ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက်တော်တော်ပညာ
ကိုရင်တစ်ပါးဆီ သူမင်းသားရောက်လာတယ်။
ရောက်လာတော့ ကိုရင်ကြီးကို မေးတယ်။
"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"
"ဟုတ်တယ်"
"ဒါဖြင့် ကျုပ်ကို နည်းနည်း ပြောပေးစမ်းပါ"
"ဟင် - အသင့်ကို ပြောရမှာဖြင့် ကျုပ်ကသိပ်ပြီးတော့လဲဝေဝေဆာ
" ကောင်းပါပြီ၊ စောဒက မတက်ပါဘူး"
"ပြီးတော့ ဘာရယ် ညာရယ် မပြောပါနဲ့၊"
"မပြောပါဘူးလေ၊ ကဲ - ပြောစမ်းပါဦး"
ဒါနဲ့ သမာဓိရတဲ့ လမ်းစဉ်၊ ဈာန်သမာပတ်ရတဲ့ လမ်းစဉ်တွေပြောပြီးတော့ ဇယသေန မင်းသားက သူများကိုလဲပဲ ငဲ့ညှာတာ မဟုတ်တော့၊ ဘယ်တော့မှ မဖြစ်နိုင်ဘူးကိုရင်၊ မဟုတ်တာချည်းပဲ ဖြစ်မှာပဲဆိုပြီးတော့တစ်ခါတ
သွားရော။ ကိုရင်ခမျာ စောစောကသဘောမကျလို့ရှိရင်ဘာ
ရုံတင် မကဘူး၊ အပြစ်ပြောပြီးတော့ ပြန်သွားတယ်။ ဒါနဲ့ မြတ်စွာဘုရားဆီ ကိုရင်
က သွားပြီးတော့ လျှောက်တော့ ဒီမင်းသားက လောကီအာရုံ ကာမဂုဏ်ထဲမှာပဲ စိတ်ကနေတာ၊ လောကီအာရုံ ကာမဂုဏ်ထဲမှာနေတဲ့စိတ်က လောကီအာရုံ ကာမဂုဏ်တွေထဲကခွဲခွါပြီးတော
ရာတွေကို သူဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ အကြောင်းအရာတွေ
ကိုသူ ဘယ်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ သူ့နေရာနဲ့သူရောက်မှ သဘောပေါက်တော့မှာပေါ့လို့ အဲဒီလို ဘုရားရှင်ကိုယ်တော်မြတ်က ဟောပြပြီး ဥပမာတစ်ခု အမိန့်ရှိတယ်။
"သူငယ်ချင်း နှစ်ယောက် မြို့ထဲက ထွက်ပြီးတော့ တောထဲ လည်ကြတယ်၊ တောထဲ လည်ရာက တောင်ကြီးတစ်ခု တွေတော့သူငယ်ချင်းတစ်ယောက်က
သူငယ်ချင်းတစ်ယောက်ကတော့ တောင်ပေါ်တက်ပြီး တော်တော်လေးရောက်တော့
အောက်လှမ်းကြည့်လိုက်တဲ့အခါ
ဒါနဲ့ အောက်ဆင်းပြီး ပြေးလာပြီးတော့လာလာဆိုပြီးအ
တောင်ပေါ် တက်တယ်။ ခုနက သူမြင်တဲ့ နေရာက နေပြီးတော့ ကဲ-ကြည့်စမ်း အနောက်ကြည့်လိုက်စမ်း၊ အေး-ဟုတ်တယ်ဟေ့၊ မြို့ကြီး သိပ်သာယာပါကလား၊ ဟို တောင်ဘက် ကြည့်လိုက်စမ်း အား-ဟုတ်တယ်၊ ရေတွေ၊ တစ်ခါတည်း မြစ်တွေ ချောင်းတွေ သိပ်ကြည့်လို့လှတာပဲ၊ ဘယ့်နှယ်ကြောင့် သာယာတယ်လေး ဘာလေး ဖြစ်ကုန်တုန်း၊ ခုနက ငါက ဒီနေရာကိုရောက်မှ မရောက်ဘဲကိုကွာ၊ ဒီနေရာကို မရောက်တော့ ငါကငြင်းမိတာပေါ့။"
အဲသလိုပဲတဲ့၊ ဒီတရားနဲ့ တန်တဲ့နေရာရောက်လို့ ဒီတရားကိုသိနိုင် မြင်နိုင်လောက်တဲ့ အကျင့်ကို ကျင့်လို့ရှိရင် ဒီတရားသိတာမြင်တာပဲ။ ဒီတရားနဲ့မတန်သေးခင်တုန်းကေ
သေသေချာချာ ယုံတာပဲ၊ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က နိဗ္ဗာန်ကို သိနိုင် မြင်နိုင်လောက်အောင် နိဗ္ဗာန်နဲ့ထိုက်တန်အောင်ကျင
အရှင်ဇနကာဘိဝံသ
https://www.facebook.com/photo.php?fbid=553332451392803&set=a.13189746353630
No comments:
Post a Comment