစားချင်တဲ့ ခေါက်ဆွဲကြော်လေးဝယ်ပြီး ကျွေးမွေးပြုစုပြီး
.. ထုံးစံအတိုင်းဝန်ချတောင်းပန် စကားပြောကြားပြီး ဦး(၃)ကြိမ်ချကန်တော့လိုက်တော့ အဘွားဆီက
ဆုပေးသံလေးဟာလည်း မမေ့နိုင်အောင် ပီတိဖြစ်ရပြန်ပါတယ် … 



 အဘွားဆီကနေ အင်းဝလမ်းက အဘွားဆီကို ထွက်လာခဲ့ကြပါတယ် … အဘွားကိုလည်း ကျန်းမာရေးအခြေအနေ .. လိုအပ်တာလေးတွေမေးမြန်းပြီး
အဘွားကို ကန်တော့ကြပါတယ် .. အဘွားဆီက အဖွဲ့ဝင်လေးတွေအပေါ်ဆုပေးလိုက်သံဟာလည်း ရင်ထဲမှာအမှတ်တရဖြစ်ရပြန်ပါတယ်
..


နောက်ဆုံးခရီးစဉ်အဆုံးသတ်သွားတဲ့နေရာလေးကတော့ .. နန္ဒ၀န်ဈေးနားက အဘိုးနဲ့အဘွားဆီကိုပါ … အဘိုးတို့ဆီရောက်တော့ အဘိုးက သူ့ရဲ့ သူရဲကောင်းတံဆိပ်ရတဲ့အကြောင်းတွေပြောပြ
.. သူငယ်စဉ်အခါက အကြောင်းတွေပြောပြနဲ့ အချိန်တွေကုန်မှန်းမသိအောင်ကုန်သွားပါတယ် ..
ဒါနဲ့ကျွန်မတို့စကားပြောနေတုန်း အင်းစိန်သံလမ်းဘက်ခရီးလမ်းကြောကို ဦးဆောင်သွားတဲ့
မမဖြူစင်ဆီက ဖုန်းဝင်လာပါတယ် .. သူတို့ တောင်ဥက္ကလာဘက်ကိုရောက်နေလို့ဘယ်နားမှာရှိမလည်း
လာခဲ့မယ်ဆိုတာနဲ့ .. “မိုးညတို့ နန္ဒ၀န်ဈေးက အဘိုးတို့ဆီမှာရှိမယ် .. မမ.. လာခဲ့နော်”လို့ပြောလိုက်ပါတယ်
…. မမဖြူစင်တို့ရောက်လာတော့ .. အဘိုးနဲ့အဘွားကို ၀န်ချတောင်းပန်စကားကို တိုင်ပေးပြီး
ထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့ .. အဘိုးနဲ့ အဘွားတို့က “ခုလိုသားတို့သမီးတို့လာကန်တော့တာကို
အတိုင်းမသိဝမ်းသာပါတယ်ကွာ.. ”လို့ အဘိုးက ၀မ်းနည်းဝမ်းသာလေသံနဲ့ပြောပြီး ကျွန်မတို့
အဖွဲ့ဝင်တွေ့ကို ဆုပေးပါတယ် … အဘိုးနဲ့ အဘွားတို့ဆုပေးသံ အဆုံးမှာ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံးက
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ” လို့ တညီတညွတ်တည်းပြောပြီး .. ညနေ 63း0 အချိန်လေးမှာတော့ ကျွန်မတို့
Save The Aged အဖွဲ့လေးရဲ့ ၀ါလကင်းလွတ်သီတင်းကျွတ် ကန်တော့တဲ့အစီအစဉ်ခရိးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်
…..
မော်နီကာ



မှတ်ချက် ။       ။ အဘိုးအဘွားတွေကို ကန်တော့ဖို့ပစ္စည်းတွေက
အဖွဲ့ဝင်သစ်ကိုဝင်းကိုလှူဒါန်းတာပါ .. မလေးအဖွဲ့ဝင်များမှလည်း အဘိုးအဘွားတစ်ဦးလျှင်ငွေကျပ်(၈၀၀၀)ကန်တော့ပါတယ်
.. ရန်ကုန်အဖွဲ့မှလည်း အနွေးထည်များကိုကန်တော့ပါတယ် ….

(အဘိုးအဘွားတို့ကို ကန်တော့တဲ့ ပစ္စည်းတွေကတော့ Save The Aged စာတန်းပါ အနွေးထည်(၁)ထည်၊ ကွေကာအုပ်(၁)ထုပ်၊
ခေါက်ဆွဲခြောက်ထုပ်(၅)ထုပ်၊ ဆပ်ပြာမှုန့်အထုပ်ကြိး(၁)ထုပ်၊ ငါးသေတ္တာ(၂)ဘူး)

မူရင်း http://savetheaged.ning.com/profiles/blogs/4762429:BlogPost:78290
Related Posts Plugin for WordPress, Blogger...