စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လယ်တီ ဆရာတော်ဘုရားကြီး ဆုံးမသော သံဝေဂ အလင်္ကာ


နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား ၊ အိုမင်းနောက်ဆုံး ရှိချေ၏ ။

ဥစ္စာဆင်မြင်း ပေါများခြင်းကား ၊ ယိုယွင်းနောက်ဆုံး ရှိချေ၏ ။

ဝိဥာဏ်ထင်းလင်း သက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏ ။

တက်ကြွားကြွကြွ မြင့်လွန်းကလည်း ၊ လျှောကျနောက်ဆုံး ရှိချေ၏ ။

ခုံမင်ခယ ချစ်သမျှကား ၊ သောကနောက်ဆုံး ရှိချေ၏ ။

ပွဲလယ်ပြင်ပ ချီးမွန်းကြလည်း ၊ ရှုတ်ချနောက်ဆုံး ရှိချေ၏ ။

ကြည်သာရွှင်ပြ ချမ်းသာလှလည်း ၊ ဒုက္ခနောက်ဆုံး ရှိချေ၏ ။


( ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး ဆုံးမသော သံဝေဂ အလင်္ကာ )

ရန်သူဝိုင်းထား ထိုယောကျာင်္းကား
ပြေးထွက်ဖိုရာ လမ်းပေါက်သာလျှက်
ပြေးမထွက် လမ်းထွက်မဟုတ်ချေ ။........

ဆိုသည် အတိုင်း ရန်သူတွေ အဝိုင်းခံနေကြရတဲ့ ကျွန်တော်တို သူငယ်ချင်းတို အားလုံး ပြေးထွက်ဖိုရာ ဝိပဿနာ လမ်းပေါက်ကြီး သာနေပါလျှက်နဲ့ပြေးမထွက်ကြရင်တော့ဖြင် ကျွန်တော်တို အားလုံး ရန်သူ့လက်တွင်းမှာ အမြဲ ဇီဝိန်ချုပ် နေကြရမည်သာ........

သန်စင် Forever Friends

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...