စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသားနှင့်အဆီ စားသုံးမှု များခြင်းသည် အသည်း ကျန်းမာရေးကို ထိခိုက်နိုင်



ယနေ့အချိန်တွင် အသည်း မကောင်းခြင်းကြောင့် ဖြစ်ပွားသော ရောဂါများသည် ကမ္ဘာတစ်ဝန်းတွင် များပြားနေပြီး အဓိက အရေးပါသော ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်လာသည့် အတွက် အသည်း ကျန်းမာရေးကို ထိခိုက်နိုင်သည့် အသားနှင့်အဆီ စားသုံးမှုများခြင်း ကိုလည်း သတိပြု ရှောင်ရှားကြရန် လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပညာပေး စာစောင်၌ ဖော်ပြထားသည်။

အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက် များကို ဖယ်ရှား ပေးရသည့် အလုပ်ကို လုပ်နေရပြီး ကိုယ်ခန္ဓာ အတွင်းရှိ ဗိုင်းရပ်စ်ပိုး များကိုလည်း တိုက်ခိုက်ရသည့် အတွက် အသည်းမကောင်းခြင်းကို ဖြစ်စေသော အစားအသောက်များ ဖြစ်သည့် အရက် အလွန်အကျွံ သောက်သုံးခြင်း၊ အသားနှင့်အဆီ စားသုံးမှု များခြင်း တို့ကို ရှောင်ကြဉ်ရန် လိုသည်။

လူတို့နေ့စဉ် စားသုံးသည့် အစားအသောက်များမှ အဆီများကို ချေဖျက် သည့် တာဝန်ကို ယူထားရသော အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင် သည်ဟု ဆိုသော်လည်း ၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသော ည ၁၁ နာရီနှင့် နံနက်စောစော ၃ နာရီကြားတွင် အစာစားခြင်းနှင့် အိပ်ရာဝင် နောက်ကျခြင်းကြောင့် အသည်း မကောင်းခြင်းကို ဖြစ်စေနိုင်သည်။ ဥပမာ- ည ၁၁ နာရီ နောက်ပိုင်း အိပ်ခြင်း၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည်ဟု ဆိုသည်။

''မအိပ်ခင် နှစ်နာရီအတွင်း အသားနှင့် အဆီတွေ စားသုံးခြင်းဟာလည်း စားသုံးထားတဲ့ အဆီများကို ချေဖျက် နေရသည့် အသည်းအတွက် နားချိန်မရဘဲ အလုပ်လုပ် နေရတာဖြစ်လို့ အသည်း အားနည်းပြီး ပျက်စီးမှုကို အားပေးရာ ရောက်ပါတယ်။ များသောအားဖြင့် တရုတ်လူမျိုး ၉ဝ ရာခိုင်နှုန်းဟာ အသားနဲ့အဆီ စားသုံးမှု များခြင်းကြောင့် အသည်း မကောင်းတာ များတာဟာ ဥပမာ တစ်ခုပါပဲ။ တကယ်လို့ ညအိပ်ချိန် ဗိုက်ဆာရင်တော့ အသီးအနှံများကို စားသုံးခြင်းဖြင့် အသည်းက အစာချေဖျက်မှုကို ကုစား ပေးနိုင်ပါတယ်''ဟု အသည်း ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ


https://www.facebook.com/photo.php?fbid=470672613031975&set=a.420045418094695.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...