စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စကားလုံးများကို...နေရာချခြင်း” (Placing the words in a sentence pattern)




Saturday, September 7, 2013

ဘာသာစကားတိုင်းဟာ ဝေါဟာရမြောက်များစွာနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။အင်္ဂလိပ်ဘာသာမှာလဲ စကားလုံးပေါင်း တစ်သန်းကျော်၊ အီဒီယံပေါင်းတစ်သိန်း...နီးပါးနဲ့ တည်ဆောက်ထား ပါတယ်။ဒီစကားလုံးတွေဟာ..အလှထိုင်ကြည့်ဖို့ မဟုတ်ပါဘူး..။ ၀ါကျတစ်ကြောင်းမှာ စနစ်တကျ နေရာချပြီး..အဓိပွါယ်ရှိတဲ့ စာကြောင်းတွေ ဖန်တီးတဲ့နေရာမှာ အသုံးချဖို့ဖြစ်ပါတယ်။ စကားလုံးတွေသာသိပြီး ၀ါကျမှာ ဘယ်လိုနေရာချရမှန်းမသိသေးရင် အဲဒီဘာသာစကားကို တတ်ပြီလို့ မဆိုနိုင်သေးပါဘူး။ဒါ့ကြောင့် ..ဒီနေ့တော့..အခြေခံဝါကျပုံစံထဲကို စကားလုံးတွေ နေရာချပုံကို ဖော်ပြပေးလိုက်ပါတယ်။

စကားလုံးတွေကို နေရာမချခင်မှာ သဒ္ဒါထဲက ၀ါစင်္ဂရှစ်မျိုး(Eight parts of speech) ကို တီးမိခေါက်မိ လေ့လာပြီး ဖြစ်ရပါမယ်။Phrases & Clauses တို့ကိုလည်း သိရပါမယ်။S+V ,,, S+ V + O ,,, S + V + C စတဲ့.. အခြေခံဝါကျ ပုံစံတွေကိုလည်း..သိထားရပါမယ်။အဲဒီအခြေခံဝါကျတွေထဲကို ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်မှာမို့ပါ။ ဥပမာ...လူကလေးတစ်ယောက် ငိုနေသည်(A boy is crying.)ဆိုတဲ့ဝါကျမှာ A boy က subject ပါ ။is crying က verb ပါ...။အဲဒီယယSub+Verb ၀ါကျပုံစံထဲ.. ကိုယ်လိုချင်တဲ့ အဓိပွါယ်ရအောင် စကားလုံးတွေ ထည့်ကြည့်ပါမယ်။

A boy is crying.
------ -----------
ပထမဦးဆုံး boy (လူကလေး)ရဲ့ ရှေ့မှာ young (ငယ်ရွယ်သော)ဆိုတဲ့ နာမ၀ိသေသနတစ်လုံးကို ထားကြည့်ပါမယ်။

A young boy is crying.

“လူကလေး”မှ “လူငယ်ကလေး” ဖြစ်သွားပါပြီ။သူဝတ်ထားတဲ့ အင်္ကျီကို ကြည့်ပါ။အပြာရောင်ရှပ်အင်္ကျီဝတ်ထားရင် in a blue shirt ဆိုတဲ့ စကားစု(phrase)ကို boy ရဲ့နောက်မှာ နေရာချလိုက်ပါမယ်။

A young boy in a blue shirt is crying.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ငိုနေသည် ”ဆိုပြီး ဖြစ်သွားပါမယ်။နောက်..သူငိုနေပုံကို ကြည့်လိုက်ပါဦး။အော်ငိုနေရင် loudly ဆိုတဲ့ ကြိယာဝိသေသန (adverb)ကို cry ဆိုတဲ့ ကြိယာနောက်မှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် အော်ငိုနေသည်။” လို့ ဖြစ်လာပါပြီ။နောက်ပြီး..ဘယ်နေရာမှာ ငိုနေတာလဲဆိုတာ ကြည့်လိုက်ပါဦး။ခုံတန်းရှည်ပေါ်မှာ ငိုနေရင် on the bench ဆိုတဲ့ စကားစုကို ၀ါကျနောက်ဆုံးမှာ ထားကြည့်ပါ။

A young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”ဆိုပြီး ဖြစ်သွားတာကို တွေ့ရပါမယ်။ဒီလို..ငိုနေတာ ဘာ့ကြောင့်လဲ..။အကြောင်းရင်းကို ရှာကြည့်ပါ။သူ့အမေက ရိုက်လို့ဆိုပါတော့.။ Being beaten by his mother ဆိုတဲ့ စကားစုကို ၀ါကျရှေ့ဆုံးမှာ ထားကြည့်ပါဦး။

Being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေသည်။”အင်္ဂလိပ်စာဝါကျလည်း တော်တော်ရှည်လာပါပြီ။ ဘယ်အချိန်ငိုနေတာလဲ..ကြည့်လိုက်ပါ။မနက်အစောကြီး..ဆိုပါစို့။

Early in the morning,being beaten by his mother,a young boy in a blue shirt is crying loudly on a bench.

“မနက်အစောကြီး အပြာရောင်ရှပ်အင်္ကျီနဲ့ လူငယ်လေးတစ်ယောက် သူ့အမေက ရိုက်လို့ ခုံတန်းရှည်ပေါ်မှာ အော်ငိုနေလေရဲ့။” ဆိုပြီး ဖြစ်သွားပါပြီ။ အခုလို စကားလုံးတွေကို အခြေခံဝါကျ Subject+Verb ပုံစံဖြစ်တဲ့ A boy is crying.မှာ လိုချင်တဲ့ အဓိပွါယ်အတိုင်း စကားလုံးတွေကို နေရာချလိုက်တာ အားကောင်းတဲ့ ၀ါကျတစ်ကြောင်း (Powerful sentence) ကို ရရှိသွားပါပြီ။အခြားအခြေခံဝါကျပုံစံတွေကို လည်း ဒီနည်းအတိုင်း စကားလုံးတွေ ထည့်ပေး ရမှာပါ။ဒီလို ..စကားလုံးတွေ နေရာချတာကိုပဲ ကိုယ်ပိုင်ဝါကျ တည်ဆောက်တယ် လို့ ခေါ်ပါတယ်။တစ်နည်းအားဖြင့် ဒီလို စကားလုံးတွေကို နာမ်နေရာ နာမ်၊ကြိယာဝိသေသန နေရာ...ကြိယာဝိသေသန၊ စကားစုနေရာ စကားစု စသဖြင့် နေရာချတတ်တဲ့ စွမ်းရည်ကိုပဲ အရေးစွမ်းရည် (Writing Skill)လို့ ခေါ်တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

သရဖီ
http://myawadynews.blogspot.com/2013/09/placing-words-in-sentence-pattern.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...