စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖုန်းရှိရုံဖြင့် လုပ်နိုင်သော စီးပွားရေးများ




အောင်ခမ်း (TSJ team)

ဖုန်းရှိရုံနဲ့ လုပ်နိုင်တဲ့ စီးပွားရေးများ ဆိုပြီး ဆောင်းပါး ဖတ်မိတော့ မြန်မာပြည်မှာလည်း ဖြစ်နိုင်တာလေးတွေ တွေ့ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း လုပ်ရင်ဖြစ်နိုင်တဲ့ ဖုန်းအခြေခံ (မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်း) စီးပွားရေး လုပ်ငန်းများကို ဖော်ပြလိုက်ရ ပါတယ်။ ( အတည်ကော၊ နောက်တာကော ပါပါတယ်)


၁။ ဖုန်းမေး ဗေဒင်

ဖုန်းမေး ဗေဒင်က လုပ်တောင်လုပ်နေကြတယ်ကွယ်။ ပြောနေစရာတောင် မလိုဘူး။ ဖုန်းမေးဗေဒင် လုပ်ကြပြီး ငွေချေဖို့ အတွက်ကျတော့ အိမ်အရောက် လိုက်ကောက်တာမျိုး လုပ်သတဲ့။ ဗေဒင်မဟောတတ်ပဲတော့ လက် ကမျဉ်းဖို့ မကြိုးစားနဲ့လေ။ စာအုပ်လေးဘာလေးဖတ်၊ သေ ချာ လေ့လာပြီး ဗေဒင် တကယ်ဟောတတ်သူ အတွက် ကတော့ အဆင်ပြေ နိုင်ပါတယ်လေ။


၂။ ခရီးသွား လမ်းညွှန်

တိုးရစ်စ်ဂိုက် လုပ်ဖို့က တိုးရစ်ဂိုင် လိုင်စင်ရှိဖို့လိုအပ်တာတော့ အမှန်ပါပဲလေ။ ဒီတော့ လုပ်ချင်သပဆိုရင် ပြည်တွင်းက လူအချင်းချင်းပဲ ဂိုက်လုပ်လေ။ ဥပမာ ကိုယ်နေတာက လူအရောက်နည်းတဲ့ မြို့ ငယ်မှာဆိုရင် ဘယ်သူပဲ လာလည်လည် နေရာစုံအရောက် ပို့ပေးမယ့် ဘာညာနဲ့ Facebook မှာတင်၊ Blog မှာတင်ပေါ့။ ဒါဆို ရန်ကုန်မှာကျ ဘယ်လိုလုပ်ရမလဲတဲ့။ ရန်ကုန်မြို့  တစ်ပတ်အလည်ခရီးတွေ ဘာတွေလုပ်ချင်လုပ်ပေါ့။


၃။ မိုဘိုင်း စာရေးဆရာ

ဒါကတော့ အတည်ပါ မိုဘိုင်းဖုန်းနဲ့ စာရေးတဲ့ Mobile Writer တွေ အင်မတန် များလာပါပြီ။ အထူးသဖြင့် ဂျပန်မှာပါ။ ရထားစီးပြီးကုန်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းနဲ့ စာတွေ ရေးပြီး blog မှာတင်တယ်။ WordPress မှာတင်တယ်။ နောက်တော့ အရမ်းများလာတဲ့အခါကျ စာအုပ်တွေဘာတွေ ဖမ်းထုတ်ပစ်တာ Cellphone novels ဆိုပြီးတော့တောင် ဂျပန်မှာနာမည်ကြီးသွားသေးတယ်။ အဲဒါလည်း မြန်မာပြည်မှာ ရနိုင်ပါတယ်။ ဘတ်စ်ကား တိုးစီးတုန်း မရေးနိုင်ရင် အားအားနေတဲ့အခါက ရေးကြည့်ပေါ့။


၎။ ဓာတ်ပုံဆရာ၊ ဗီဒိယိုဆရာ


ကင်မရာဆရာလည်း ဖြစ်နိုင်ပါတယ်။ ဒါလည်း အတည်ပါ။ နိုင်ငံတကာမှာ ဆိုလည်း မိုဘိုင်းဖုန်းနဲ့ပဲ Documention တွေရိုက်၊ Real Life အကြောင်းတွေရိုက်၊ အလွဲတွေကို ရိုက်ရင်း တကယ် အောင်မြင်နေကြ တယ်။ ဆီးရီးယားလို ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာဆိုရင် တိုက်ပွဲ ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ပြီး နိုင်ငံတကာ သတင်း ဌာနတွေကို ပြန်ရောင်းစားတယ်။ ဒီတော့ ရှာကြည့်ပေါ့နော်။ ရောင်းစားလို့ရမယ့် ဗီဒိယိုလေးရအောင်။ မရောင်းချင်လဲ ကိုယ်ပိုင် Blog မှာတင်တာမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်တာမျိုးတို့တောင် လုပ်နိုင်ပါသေးတယ်။


