စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ




ယောကျာ်း ပီသတဲ့ပုံစံမျိုးနဲ့စမတ်ကျကြည့်ကောင်းစေဖို့ရာအတွက် လိုးရှင်းတွေ၊ အစိုဓာတ် ထိန်းခရင်မ်တွေ အသင့်အတင့် သုံးဖို့ လိုတာမှန်ပေမယ့်စားသောက်တဲ့ အစားအသောက်တွေ ကလည်း အရေးပါနေပါတယ်။ဒါကြောင့်သင့်ကိုအခုထက်ပိုပြီး စမတ်ကျကြည့်ကောင်းနေစေဖို့အောက်ပါရိုးစင်းတဲ့ အစားအသောက် ဆိုင်ရာ စည်းကမ်းကို သတိရလိုက်ပါ။



ထိပ်ပြောင်ခြင်း ကင်းဝေးစေရန် ဥအမျိုးမျိုး စားပါ


ထိပ်ပြောင်တာက မျိုးရိုး လိုက်နိုင်ခြေများပေ မယ့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာတွေကို စားတာနဲ့လည်းဆက်နွှယ်မှုရှိပါတယ်။အာဟာရဓာတ် ချို့တဲ့တာကဆံပင်ကျွတ်နှုန်းများတာကြောင့်သင့်ဆံကေသာ ကျန်းမာရေးအတွက်ဥအမျိုးမျိုးကိုစားပေးသင့်ပါတယ်။ ဥအမျိုးမျိုးမှာပါတဲ့သံဓာတ်နဲ့ပရိုတင်းဓာတ်ဟာ ဆံပင်မကျွတ်အောင်ကာကွယ်ပေးပြီးဗီတာမင်ဘီက စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပံ့ပိုးပေးနိုင် ပါတယ်။


မျက်စိနီခြင်း သက်သာစေရန် ဟင်းနုနယ်ရွက် စားပါ


တစ်နေ့လုံးကွန်ပျူတာအသုံးများတာ၊တီဗီကြည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိမှာဒဏ်သက်ရောက်မှုကိုလျော့ကျစေဖို့အစိမ်းရောင် ဟင်းသီးဟင်းရွက် အထူးသဖြင့် ဟင်းနုနယ်ရွက်ကို စားပေးပါ။ ဟင်းနု နယ်ရွက်မှာ မျက်စိကို အကာအကွယ်ပေးတဲ့ ကာရို တီးနွိုက်၊လူတင်နဲ့ဇီဇန်သင်းတို့ပါဝင်တာကြောင့် မျက်သားကြည်လင်စေပါတယ်။ မျက်စိကျန်းမာစေ ဖို့ရာအတွက် တစ်ပတ်မှာ နည်းဆုံး သုံးကြိမ် စား ပေးပါ။


နှာခေါင်းနီခြင်းသက်သာစေရန် ဘလူးဘယ်ရီးသီး ဖျော်ရည်သောက်ပါ


အရက်အလွန်အမင်းသောက်တာကြောင့် နှာခေါင်းနီမြန်းနေတတ်ပါတယ်။ နှာခေါင်းနီမြန်းမှု သက်သာစေဖို့ ဘလူးဘယ်ရီသီးကို စားပေးပါ။ ဘိုင် အိုဖလေ ဗိုးနွိုက်များစွာပါဝင်တဲ့ ဘလူးဘယ်ရီသီး ဖျော်ရည်ကို
သောက်တာကြောင့်သွေးကြောကိုကျယ်စေပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ဘလူး ဘယ်ရီသီး ဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။


အရေးအကြောင်း ဖြစ်ခြင်း လျော့ကျစေရန် မာလကာသီးစားပါ


အမျိုးသားတွေမှာအရေးကြောင်းဖြစ်မှုလျော့ကျစေဖို့ ဗီတာမင်စီများများစားပေးသင့်ပါတယ်။ဗီတာမင်စီပါတဲ့ မာလကာသီးကိုစားတာကြောင့်အရေးကြောင်းကို တွန်းလှန်နိုင်ခြေ ရှိပါ တယ်။ မာလကာသီးဟာ လိမ္မော်သီးထက် ဗီတာ မင်စီပါဝင်မှု ငါးဆရှိပြီး မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်လ်ကို တွန်းလှန်နိုင်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ကာ အရွယ်မတိုင်ခင် အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ မာလကာ သီးကို တစ်ပတ်မှာ သုံးကြိမ်ခန့် စားပေးသင့်ပါတယ်။


လေထုညစ်ညမ်းမှု လျော့ကျစေရန် ထောပတ်သီး စားပါ


လေထုညစ်ညမ်းတဲ့ ဒဏ်ခံရရင် အရေပြားမှာ ဗီတာမင်အီး ကင်းစင်သွားပါတယ်။ဗီတာမင်အီးဟာ အသားအရေကိုချောမွေ့နူးညံ့ကာပျော့ပျောင်းစေပါတယ်။ ဗီတာမင်အီး
ပါဝင်မှုများတဲ့ထောပတ်သီးကိုစားတာကြောင့်အသားအရေ ကျန်းမာလှပအောင်ပြုပြင်နိုင်စွမ်းရှိပါတယ်။ထောပတ်သီး မှာကောင်းတဲ့အဆီဓာတ် ပါဝင်မှု မြင့်မားတာ ကြောင့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်စားပေး သင့်ပါတယ်။


ကေအမ်
Good Health

https://www.facebook.com/photo.php?fbid=473360496096520&set=a.42004541809469

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...