စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှုတ်ခမ်းသား ခြောက်သွေ့မှုကို ဖြေရှင်းကြရအောင်




နှုတ်ခမ်းသား ခြောက်သွေ့မှုကို ဖြေရှင်းကြရအောင်ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေ ကြောင့် သင်ရဲ့ လှပမှုတွေ မှေးမှိန်နေ ရပြီလား။
တ်ခမ်းသား ခြောက်သွေ့ရခြင်း အကြောင်းများ
- နေရောင်ခြည်နဲ့ထိတွေ့ခြင်း
- အေးလွန်းခြင်း
- ရာသီဥတုခြောက်သွေ့ခြင်း
- နှုတ်ခမ်းကို လျှာဖြင့် မကြာခဏလျက်ခြင်း
- အာဟာရချို့တဲ့ခြင်း
- ဟော်မုန်းဓာတ်မညီမျှခြင်း - ရေဓာတ်ခန်းခြောက်ခြင်း

(၁) ရှားစောင်းလက်ပပ် အသုံးပြုပါ
နှုတ်ခမ်းသားခြောက်သွေ့မှုမှ ကင်းဝေးပြီး အစို ဓာတ် ထိန်းသိမ်းနိုင်ဖို့ ရှားစောင်းလက်ပပ်ရဲ့ အ တွင်းသားဂျယ်လီကို နှုတ်ခမ်းမှာ သုတ်လိမ်းပေးပါ။

(၂) ဗီတာမင်နှင့် သတ္ထုဓာတ်များ လုံလောက်စွာ စားသုံးပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ် မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ပါက နှုတ်ခမ်း သားခြောက်သွေ့တာ၊ နှုတ်ခမ်းထောင့်တွေ ကွဲပြီး ကျီး ကန်းပါးစပ်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

(၃) Lips balm အသုံးပြုပါ
အိမ်အပြင် မထွက်ခင်တိုင်းမှာ သင့်နှုတ်ခမ်းကို Lips balm ဆိုးပေးဖို့ မမေ့ပါနဲ့။ နေရောင်ခြည် ကာကွယ်ပေးနိုင်တဲ့ Lips balm ကို အသုံးပြုတာက ပိုမိုထိရောက်မှုရှိပါတယ်။

(၄) ရေများများသောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်ပါက နှုတ်ခမ်း သားတွေ ခြောက်သွေ့နေ တတ်ပါတယ်။ ရေများများ သောက်တာက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် နှုတ်ခမ်းသား တွေကိုလည်း စိုပြည်လှပစေပါတယ်။

(၅) အုန်းဆီလိမ်းပါ
ရာသီဥတု ခြောက်သွေ့ပြီး အေးမြနေတဲ့အခါမျိုး မှာ သင့်နှုတ်ခမ်းကို အုန်းဆီသုတ်လိမ်းပေးတာက နှုတ်ခမ်းသား ခြောက်သွေ့ကွဲအက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) နှုတ်ခမ်းကို တံတွေးမဆွတ်ပါနှင့်
နှုတ်ခမ်းကို တံတွေးဆွတ်တာက နှုတ်ခမ်းသား ကို ပိုမိုခြောက်သွေ့စေပါတယ်။ တံတွေးမှာပါတဲ့ အင် ဇိုင်းတွေက နှုတ်ခမ်းသားရဲ့အပေါ်ယံအလွှာကို ချေ ဖျက်လိုက်တာကြောင့် ခြောက်သွေ့မှု ပိုစေတာပါ။

(၇) နှုတ်ခမ်းနီ ရွေးချယ်ဝယ်ယူပါ
တချို့နှုတ်ခမ်းနီ အမျိုးအစားတွေက နှုတ်ခမ်း သားခြောက်သွေ့မှု ပိုဖြစ်စေတာကြောင့် ဝယ်ယူတဲ့ အခါ နှုတ်ခမ်းသားကို လှပစိုပြည်စေတာမျိုးကို ရွေး ချယ် ဝယ်ယူပါ။

(၈) ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက် တာကြောင့် သင့်နှုတ်ခမ်းမှာ ရှိတဲ့ သဘာဝအဆီတွေ ဆုံးရှုံးပြီး နှုတ်ခမ်း သားခြောက် သွေ့မှု ဖြစ်စေပါတယ်။

(၉) ဖျော်ရည်သောက်ပါ
နှုတ်ခမ်းသား ခြောက်သွေ့မှုကို ကာကွယ်ဖို့အ တွက် ရေသောက်ရုံနဲ့ မလုံလောက် သေးပါဘူး။ ဖျော် ရည်သောက်ပေး ဖို့လည်း လိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို မွှေစက်ထဲထည့် ဖျော်ပြီး သဘာဝ အချိုအရသာ အတိုင်း သောက်ပါ။

(၁၀) ထောပတ်အသုံးပြုပါ
နှုတ်ခမ်းသားတွေ ခြောက်သွေ့ ကွဲအက်လွန်း နေရင် ထောပတ်ကို နှုတ်ခမ်းသားမှာ သုတ်လိမ်းပေး တာက နှုတ်ခမ်းသားကို နူးညံ့ပျော့ပျောင်း စေပါတယ်။

နှုတ်ခမ်းသား ကြေးချွတ်နည်းများ
- သွားပွတ်တံနုနု တစ်ချောင်းကို ယူပြီး ဆားမပါတဲ့ ထောပတ်အနည်းငယ် ကော်ယူကာ နှုတ်ခမ်းသားကို ညင်သာစွာ ပွတ်ပါ။ ဆဲလ်သေတွေကို ဖယ်ရှား ရှင်း လင်းနိုင်ပါတယ်။
- သန့်စင်စွာ လျှော်ဖွပ်ထားတဲ့ တဘက် တစ်ထည် ရဲ့ ထောင့်နားကို ရေနွေးနွေးထဲ ခဏနှစ်ပြီး နှုတ် ခမ်းသားကို ဦးတည်ရာ တစ်ဖက်တည်း ပွတ်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

BY GOOD HEALTH

http://myawadynews.blogspot.com/2013/09/blog-post_8705.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...