၅။ မိုဘိုင်း အကြံပေး

အဲဒါက မြန်မာပြည်မှာ လုပ်လို့ ဖြစ်မဖြစ်တော့ မပြောတတ်ဘူး။ လောလော ဆယ် Call Center မှာတော့ စီးပွားရေး အကြံပေးဆိုပြီး Private လိုင်းတွေ ခွဲထားပေးတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ကိုယ့်ဆီမှာ သာမန် လူတွေ ထက် ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေ၊ အိုင်ဒီယာတွေ ရှိနေမယ်ဆိုရင် စီးပွားရေး အကြံပေး၊ ဘဝ အကြံပေး၊ ပညာရေး အကြံပေး အစရှိသဖြင့်တို့ကို ဖုန်းကတစ်ဆင့်တောင် လုပ်နိုင်ပါတယ်။ ပြီးမှ ပိုက်ဆံကို အိမ်အရောက်သွားယူပေါ့လေ။ မဟုတ်လည်း အပြင်မှာ ချိန်းပြီး ဆရာကြီး လုပ်ပေါ့။ အပြောကောင်းရင် ကိုယ့်ကိုတောင် သူဌေးတွေက ရာထူးကောင်းကောင်းနဲ့ ခန့်ကောင်းခန့်ပါလိ့မ်မယ်။ ကိုယ့်ဆီမှာ လုံလောက်တဲ့ Background မရှိရင်တော့ အစွဲစား ခံရမှာပဲလေ။


၆။ နည်းပညာ ရှင်

ကွန်ပြူတာလေးဖွင့်မရလို့ သို့မဟုတ်လည်း Facebook အကောင့်ဖွင့်မရလို့ ခက်နေသလား ဒီဖုန်းကို ဆက်လိုက်ပါ ဘာညာနဲ့ Post လေးတွေတင်ပြီး Customer ခေါ်ကြည့်လေ။ ကျနော်ဆို သူငယ်ချင်းတွေ ဖုန်း ခဏခဏ ဆက်မေးလို့ Facebook, Blog , G Talkဆိုင်ရာ ပြဿနာတွေကို ဖုန်းကနေ ဖြေရှင်းပေးနေရတယ်။ သူတို့ကလည်း နောက်မသိတဲ့ အပေါင်းအပါတွေကို တစ်ဆင့်ပြီးတစ်ဆင့်ပေးရင် ကိုယ့်မှာဖုန်းဖြေတာ နဲ့တင် နေ့တစ်ပိုင်းကုန်မယ့်အထိ ရောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲဒါနဲ့ စီးပွားလုပ်ဖို့ အတွေး မပေါ်ဖူးဘူး။ ဒါလေး ကုသိုလ်ရပါတယ်လေ ဆိုတဲ့ စိတ်လေးနဲ့ပဲ ကူညီပေးတော့ လူချစ်လူခင်ပေါတာပေါ့။ (အဓိက ကတော့ ပိုက်ဆံချေးလို့ကောင်းတာပေါ့ဗျာ. ဟဲဟဲ) အဲတော့ အခုလို ဖုန်းနဲ့ဖြေရတာ ကိုမှ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ပြီး စီးပွားရှာမယ်ဆိုလည်း သဘော ပဲလေ။ လုပ်ကြည့်ပေါ့။ ဖုန်းဖြင့် ဖြေကြား Gtalk အကောင့်၊ Facebook အကောင့် တစ်ခါတည်း ဖွင့်ပေးသည်။ ၂ ခုပေါင်း ၃ ထောင်ကျပ်၊ ၆ စုံဖွင့် ၁ စုံ ဖရီး၊ ၁ စုံ ဖရီး ၂ စုံ လက်ကီး ဒရော စမ်းကြည့်လေနော်၊ လေတော့ ကုန်မယ်။


