စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားပေးသော ဒိဗ္ဗစက္ခု


Sunday, September 15, 2013

"အချို့ ဒကာ ဒကာမတွေက ငါ့ကို ဒိဗ္ဗစက္ခုရတယ်လို့ 
အတပ်ပြောနေကြတယ်။ အမှန်က ဘယ်သူဟာ ဘယ်လောက် တရားအားထုတ်လာတယ်၊
ဘယ်လိုကိစ္စမျိုး ဖြစ်ပေါ်လာတယ်ဆိုတာ သမာဓိအားကောင်းရင် သိနိုင်တဲ့ နည်းရှိတယ်။"
(ဓါတ်ခြောက်ပါး သဘောကို ရှင်းပြကာ)
"လက်တစ်ဆုပ်စာရှိတဲ့ နှလုံးသွေးမှာ ဟဒယ၀တ္ထု ရုပ်ဟာမှီနေတယ်၊ အဲဒီ ဟဒယ ၀တ္ထုရုပ်ဟာ မနောဝိညာဏဓါတ်တို့ စိတ် စေတသိသ်တို့ ရဲ့  တည်ရာဋ္ဌာနပဲ။"

"အဲဒီတော့ နှလုံးသွေးဟာ တရားထိုင်ပြီး သမာဓိကောင်းကောင်းနှင့် ရတဲ့အချိန်မယ်
သူ့ အဆင့်အတန်းအလိုက် ကြည်လင်တောက်ပလာတယ်။"

"လူ ရဲ့ အသွေးအရောင်ဟာလဲ ပြောင်းလဲလာတယ်၊
တရားထိုင်နေကျ ပုဂ္ဂိုလ်ချင်းဆိုရင် ကြည့်လိုက်တာနဲ့ 
သူ့ ကိုယ်ကာယက ထွက်လာတဲ့ အရောင်အ၀ါကို မြင်နိုင်တယ်။ ည ဆိုရင် ပိုပြီး ထင်ရှားတယ်။
မင်းတို့ လောကီနယ်ပယ်က ဘာပဲလုပ်လာလာ၊ဘုန်းကြီးတို့ အနေနဲ့ ကတော့ အားလုံးသိတာပဲ"

(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ -ဓမ္မာစရိယဦးဋ္ဌေးလှိုင်ရေးသားသော
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...