၇။ မိုဘိုင်းဖုန်း ပွဲစား

ငါးကျင်းဆီနဲ့ ငါးကျင်းပြန်ကြော်ရမယ်လေ။ စမတ်ဖုန်း အဟောင်းနဲ့ အသစ်လဲမလား၊ ဘာကိုင်ချင်လဲ။ သူငယ်ချင်း တစ်ယောက်က S3 ကိုင်ပြီး iPhone 4 ကိုချင်တယ်။ iPhone 4 သမားက S3 ကိုင်ချင်တယ်။ သူတို့ ၂ ယောက်ကို ခေါင်းချင်းတေ့ပေးလိုက်တာ ဒိုးနတ်တော့ အလကား စားလိုက်ရတယ်။ အဲဒါလည်း စီးပွားရေး လုပ်ကြည့်လေနော်။ နံပါတ်လှလှ ဖုန်းနံပါတ်များ ရှိသည်။ အမည်ပေါက်ဘယ်လောက်၊ မိုဘိုင်းအဟောင်း ရှိသည် ဘယ်လောက်ဈေး အရှိသဖြင့် ဘော်ဒါတွေမှာ သတင်းဖြန့်ကြည့်ပေါ့ ရနိုင်ပါတယ်။


၈။ မိုဘိုင်းဖုန်း အောင်သွယ်

ကိုယ့်ဆီမှာ အလွတ် ဖီးမေးလ်နဲ့ မေးလ် မိတ်ဆွေတွေ ရှိတယ်ဆိုရင် သွေး တိုးစမ်းကြည့်လေ။ ဒီနံပါတ်ပေးမယ် ဆက်ကြည့် ဘာညာနဲ့ တည့်ပေးလိုက် ရင် ဖူးစာ ပါရင်တော့ စုံမယ်လေ။ အောင်သွယ်ခ ကို မင်္ဂလာဦးညကျ တံခါးရှေ့ အိပ်ပြီးတောင်းပေါ့။ နောက်တာပါလေ။ အဲဒါလည်း လုပ်ကြည့်ရင် ရနိုင်ပါတယ်။

ပြောတာသာ ပြေတာ။ နိုင်ငံခြားမှာကျ ဖုန်းကတစ်ဆင့်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ငွေပို့စနစ်နဲ့ ပို့လိုက်ဘာညာနဲ့ အဆင်ကိုပြေလို့။ မြန်မာပြည်မှာကျ အနီးစပ်ဆုံးဆိုရင် ဘဏ်အကောင့် နံပါတ် ဘယ်ကို ထည့်ပေးပါပဲ ရအုံးမယ်ထင်ပါတယ်။ အဲဒါလည်း သေချာ သိဘူးပဲ။ ဒီတော့ ဟိုက တစ်ခုခု စမေးလိုက်ပြီဆိုရင် ညီလေးရေ အကို့ဆီကို ပိုက်ဆံအရင်ရောက်အောင် ပို့ကွာ လို့ပြောပေါ့။ မရလည်း အိမ်လိပ် စာတောင်းပြီး အရောက် တောင်းပေါ့လေ။ Call Centre ကျ မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး Mobile Bill ကနေ ဖြတ်ယူတယ်။

ကိုယ်ကတော့ ဖုန်းတစ်လုံးနဲ့ တစ်ပိုင်တစ်နိုင်လုပ်တာလေ။ ငွေကို ဘယ်လို တောင်းရင်ကောင်းမလဲ စဉ်းစားကြည့်ပေါ့။ ဖုန်းငွေချေကဒ် ခဲချစ်ပြီး နံပါတ်ပို့ခိုင်းရင်ကော ကောင်းဘူးလားလို့ စဉ်းစားမိသေးတယ်။ သို့ပေမယ့် ပို့လည်းပြီးရော ဦးသူယူဆိုပြီး သွင်းလိုက်မှ ဂိနေမယ်။ ဘယ်လို ပဲ ဖြစ်ဖြစ်လေ။ မိုဘိုင်းဖုန်းက စတင်လို့ Real World မှာအထိ Business ကို Expand လုပ်သွား နိုင်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ စီးပွားလုပ်ချင်သူများကို လုပ်ချင်စိတ်ပျောက် သွားအောင်၊ အဲလေ တစ်ဖွားဖွား ပေါ်လာအောင် ရေ လာမြောင်းပေး လုပ်လိုက် ရပါတယ်။

https://www.facebook.com/photo.php?fbid=468748533222983&set=a.3510477149

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...